ရှားပါးတဲ့ရောဂါ ဖြစ်ပေမယ့် တချို့နေရာတွေမှာ တွေ့ရများပါတယ်။ ဆလိုဗက်ကီးယားမှာ လူတသောင်းကိုးထောင်မှာ တယောက် ဖြစ်တတ်ပါတယ်။ ဒိုမိနီကန်မှာလည်း အဖြစ်များပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ လေနဲ့ထိတွေ့ချိန်မှာ ဆီးအရောင် မည်းသွားရင် ဒီရောဂါလို့ သံသယရှိပါတယ်။ အရိုးအဆစ်ရောင်ရောဂါ စတင်နေခြင်း ရှိမရှိလည်း စစ်ဆေးပါလိမ့်မယ်။
Gas chromatography နည်းနဲ့လည်း ဆီးထဲက homogentistic acid ဓါတ် အခြေအနေကိုလည်း စစ်ဆေးပါလိမ့်မယ်။ HGD ဗီဇချို့ယွင်းမှုရှိမရှိ ဒီအန်အေ စစ်ဆေးပါလိမ့်မယ်။
မိသားစုရာဇဝင်ဟာလည်း ရောဂါအတည်ပြုရာမှာ အရေးပါပါတယ်။ ဒါပေမယ့် လူအများဟာ သူတို့အနေနဲ့ ရောဂါဖြစ်စေတဲ့ဗီဇကို သယ်ဆောင်တယ်ဆိုတာ မသိရပါဘူး။ သင့်မိဘတွေဟာလည်း သယ်ဆောင်သူတွေ ဖြစ်နေနိုင်ပါတယ်။
Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) ကို ဘယ်လိုကုသပါသလဲ
တိကျတဲ့ ကုသမှုတော့ မရှိပါဘူး။
ပရိုတိန်းနည်းတဲ့ အစားအစာတွေ စားရပါမယ်။ ဗီတာမင်စီ များများစားခြင်းဟာ အရိုးနုတွေထဲမှာ homogentistic acid ဓါတ် စုဝေးခြင်းကို လျော့နည်းစေပါတယ်။ ဒါပေမယ့် ဗီတာမင်စီကို ကြာရှည်စွာ သုံးစွဲခြင်းဟာလည်း ဒီပြသနာကို ကုသရာမှာ မထိရောက်ပါဘူး။
ကုမှုအချို့ကတော့ အောက်ပါ နောက်ဆက်တွဲ ပြသနာတွေကို ကာကွယ် လျော့ပါးစေပါတယ်-
- အဆစ်ရောင်ခြင်း
- နှလုံးရောဂါ
- ကျောက်ကပ်တွင် ကျောက်တည်ခြင်း
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ခြင်းအတွက် အထောက်အကူ ပြုသလဲ
အချို့အချက်တွေဟာ သင်နဲ့သင့်ကလေးမှာ ဒီပြသနာ ရှိမရှိ စောစီးစွာသိနိုင်ပြီး ထိရောက်တဲ့ ကုသမှုတွေကို ပြုလုပ်နိုင်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။
- ကလေးငယ်တွေမှာ ဆီးအမည်းသွားခြင်း ရှိမရှိ လေ့လာခြင်း
- မိသားစုရာဇဝင်ရှိသူများအား မျိုးရိုးဗီဇဆိုင်ရာ ဆွေးနွေးခြင်း
- သန္ဓေသားဘဝမှာပင် ဤအခြေအနေ ရှိမရှိ စစ်ဆေးခြင်း
ဆီးထဲတွင် alkaptonပါခြင်းလို့ ရောဂါအတည်ပြု ပြီးသူများဟာ ဆေးပညာအကြံပေးချက်တွေကို သေချာလိုက်နာပြီး ချိန်းဆိုရာမှာ အချိန်မှန် ပြသသင့်ပါတယ်။ အဆစ်ရောင်ခြင်း၊ နှလုံးရောဂါ၊ ကျောက်ကပ်နဲ့ ဆီးကျိတ်ပြသနာများဟာ ကုသနိုင်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြိး ပရိုတိန်းကန့်သတ်ထားတဲ့ အစားအစာတွေကို စားခြင်းဟာ အထောက်အကူပြုပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆာင်သင့်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။