အဝတ်အစားထဲ ဆီးထွက်တတ်တဲ့သူတွေမှာ ကုသမှုခံယူနေလည်းအချိန်တစ်ခုတော့စောင့်ရပါတယ်။ ဒီအတောအတွင်း သွားလာရ၊အလုပ်လုပ်ရအဆင်မပြေဖြစ်နိုင်တယ်၊ လူကြီးပိုင်းတွေဆိုလည်း ဆီးပြဿနာနဲ့အိမ်မှာနေရအဆင်မပြေဖြစ်နေရမှာပါ။ ဒီလိုဆီးမထိန်းနိုင်တဲ့ပြဿနာကို သက်တောင့်သက်သာနဲ့ကျော်လွှားနိုင်မယ့်အကောင်းဆုံးနည်းလမ်းက လူကြီးသုံးသေးခံ (Adult Diaper) သုံးဖို့ပါပဲ။
ခရီးသွားတာပဲဖြစ်ဖြစ်၊ အပေါ့အပါးသွားဖို့မလွယ်ကူတဲ့အချိန်အခါမျိုးမှာပဲဖြစ်ဖြစ် လူကြီးသုံးသေးခံကို အတွင်းခံလိုဝတ်ထားလိုက်ရုံပါ။ လူကြီးသုံးသေးခံတွေထဲမှာမှ ပါးလွှာပြီးခန္ဓါကိုယ်နဲ့တသားတည်းဖြစ်စေမယ့်ဘောင်းဘီပုံစံထုတ်လုပ်ထားတဲ့သေးခံတွေရှိပါတယ်။ ဒီသေးခံတွေက ဝတ်ထားမှန်းတောင်မသိသာဘဲပေါ့ပါးနေစေတဲ့အတွက် ဆီးမထိန်းနိုင်တဲ့သူတွေအတွက် ဝတ်ရချွတ်ရလည်းလွယ် သက်တောင့်သက်သာနဲ့ စိတ်ဖိစီးမှုတွေကင်းဝေးစေနိုင်ပါလိမ့်မယ်။ Antibateria အလွှာပါ ပါဝင်မယ်ဆိုရင်တော့ ဝတ်ဆင်ထားချိန် ဘက်တီးရီးယားပေါက်ဖွားမှာကိုလည်းကာကွယ်နိုင်မှာပါ။ အနံ့ဆိုးလည်းကင်းနေစေမှာပါ။ စိုစွတ်တာမျိုးမရှိဘဲ ခြောက်သွေ့နေမှာ အသေအချာပါ။ ဒီတော့အသက်အရွယ်ကြောင့်ဖြစ်တဲ့ ဆီးမထိန်းနိုင်ခြင်းပြဿနာတွေကို လူကြီးသေးခံသုံးပြီူ အကောင်းဆုံးကျေ်လွှားဖိုပဖေဖေမေမေတို့ကို ကူညီပေးလိုက်ပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။