Oxalic Acid ဆိုတာ အစားအစာတချို့မှာ ပါဝင်နေတဲ့ သဘာဝဓာတ်ပစ္စည်းတစ်မျိုးပါ။ ကျွန်တော်တို့ ကိုယ်ခန္ဓာကနေလည်း Oxalic Acid ကို ထုတ်လုပ်ပေးပါတယ်။ ဒီအက်စစ်ဓာတ်ကို အစာအိမ်၊ အူမကြီး၊ ကျောက်ကပ်၊ ဆီးလမ်းကြောင်းတွေမှာ အများဆုံးတွေ့ရပါတယ်။ အစာစားလိုက်လို့ ဒီအာဟာရဓာတ်တွေဟာ အရည်ပျော်ပြီး ဆီးအဖြစ်နဲ့ စွန့်ထုတ်လိုက်ပေမယ့် ဆီးသွားနည်းလာတဲ့အခါ ဒီအက်စစ်ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ စုပုံပြီး ကျောက်တည်စေပါတယ်။
နောက်တစ်ခုက Oxalic Acid ပါတဲ့ အစားအစာ အများစုသည် ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အစားအစာတွေဖြစ်တာကြောင့် လုံးဝမစားတာထက် ပုံမှန်စားနေကျထက် လျှော့စားပါ။ Oxalic Acid ကို ဟင်းနုနွယ်ရွက်၊ သကြားမုန်လာ၊ ကိုက်လန်ရွက်၊ ကန်စွန်းဥ၊ မြေပဲ၊ မုန်လာရွက်တွေမှာ အများဆုံးတွေ့ရပါတယ်။
၄။ ဗီတာမင် စီ အားဆေးတွေကို ပမာဏအများကြီး မသောက်ပါနဲ့။
ဗီတာမင် စီကို ကျန်းမာစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးဖို့အတွက် စားသုံးကြပါတယ်။ အစားအစာအများစုမှာလည်း ဗီတာမင် စီ ပါသလို အားဆေးအနေနဲ့ သောက်လို့လည်း ရပါတယ်။ အဓိကပြဿနာကတော့ ဗီတာမင် စီ တချို့ဟာ ကိုယ်ခန္ဓာထဲကို ရောက်သွားတဲ့အခါ Oxalic Acid အဖြစ် ဓာတ်ပြုပြီး ကျောက်ကပ်မှာ သွားပြီးအနည်းထိုင်နေတတ်ပါတယ်။
ဒါကြောင့် ဆီးကျောက်တည်နေတဲ့သူတွေဆိုရင် ဗီတာမင် စီ အားဆေးကို ပမာဏအများကြီး မသောက်သုံးသင့်ပါဘူး။ အကောင်းဆုံးကတော့ ဗီတာမင် စီဓာတ်ကို လုံလောက်စွာရဖို့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို စားပေးဖို့ပါပဲ။
၅။ ကယ်လ်စီယမ်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်ကို လုံလောက်စွာ ရပါစေ။
ကယ်လ်စီယမ်ဓာတ်သည် သွားနဲ့ အရိုးအဆစ်တွေ သန်မာစေပြီး မဂ္ဂနီဆီယမ်ကတော့ တစ်နေ့တာအတွက် လိုအပ်တဲ့ အားအင်တွေနဲ့ ကြွက်သားတွေကို ကောင်းစွာလှုပ်ရှားနိုင်စေဖို့ ကူညီပေးတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာရဲ့ အာဟာရဓာတ်စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးသလို Oxalic Acid ကိုလည်း ဖြိုခွဲပေးနိုင်တဲ့အတွက် ဆီးကျောက်တွေကိုလည်း ဆက်ပြီးကြီးမလာစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ကယ်လ်စီယမ်ဓာတ် လုံလောက်စွာရဖို့ နွားနို့၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ် သောက်ပေးပါ။ မဂ္ဂနီဆီယမ်ဓာတ်အတွက် ထောပတ်သီး၊ ပဲအမျိုးမျိုး၊ တို့ဟူးတွေကို စားပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။