အမျိုးသမီး အများစုအတွက်တော့ ဝမ်းဗိုက်ကနေ ခွဲစိတ်မှု နောက်ပိုင်းမှာ ပြန်လည် နာလန်ထူနိုင်ဖို့ ၆ ပတ်လောက် ကြာနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ –
- ကောင်းကောင်း အနားယူပါ။
- ခွဲစိတ်ပြီးနောက်ပိုင်း ၆ ပတ် အတွင်း အလေးအပင် မ မပါနဲ့။
- လူက လှုပ်လှုပ်ရှားရှား နေပါ။ သို့သော် ပထမ ၆ ပတ်အတွင်း အားစိုက်ရတဲ့၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။
- လိင်မှုကိစ္စအတွက် ၆ ပတ် ကျော်တဲ့အထိ စောင့်ပေးပါ။
- ပုံမှန်လုပ်နေကျ အလုပ်တွေ ပြန်မစခင် ဆရာဝန် ညွှန်ကြားချက်တွေ အတိုင်း လိုက်နာနေထိုင်ပါ။
သားအိမ် ထုတ်ပြီးပြီဆိုရင်
သားအိမ် ထုတ်ခွဲစိတ်မှု ပြုလုပ်လိုက်ပြီဆိုရင် ပြောင်းလဲသွားမယ့် အရာတွေ ရှိပါတယ် –
- ရာသီမလာတော့ဘူး၊ ကိုယ်ဝန်ဆောင်လို့ မရတော့ဘူးဆိုတာ သိထားပြီးသား ဖြစ်မှာပါ၊
- ကိုယ်က သွေးမဆုံးသေးတဲ့ အရွယ်ဖြစ်မယ်။ သားအိမ်နဲ့အတူ သားဥအိမ်တွေကို ဖယ်ရှားလိုက်ရမယ်ဆိုရင် သွေးဆုံးသွားပြီ ဖြစ်ပါတယ်။
- သွေးမဆုံးခင်မှာ သားအိမ် ထုတ်လိုက်ရပြီး သားဥအိမ်တွေကို မထုတ်ခဲ့ဘူးဆိုရင် သွေးဆုံးမယ့် ပုံမှန် အသက်အရွယ်ထက် စောပြီး သွေးဆုံးခြင်းကို ခံစားရနိုင်ပါတယ်။
- Partial hysterectomy ခွဲစိတ်မှုကို ခံယူထားပြီး သားအိမ်ခေါင်းက နဂိုအတိုင်း ကျန်ရှိနေတယ်ဆိုရင် သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။ သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးမှုကို ပုံမှန် ပြုလုပ်သင့်ပါတယ်။
- သားအိမ် ထုတ်ပြီး နောက်ပိုင်းမှာ လိင်မှုကိစ္စ ပုံမှန် ပြန်ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် စစချင်းမှာ အနည်းငယ် ကသိကအောက် ဖြစ်နိုင်ပါတယ်။
သားအိမ် ထုတ်လိုက်ပြီး နောက်ပိုင်း ကိုယ့်မှာ ဆုံးရှုံးမှုကြီး ဖြစ်သွားသလို စိတ်ဓာတ်ကျတာ၊ ပူပန်တာတွေ ဖိစီးနေဖို့ မလိုပါဘူး။ ကျန်းမာအောင် နေထိုင်စားသောက်ပြီး ပုံမှန်အတိုင်း ဆက်လက် နေထိုင်သွားလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။