ဒါဖြင့် မိန်းမကိုယ်ကို သန့်ရှင်းအောင် ဘယ်လိုထားမလဲ။
အပေါ်မှာ ပြောခဲ့သလို မိန်းမကိုယ်ဟာ သူ့ဘာသာ သန့်ရှင်းနိုင်ပါတယ်။ မိန်းမကိုယ်က ထွက်တဲ့ အချွဲတွေက ပြင်ပကလာတဲ့ ပိုးမွှားတွေနဲ့ မှိုတွေကို ရှင်းထုတ်ပစ်ပြီး ဆဲလ်သစ်တွေနဲ့ microorganisms တွေ ပါဝင်ခြင်းက မိန်းမကိုယ်ရဲ့ pH မျှခြေကို ညီစေပါတယ်။
မိန်းမကိုယ်မှန်ရင် သဘာဝအနံ့ ရှိတာ ပုံမှန်ပဲမို့ ဒီအနံ့ကို ပျောက်စေဖို့၊ အနံ့မွှေးဖို့ ရေမွှေးတွေ၊ အနံ့ပါတဲ့ ဆပ်ပြာတွေ မလိုပါဘူး။ ဒါတွေက မိန်းမကိုယ် ကျန်းမာရေးကို တကယ်ပဲ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားမှု မရှိမချင်း ရိုးရိုးရေနဲ့သာ သန့်စင်ပေးနိုင်ပါတယ်။ ဆေးကြောတဲ့အခါမှာလည်း အတွင်းထဲထိ နှိုက်ဆေးစရာ မလိုအပ်ဘဲ မိန်းမကိုယ်နှုတ်ခမ်းသား နဲ့ ပြင်ပ နေရာတွေကိုသာ ဆေးကြောပေးရင် လုံလောက်ပါပြီ။ မိန်းမကိုယ်ကို အတွင်းထဲထိ သန့်စင်ဖို့ဆိုတဲ့ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲဖို့လည်း မလိုအပ်ပါဘူး။
အဲဒီလို အထဲထိ ဆေးတာက ကောင်းတဲ့ ဘက်တီးရီးယားတွေ၊ မှိုတွေကို ဖယ်ရှားပစ်သလို ဖြစ်စေတာမို့ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ အတွင်းသား နုနုထဲကို ဘာမှန်းမသိတဲ့ ဆေးတွေ ထည့်တာမျိုးလည်း မလုပ်သင့်ပါဘူးနော်။
ရာသီလာနေချိန်မှာလည်း အထူးတလည် ဆပ်ပြာတွေသုံးပြီး ဆေးတာမျိုး မလုပ်ပါနဲ့။ ရေနဲ့ပဲ လုံလောက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။