- ဓမ္မတာလာချိန် ကိုက်ခဲတဲ့အခါသောက်တဲ့ အကိုက်အခဲပျောက်ဆေး ။
စတီးရွိုက် မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်တဲ့ aspirin, naproxen, နဲ့ ibuprofen တို့ဟာ ဓမ္မတာကြောင့် ကိုက်ခဲတာတွေကိုလည်း သက်သာစေနိုင်သလို ရာသီသွေးဆင်းတဲ့ ရက်ကိုလည်း တိုစေတတ်ပါတယ်၊၊
ဟော်မုန်းတွေ ထည့်ထားတဲ့ သန္ဓေတားဆေးတွေ ဟာ သင့်ရာသီစက်ဝန်း အပေါ် သက်ရောက်မှု ရှိတာကြောင့် ရာသီသွေး ဆင်းတဲ့ရက်ကို တိုစေတတ်သလို ရာသီစက်ဝန်း တစ်လ နဲ့ တစ်လကိုလည်း မှန်စေတတ်ပါတယ်။
အချုပ်အနေနဲ့ ပြောရရင် ရာသီသွေးဆင်းတဲ့ရက်ကို မြန်မြန် ပြီးအောင် လုပ်တယ်ဆိုတာ သဘာဝနည်း အတိုင်းနဲ့ ဆိုရင် ပြဿနာ မရှိတတ်တဲ့ ကိစ္စတစ်ခုပါ။ အများစုထင်ကြသလို သွေးကျန်တာတွေ၊ ချုပ်တာတွေ ဖြစ်မှာမဟုတ်ပါဘူး။
တကယ်လို့ ကိုယ့်ရဲ့ ရာသီရက်က တစ်ခါလာရင် အရမ်း ကြာတယ်၊ သွေးဆင်းတာလည်း များတယ် ၊ ရာသီကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲနေခဲ့တယ် ဆိုရင်တော့ ဆရာဝန်ဆီ သွားပြီး တိုင်ပင်ကြည့်တာသာ အကောင်းဆုံးပါ။
ကဲ … ရာသီသွေးဆင်းတဲ့ရက်က အရေးကြီးတဲ့ ရက်တစ်ခုခုနဲ့ တိုက်ဆိုင်နေတာကြောင့် ရာသီသွေးဆင်းရက်ကို တိုချင်တယ်ဆိုရင် ဒီနည်းလမ်းတွေက အသုံးတည့်စေမှာ အသေအချာပါ။ အဆင်ပြေမယ့် နည်းလမ်းလေးကို အသုံးပြုကြည့်ပါ။
ရေးသားသူ− Dr Thin Yadanar @Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။