သွေးတိုးခြင်း၊ ဆီးချိုသွေးချိုနှင့် မဆက်နွယ်သော အခြား ကျောက်ကပ်ရောဂါများသည်လည်း ဆီးတွင်း ပရိုတိန်းပါခြင်းကို ဖြစ်စေနိုင်ပါသည်။ အခြားအကြောင်းရင်းများမှာ
- ဆေးဝါးများ
- ထိခိုက်ဒဏ်ရာရခြင်း
- အဆိပ်အတောက်များ
- ရောဂါပိုးကူးစက်ခြင်း
- ကိုယ်ခံအားစနစ် ရောဂါများ
- ခန္ဓါကိုယ်တွင် ပရိုတိန်းများ ပို၍ ထုတ်လုပ်ခြင်းသည် ဆီးတွင်း ပရိုတိန်းပါခြင်းကို ဖြစ်စေနိုင်သည်။ ဥပမာ multiple myeloma နှင့် amyloidosis ဖြစ်သည်။
အခြား ဖြစ်နိုင်ချေ မြင့်စေသော အချက်များမှာ
- အဝလွန်ခြင်း
- အသက် ၆၅ ကျော်ခြင်း
- မိသားစုထဲတွင် ကျောက်ကပ် ရောဂါ ဖြစ်ဖူးခြင်း
- Preeclampsia ( ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း နှင့် ဆီးတွင် ပရိုတိန်းပါခြင်း)
- လူမျိုး၊ မျိုးနွယ်။ အာဖရိကန် အမေရိကန်၊ မူလ အမေရိ ကန်၊ စပိန်လူမျိုး နှင့် ပစိဖိတ် ကျွန်းလူမျိုးများသည် လူဖြူများထက် သွေးတိုး ပိုဖြစ်နိုင်ပြီး ကျောက်ကပ် ရောဂါနှင့် ဆီးတွင် ပရိုတိန်းပါခြင်း ဖြစ်နိုင်သည်။
အချို့လူများသည် လဲလျောင်းနေသည်ထက် မတ်တပ်ရပ် နေပါက ဆီးတွင် ပရိုတိန်း ပိုပါသည်။ ၎င်းကို orthostatic proteinuria ဟုခေါ်သည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆီးတွင်ပါသော ပရိုတိန်းကို ပုံမှန် ဆီးစစ်ခြင်းဖြင့် စစ်ဆေး နိုင်သည်။ dipstick ( ညွှန်ပြသော စက္ကူပါသော ပလက်စတစ် ချောင်း) ဖြင့် စစ်ခြင်းသည် ပရိုတိန်း ပမာဏ အနည်းငယ်ကို စစ်ဆေးသိရှိနိုင်သည်။ စစ်ဆေး တွေ့ရှိခြင်းသည် ကျောက်ကပ် တွင် ဆိုးရွားသော ပြဿနာ ရှိသည်ဟု မဆိုလိုနိုင်ပါ။
ဆီးနမူနာ အနည်းငယ်တွင် ရိုးရှင်းသော dipstick စစ်ခြင်းဖြင့် ပရိုတိန်း တွေ့ရှိရပါက နောက်ထပ် စစ်ဆေးမှုများ လိုအပ်ပါသည်။ ဤ dipstick စစ်ခြင်းသည် ဆီးတွင် ပရိုတိန်း ဘယ်လောက်များများ ပါသလဲ အတိအကျ မစစ်နိုင်ပါ။ တိကျ စွာ တိုင်းတာနိုင်ရန် ဆီးနမူနာ အချို့ကို ဓါတ်ခွဲခန်းသို့ ပို့ရ သည်။ ဓါတ်ခွဲခန်းတွင် ပရိုတိန်းနှင့် creatinine ပမာဏ ( ပရိုတိန်း-creatinine အချိုး-PCR) ကို တိုင်းတာသည်။ ဆီးတွင်း ပရိုတိန်း ပမာဏကို albumin စစ်ခြင်းဖြင့် တိုင်းတာခြင်းသည် ပို၍ လူသုံးများလာသည်။ albumin-creatinine အချိုး (ACR) ကို ရရှိသည်။ albumin သည် ခန္ဓါကိုယ်ရှိ ပရိုတိန်းများ၏ အစိတ် အပိုင်းကြီး တစ်ခုဖြစ်ပြီး PCR တက်သော လူတိုင်းသည် ACR တက်သည်။ သို့သော် ACR သည် အနည်းငယ် နိမ့်သည်။
- ACR 3mg/mmol အောက် နည်းခြင်းသည် နောက်ထပ် ဆောင်ရွက်မှု မလိုအပ်ပါ။
