ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 5, 2020 . 2 mins read
Share now

ဆီးသွားတဲ့အချိန်မှာ ပုံမှန်ထက်ပူနေပြီဆိုရင် ဘယ်သူမဆို အနည်းငယ်တော့ စိုးရိမ်ထိတ်လန့်မိမှာအမှန်ပါ။ အထူးသဖြင့် ဆီးလမ်းကြောင်းပိုးဝင်ဖူးတဲ့သူတွေ၊ အကာအကွယ်မဲ့လိင်ဆက်ဆံဖူးတဲ့သူတွေပေါ့။ ဒါပေမယ့် အမြဲတမ်းတော့ စိုးရိမ်စရာမလိုပါဘူး။

ဆီးက ဘာကြောင့် ပူနွေးတာလဲ။

ကိုယ်ခန္ဓာမှာ အရည်အဖြစ်သိမ်းဆည်းထားပြီး စွန့်ထုတ်လိုက်တာဖြစ်တဲ့အတွက် ဆီးဟာ ကိုယ်ခန္ဓာအပူချိန်နဲ့ တစ်သားတည်း သွားကျပါတယ်။ နောက်တစ်ခုကတော့ ဆီးမှာ ရေအပြင် ဆားငန်ဓာတ်နဲ့ တခြားအဆိပ်အတောက်တွေ ပါဝင်ပြီး ဆီးအိမ်ထဲမှာ စုစည်းထားတာဖြစ်ပါတယ်။ သိုလှောင်တဲ့ပမာဏ များလာလေလေ ဆီးရဲ့ အပူချိန်ဟာ တိုးလာလေလေ ဖြစ်တဲ့အတွက် ဆီးသွားလိုက်တဲ့အခါ အနည်းငယ် ပူနွေးတဲ့ခံစားချက်မျိုးရရှိပါတယ်။

ဆီးရဲ့ အပူချိန်က ဘယ်လောက်ရှိလဲ။

ပုံမှန်အားဖြင့် ဆီးသည် ကိုယ်ခန္ဓာရဲ့ ပျမ်းမျှအပူချိန်ဖြစ်တဲ့ ၃၇ ဒီဂရီ ဆဲလ်စီးယပ်စ် ပမာဏမှာ ရှိပါတယ်။ ရာသီဥတုနဲ့ လူပေါ်မူတည်ပြီး အနည်းငယ် ပိုပူသည်၊ အေးသည် ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ အပြင်ကို စွန့်ထုတ်ပြီး ၄မိနစ်ခန့်ကြာသည်အထိ နဂိုအပူချိန်အတိုင်း ထိန်းထားနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ဆီးက ပိုပူလာနိုင်လဲ။

ရာသီဥတုအရမ်းပူလွန်း၊ အေးလွန်းတာ၊ ဖျားနေစဉ် သို့မဟုတ် အဖျားပျောက်ပြီး နာလန်ထူကာစအချိန်၊ အားကစားလုပ်ပြီး အမောဖြေနေတဲ့အချိန်မှာ ဆီးဟာ ပုံမှန်အချိန်ထက် ပိုပူနေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာဆိုရင်လည်း ဇီဝကမ္မဖြစ်စဉ်ဟာ လျင်မြန်စွာ ပြောင်းလဲနေတဲ့အတွက် ဆီးဟာ ပိုပြီးပူနေနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ စိုးရိမ်ရနိုင်လဲ။

ဆီးသွားနေတဲ့အချိန်မှာ ပုံမှန်ပူတာမျိုးမဟုတ်ဘဲ ပူစပ်ပူလောင်ဖြစ်နေတာ၊ ဆီးသွားနေတဲ့ ဆီးလမ်းကြောင်းတစ်လျှောက်ဟာ ပူလောင်နေတာ၊ စပ်ဖျဉ်းဖျဉ်း၊ အသားထဲက စူးနေသလို ခံစားရတာဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာအနေနဲ့

  • ဆီးသွားချင်စိတ်ရှိပါလျက်နဲ့ ဆီးနည်းနည်းပဲထွက်တာ
  • ဆီးအရောင်က အဖြူရောင်၊ မီးခိုရောင်နောက်ကျိကျိဖြစ်နေတာ
  • ဆီးရဲ့အနံ့က အောက်သိုးသိုး အနံ့ဖြစ်နေတာ
  • ဆီးထဲမှာ သွေးပါလာတာ
  • ဆီးခဏခဏ သွားနေတာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ဆီးစစ်ကြည့်သင့်ပါတယ်။

ဒီလက္ခဏာတွေဟာ ဆီးလမ်းကြောင်းပိုးဝင်တာလည်း ဖြစ်နိုင်သလို လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ ဖြစ်တဲ့ ဂနို ဆီးပူညောင်းကျရောဂါ၊ ခလက်မီးဒီးယားရောဂါလည်း ဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေမှာ ယောက်ျားလေးတွေထက် ဖြစ်နိုင်ခြေ ၄ဆ ပိုများပါတယ်။

ပုံမှန်အားဖြင့်တော့ ဆီးပူတယ်ဆိုတာ သိပ်ပြီးစိုးရိမ်စရာမဟုတ်ပေမဲ့ အမြဲတမ်းလိုလို ဖြစ်နေတာဆိုရင်တော့ စောစောစီးစီး စစ်ဆေးပြီး ကုသမှုခံယူတာအကောင်းဆုံးပါပဲ။ ဆီးလမ်းကြောင်းပိုးဝင်တာဆိုရင်တော့ ပဋိဇီဝဆေးတွေကို ဆရာဝန်ရဲ့ဆေးအညွှန်းအတိုင်း သောက်ပေးရုံနဲ့ အမြစ်ပြတ်ပျောက်ကင်းနိုင်တာကြောင့် ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး မပေါ့ဆဖို့ တိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးဆိပ်တက်ခြင်းအကြောင်း

သွေးဆိပ်တက်ခြင်းဆိုတာကတော့ သွေးထဲကို ရောဂါပိုးများ ဝင်ရောက်ကူးစက်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရခြင်းပဲ ဖြစ်ပါတယ်။ သွေးဆိပ်သင့်ခြင်းလို့လည်း ခေါ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကိုဗစ်ကာလမှာ ဆီးလမ်းကြောင်းပိုးဝင်ခဲ့ရင်…

ကိုဗစ် ဆီးလမ်းကြောင်းပိုးဝင် ဆီးအောင့် ရေသောက် ရေဓာတ် ဗီတာမင်စီ အချဉ်ဓာတ် အသီးအနှံ အထိုင်များ အကာအကွယ် ကြက်စွပ်ပြုတ် သစ်သီးဖျော်ရည် ဘက်တီးရီးယား ပိုးသတ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

လိင်ဆက်ဆံ ချောဆီ အမျိုးသမီး မိန်းမကိုယ် ယားယံ ခြောက်သွေ့ ကိုယ်ဝန် လိင်မှတစ်ဆင့်ကူးစက်ရောဂါ ကွန်ဒုံး ရေယုန် တံတွေး ထိခိုက်ပွန်းပဲ့ အာသာဖြေ ဓာတ်မတည့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သွေးအတွင်း ယူရီးယားဓာတ်မြင့်တက်ခြင်း

ကျောက်ကပ်အနေနဲ့ သွေးထဲက အညစ်အကြေးတွေကို ပုံမှန်စစ်ထုတ်နိုင်ခြင်း မလုပ်နိုင်တော့တဲ့အခါ သွေးထဲမှာ ယူရီးယားဓာတ်တွေ မြင့်တက်လာပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 2 mins read
လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်း

ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read