backup og meta

ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။

    ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။ ဓမ္မတာလာတဲ့ အချိန်ရောက်ပြီဆို ကိုယ့်ထဘီ၊ စကပ်၊ ဘောင်းဘီမှာ ပေများနေမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မိန်းကလေးတိုင်းမှာ ကြီးစိုးနေတတ်ပါတယ်။ ဒီအချိန်တွေမှာဆို ကိုယ်နဲ့ သင့်တော်တဲ့ လစဉ်သုံး ပစ္စည်းကို ရွေးသုံးဖြစ်ဖို့ဆိုတာ သိပ်ကို အရေးကြီးတဲ့အရာတစ်ခုပါ။ ဒါကြောင့် ဒီနေ့မှာ ပျိုမေတို့ အသုံးအများဆုံးဖြစ်တဲ့ Tampon ( တမ်ပွန်) နဲ့ Pad( တစ်ခါသုံး လစဉ်သုံးပစ္စည်း) အကြောင်းပြောပြပေးချင်ပါတယ်။ သူတို့ နှစ်ခုမှာ ဘယ်ဟာက ပိုကောင်းလဲ။

    ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။

    ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။ ကိုယ်အတွေး ဘယ်လောက်ထိ မှန်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    Pads ( တစ်ခါသုံး လစဉ်သုံးပစ္စည်း)

    သူကတော့ မြန်မာ မိန်းကလေးတွေ လုံးဝကို မစိမ်းတဲ့ အရာတစ်ခုပါ။ အတောင်ပံ ပါတာနဲ့ မပါတာဆိုပြီး ၂ မျိုးရှိပါတယ်။ သူ့မှာကပ်ခွာပါတာကြောင့် ဘောင်းဘီမှာ ကပ်လိုက်ရုံပါပဲ။ အထဲမှာလည်း ပိုးသတ်သန့်စင်ပြီးသား ဂွမ်းတွေလည်းပါတာကြောင့် စုပ်ယူအားကောင်းပြီး သင့်ကို လုံခြုံစိတ်ချမှု ရရှိစေမှာပါ။

    အားသာချက်

    • သင်ဟာ မိန်းမကိုယ်ထဲမှာ tampon ထည့်ထားတာကို မေ့တတ်တဲ့သူတစ်ယောက်ဆိုရင် Pads ကိုသုံးဖို့ အကြံပြုချင်ပါတယ်။ ကပ်ခွာလေးလည်းပါတာကြောင့် ဘောင်းဘီမှာ ကပ်လိုက်ရုံပါပဲ။
    • ဘောင်းဘီမှာကပ်ထားတာကြော့င့် ပုံစံမှန်နေရာကျနေရင် သင့်အတွင်းခံဘောင်းဘီ စွန်းပေခြင်းတွေ ကင်းဝေးစေပါတယ်။
    • Tampon လိုမျိုး မိန်းမကိုယ် အတွင်းပိုင်းမှာ ထည့်တဲ့ပစ္စည်းကို သုံးကျင့်မရှိတဲ့သူတွေ၊ အတွင်းပိုင်းထဲ မထည့်ချင်တဲ့သူတွေအတွက် pads ကို ရွေးချယ်နိုင်ပါတယ်။ အပြင်ပိုင်းအတွင်းခံမှာ ကပ်ထားလိုက်ရုံပဲလေ။
    • အတွင်းခံ ဘောင်းဘီမှာ ကပ်ထားတာဖြစ်တဲ့အတွက်ကြောင့် pads ကို လဲပေးဖို့ သင်မေ့နေမှာ မဟုတ်ပါဘူး။
    • ရာသီလာစဉ် ညဘက်အိပ်တဲ့အချိန်သုံးဖိုအတွက် sleeping pads တွေသုံးနိုင်ပါတယ်။
    • သူ့ကိုပြန်ပြီး စွန့်ပစ်ဖို့ကလည်း အင်မတန်မှ လွယ်ကူတဲ့အရာပါ။ ဘောင်းဘီမှာကပ်ထားတာလေးကို ခွာလိုက်ရုံပါပဲ။။

    အားနည်းချက်

    • Toxic shock syndrome ရလောက်အောင် မပြင်းထန်ပေမယ့် ၆နာရီတစ်ခါ မလဲပေးလို့ရှိရင် မိန်းမကိုယ်ပိုးဝင်တာကိုလည်း ဖြစ်စေတတ်ပါသေးတယ်။
    • အရည်အသွေးမကောင်းတာတွေ သုံးမိတဲ့အခါ ရာသီသွေးကောင်းကောင်း မစုပ်တာ၊ ကပ်ခွာမကပ်တာတွေ ဖြစ်ပြီး နေရာတစ်ချက်လွဲသွားရင် ရာသီသွေးတွေ စွန်းပေတတ်ပါတယ်။
    • ပြောင်ထဘီတို့၊ ဘောင်းဘီအဖြူတို့ ဝတ်ထားတဲ့အခါမျိုးဆိုရင် pad သုံးထားတဲ့ အရာတွေ ပေါ်နေတတ်ပါတယ်။
    • ပေါင်ပွန်းတာ၊ အမြဲလိုလို အတွင်းခံဝတ်ထားရတဲ့အတွက် သက်သောင့်သက်သာ မရှိတာ ဖြစ်တတ်ပါတယ်။

    Tampon ( တမ်ပွန်)