- ACR 3-30 သည် များသောအားဖြင့် ဆောင်ရွက်မှု မလိုသော်လည်း ပုံမှန် စစ်ဆေးသင့်သည်။
- ACR 30 ထက်များပါက ကျောက်ကပ်မှ ပရိုတိန်း အတော်အတန် ထွက်နေပြီ ဖြစ်သည်။ ပမာဏများလေ ပို၍ စိုးရိမ်ရလေ ဖြစ်သည်။ အထူးသဖြင့် 100 ကျော်သွားပါက။
ACR များပါက ဆရာဝန်သည် မှတ်တမ်း အပြည့်ယူပြီး မိသားစုတွင် ကျောက်ကပ်ရောဂါ ဖြစ်ဖူးသလား စစ်ပါလိမ့် မည်။ သွေးစစ်မှု များစွာ ပြုလုပ်ပြီး သွေးပေါင်ချိန် တိုးပါလိမ့် မည်။ ဓါတ်မှန်ဌာနတွင် ultrasound scan ဖြင့် ကျောက်ကပ်၏ အရွယ်အစားနှင့် ပုံစံကို စစ်ဆေးပါလိမ့်မည်။
တစ်ခါတစ်ရံ ဆီးတွင် ပရိုတိန်းပါခြင်း၏ အကြောင်းရင်းကို သေချာ သိရှိရန် ကျောက်ကပ် တစ်ရှူးစယူရန် လိုအပ်သည်။ အပ်ကို အသုံးပြု၍ ကျောက်ကပ်မှ တစ်ရှူးစ သေးသေး ထုတ်ယူပြီး အဏုကြည့်မှန်ပြောင်းအောက်တွင် လေ့လာ စစ်ဆေးပါသည်။
Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) ကို ဘယ်လိုကုသပါသလဲ
ဆီးတွင် ပရိုတိန်းပါခြင်းသည် သီးခြားရောဂါတစ်ခု မဟုတ်ပါ။ ထို့ကြောင့် ကုသမှုသည် ဖြစ်စေသော အကြောင်းရင်းခံကို ရှာဖွေပြီး ထိန်းချုပ်ခြင်း ဖြစ်သည်။ ကျောက်ကပ်ကြောင့် ဖြစ်ပါက သင့်တော်သော ဆေးကုသမှု လိုအပ်သည်။ နာတာရှည် ကျောက်ကပ်ရောဂါကို မကုသပါက ကျောက်ကပ် ပျက်စီးခြင်း ဖြစ်စေသည်။ သို့သော်လည်း မပြင်း ထန်သော သို့မဟုတ် ယာယီ ဆီးတွင်း ပရိုတိန်းပါခြင်းအတွက် ကုသမှု မလိုအပ်ပါ။
တစ်ခါတစ်ရံ ဆေးပေးသည်။ အထူးသဖြင့် ဆီးချို နှင့် သွေးတိုးရှိသူများတွင် ဖြစ်သည်။ ဆေး အမျိုးအစား နှစ်မျိုး ရှိသည်။
- ACE inhibitors (angiotensin-converting enzyme inhibitors);
- ARBs (angiotensin receptor blockers)
အထူးသဖြင့် ဆီးချို၊ သွေးတိုး စသော နာတာရှည် ရောဂါ ရှိသူများတွင် ကျောက်ကပ် ပျက်စီးမှုကို ကာကွယ်ရန် သင့်တော်သော ကုသမှုလိုအပ်သည်။
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ဆီးတွင် ပရိုတိန်းပါခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ဆီးတွင် ပရိုတိန်းပါခြင်း ကို ထိန်းချုပ်နိုင် ပါသည်။
- ဆီးတွင် ပရိုတိန်းပါခြင်းကို ဖြစ်စေသော ရေဆွဲယူသည့် အခြေအနေ ရှိပါက နေ့စဉ် အစာတွင်ပါသော ဆားနှင့် ရေ ပမာဏကို လျော့ချပါ။
- သွေးတိုးရှိပါက အစာတွင် ဆားပါဝင်ခြင်းကို လျော့ချ ပါ။ လေ့ကျင့်ခန်း များများလုပ်ပြီး သင့်တော်သော အစာ ထိန်းချုပ်မှု ( အဆီ နည်းနည်းစားခြင်း) ပြုလုပ် ပါ။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။