ချောင်းလေးဆိုး ၊နှာလေးချေလိုက်တာနဲ့ ဆီးထွက်ကျ သွားတဲ့ သူတွေရှိလား
ဆီးမထိန်းနိုင်တာ၊ ဆီးသွားရင်ပူတာ၊ ဆီးသွားရင် ကျဉ်တာစတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဆိုတာ ဖြစ်တဲ့သူ မရှားလှတဲ့ ကျန်းမာရေးပြဿနာတွေပါ။ ဘယ်သူကတော့ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတဲ့အဖြစ် ဖြစ်ချင်မလဲနော်။ ဒါပေမယ့်လည်း ချောင်းလေးဆိုး ၊နှာလေးချေလိုက်တာနဲ့ ဆီးထွက်ကျ သွားတဲ့အဖြစ်ကိုယ့်ဆီမှာ ဖြစ်နေပြီလား။ ။ ဒီလို ချောင်းဆိုးလိုက်ချိန်၊ အလေးမလိုက်ချိန်၊ အားတစ်ခုခုပြုလိုက်ချိန်မှာ ဆီးပါထွက်ကျသွားတဲ့အဖြစ်ကို ဆေးပညာမှာ Stress incontinence လို့ခေါ်ပါတယ်။ နာမည်ထဲမှာ stress ပါတယ်ဆိုပြီး စိတ်ဖိစီးမှုကြောင့် ဒီလို ဆီးမထိန်းနိုင်တာမျိုး ဖြစ်တာမဟုတ်ပါဘူး။ ဒီထဲက stress ဆိုတာ အားသက်ရောက်မှု တစ်ခုကိုဆိုလိုတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုပါ။ https://hellosayarwon.com/urological-health/urinary-incontinence/4-types-of-urinary-incontience/ Stress incontinence ရဲ့လက္ခဏာတွေကတော့ ချောင်းဆိုးနှာချေတဲ့ချိန် ၊ ရယ်လိုက်ချိန် ဆီးထွက်ကျ မယ် ထိုင်ရာက ထလိုက်တဲ့အချိန်၊ ကားထဲက ထွက်လိုက်တဲ့အချိန် ဆီးထွက်သွားမယ် […]