    ဒါကလည်း  မိန်းကလေးတွေ အသုံးများလာတဲ့ လစဉ်သုံးပစ္စည်းတစ်မျိုးပါ။ ဂွမ်းလိပ်ရှည်ရှည်လေး တစ်ခုဖြစ်ပြီး အရွယ်အစားမျိုးစုံရှိကာ စုပ်ယူအားလည်း ကောင်းတဲ့ လစဉ်သုံးပစ္စည်းတစ်မျိုးပါ။ ရာသီလာချိန်ဆို ဂွမ်းလိပ်လေးကို မိန်းမကိုယ်ထဲ ထည့်ထားလိုက်ရုံပါပဲ။ သက်သောင့်သက်သာ ရှိတဲ့ အပြင် ရာသီလာနေတယ်ဆိုတာကို သတိထားမိမှာတောင် မဟုတ်လောက်အောင် သူက သိုသိပ်ပါတယ်။

    အားသာချက်

    • အရွယ်အစားက သေးတာကြောင့် သုံးရ စွန့်ပစ်ရလွယ်ကူပြီး ကိုယ့် အင်္ကျီ အိတ်ထဲထည့်ထားရင်တောင် ဘယ်သူမှ မသိလောက်အောင် သိုသိပ်ပါတယ်။
    • မိန်းမကိုယ် အတွင်းထဲကို ထည့်ထားတာကြောင့် မိန်းမကိုယ် အပြင်ဘက်ကို သွေးတွေ စီးလာခြင်းမျိုး မရှိတဲ့အတွက် စိုစွတ်ခြင်းကနေလည်း ကင်းဝေးစေပါတယ်။
    • မိန်းမကိုယ်အတွင်းပိုင်းမှာ သိုသိုသိပ်သိပ်ရှိနေတာကြောင့် သင်ဘောင်းဘီ အဖြူရောင်ဝတ်ထားလည်း လစဉ်သုံးပစ္စည်းသုံးထားကြောင်း ပေါ်နေတဲ့ အရာလည်း မရှိသလို သွေးတွေ လျှံကျမှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး။
    • ရာသီလာနေချိန်ဆို မိန်းကလေးအများစုက ရေကူးဖို့ တွန့်နေတတ်ကြပါတယ်။ ကန်ထဲမှာ သွေးတွေ ပျံ့ကုန်မှာ စိုးလို့ပါ။ ဒီအတွက် စိတ်မပူပါနဲ့။ Tampon ရှိပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းမှာတည်းက ရာသီသွေးတွေကို သူကစုပ်ယူလိုက်တာကြောင့် သင်ဘယ်လောက်ရေကူးကူး သွေးတွေ စိမ့်ထွက်လာမှာအတွက် စိုးရိမ်စရာ မရှိတော့ပါဘူး။
    • မိန်းမကိုယ်အတွင်းမှာ သေချာ စနစ်တကျရှိနေတဲ့ tampon ကြောင် သင်ရာသီလာနေတယ်ဆိုတာကိုတောင် သင်မေ့နေမှာပါ။ သူ့ကို ပြန်ထုတ်ချင်ရင်လည်း သူ့မှာပါတဲ့ ချည်ကြိုးလေးကို ဆွဲထုတ်လိုက်ရုံပါပဲ။
    • သေချာသာ ထည့်ထားမယ်ဆိုရင် အတွင်းခံမဝတ်ဘဲ နေလို့ရပါတယ်။ ပေါင်လည်း မပွန်းပါဘူး။

    အားနည်းချက်

    • ထည့်ထားတယ်မှန်း မသိလောက်အောင် သူကသိုသိပ်တာကြောင့် ပြန်ထုတ်ဖို့ မေ့နေပြီး မိန်းမကိုယ်ထဲ ရောဂါပိုးဝင်နိုင်ချေများပါတယ်။
    • Toxic shock syndrome ဆိုတဲ့ မိန်းမကိုယ်ပိုးဝင်ခြင်းဟာ tampon သုံးပြီး ပြန်ထုတ်ဖို့မေ့နေတဲ့သူတွေမှာ အတွေ့ရများပါတယ်။ ဖြစ်ခဲပေမယ့် Toxic shock syndrome က အသက်အန္တရာယ်ရှိပါတယ်။
    • ရွေးချယ်စရာ အရွယ်အစားတွေ မျိုးစုံရှိတာကြောင့် ကိုယ်နဲ့ သင့်တော်တာကို ရွေးချယ်မိဖို့က အစပိုင်းမှာ ခက်ခဲနေတတ်ပါတယ်။
    • မိန်းမကိုယ်ထဲကို ဂွမ်းလိပ်တောင့်ကြီး ထိုးသွင်းဖို့ဆိုတာ အကျင့်မရှိတဲ့သူတွေအတွက် တကယ်ကို ကသိကအောက် ဖြစ်စရာတစ်ခုပါ။

    ကဲ ဒီလိုတွေ ယှဉ်ပြီးသွားတဲ့ သကာလ ဘယ်ဟာက ပိုကောင်းလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် အချိန်ရောက်လာပါပြီ။ Tampon နဲ့ Pad ဘယ်ဟာက ပိုကောင်းသလဲ။ တကယ်တော့ သူတို့ နှစ်ခုလုံးမှာ ကောင်းတဲ့အချက်တွေရော၊ အားနည်းချက်တွေ ရော ကိုယ်စီရှိကြတဲ့အတွက် ဘယ်ဟာက ပိုကောင်းလဲ ပြောဖို့ခက်ပါတယ်။ Tampon သုံးရတာ အဆင်ပြေတဲ့သူလည်း ရှိသလို Pad နဲ့မှ အဆင်ပြေတဲ့သူလည်း ရှိတာကြောင့် ကောင်းတယ်၊ မကောင်းဘူးဆိုတာ သုံတဲ့သူရဲ့ အမြင်ပေါ်မှာပဲ မူတည်တာပါ။

    ရေးသားသူ- Dr Thin Yadanar@ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement