ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း
ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
Nocturia (ညဘက် ဆီးသွားလွန်ရောဂါ)ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။
Nocturia ကို ရောဂါအမည်တပ်ခြင်းဟာ ခက်ခဲနိုင်ပါတယ်။ သင့်ဆရာဝန်က မေးခွန်းအတော်များများကို မေးနိုင်ပါတယ်။ သင်တစ်နေ့ကို ဘာတွေသောက်တယ်၊ ဘယ်လောက်သောက်တယ်၊ အိမ်သာ ဘယ်နှစ်ကြိမ်သွားတယ် အစရှိတာတွေကို မှတ်သားထားတဲ့ ဒိုင်ယာရီရေးခြင်းကို ရက်အနည်းငယ်ကြာ ပြုလုပ်သင့်ပါတယ်။
ဆရာဝန် မေးနိုင်တဲ့ မေးခွန်းတွေကတော့
- Nocturia ဘယ်အချိန်မှာ စတင်တာလဲ။
- တစ်ညမှာ ဘယ်နှစ်ကြိမ် ဆီးသွားရန်လိုလဲ။
- အရင်တုံးကထက် ပိုပြီး ဆီးသွားနည်းနေသလား။
- အိပ်ရာထဲ ဆီးသွားဖူး (သို့) ဆီးသွားနေပါသလား။
- အခြား လက္ခဏာတွေ ရှိပါသလား။
- ဘာဆေးတွေ သောက်နေတာလဲ။
- သင့်မိသားစုထဲမှာ ဆီးအိမ်ပြဿနာ (သို့) ဆီးချိုရှိသူ ရှိပါသလား။
အခြားစစ်ဆေးမှုတွေကိုလည်း ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။
- သွေးသကြားဓါတ်စစ်ဆေးခြင်း
- Urea test စစ်ဆေးခြင်း
- ဆီးပိုးမွေးခြင်း
- Fluid deprivation test
- အခြားစစ်ဆေးမှု (ဥပမာ ultrasound)
Nocturia (ညဘက် ဆီးသွားလွန်ရောဂါ)ကို ဘယ်လိုကုသလဲ။
တကယ်လို့ Nocturia ဟာ ဆေးတစ်ခုခုကြောင့် ဖြစ်တယ်ဆိုရင် မနက်ပိုင်းမှာ ဆေးသောက်သင့်ပါတယ်။
Nocturia ကုသမှုမှာ ဆေးတွေဖြစ်တဲ့ Overactive bladder ရဲ့ လက္ခဏာတွေကို နည်းစေတဲ့ anticholinergic drugs (သို့) ဆီးအိမ်ကို ဆီးနည်းနည်းသာ ထုတ်စေတဲ့ desmopressin တွေ ပါဝင်ပါတယ်။
Nocturia ဟာ ပြင်းထန်တဲ့ ရောဂါအခြေအနေတွေ ဖြစ်တဲ့ ဆီးချို (သို့) ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ပြီး ကုသခြင်း မရှိရင် ပိုဆိုးနိုင်ပါတယ်။ ရောဂါကြောင့် ဖြစ်တဲ့ Nocturia ဟာ ရောဂါကို ကုသလိုက်မယ်ဆို ပျောက်သွားတတ်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Nocturia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
မအိပ်ခင်မှာ အရည်လျှော့သောက်ခြင်းဟာ ညအချိန်ဆီးသွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ အရက်တွေ၊ ကဖင်းတွေ ပါဝင်တဲ့ အရည်တွေကို ရှောင်ကျဉ်ခြင်း၊ ညမအိပ်မီ ဆီးသွားခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။ ချောကလက်၊ စပ်တဲ့ အစာများ၊ ချိုတဲ့အစာတွေဟာ ဆီးပိုသွားစေနိုင်ပါတယ်။ တင်ပါးဆုံအောက်ခြေ လေ့ကျင့်ခန်းတွေဟာ တင်ပါးဆုံအောက်ခြေ ကြွက်သားတွေကို သန်မာစေပြီး ဆီးအိမ်ထိန်းချုပ်မှု ကောင်းမွန်စေပါတယ်။
လက္ခဏာဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဂရုစိုက်ပြီး နေထိုင်မှု အလေ့အကျင့်တွေကို ပြောင်းလဲသင့်ပါတယ်။ သောက်တဲ့အရာတွေနဲ့ ဘယ်အချိန်မှာသောက်လဲဆိုတာ ရေးမှတ်ထားခြင်းဟာလည်း အကျိုးရှိပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။