အဓိပ္ပါယ်ဖွင့်ဆိုချက်
Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ကဘာလဲ။
ကျောက်ကပ်က ဆီးတွေ ဆီးအိမ်ထဲကို ပုံမှန်အတိုင်း စီးဆင်းမှုမရှိတော့တဲ့အတွက် ကျောက်ကပ်မှာ ရေတွေစုပြီး ဖောင်းကားလာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီလို ဖောင်းကားလာခြင်းဟာ ယေဘုယျအားဖြင့် ကျောက်ကပ်တဖက်တည်းမှာပဲ ဖြစ်ပွားလေ့ရှိပေမယ့် ကျောက်ကပ်နှစ်ခုလုံးမှာလည်း ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်မှာ ရေစုခြင်းဟာ သူ့အလိုလိုဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ နောက်ခံအကြောင်းရင်း (ဝါ) ရောဂါတခုခုရှိခြင်းကြောင့် ဖြစ်ပေါ်လာရပါတယ်။ ဆီးလမ်းကြောင်းတနေရာရာမှာ ပိတ်ဆို့ခြင်းကြောင့် ဒီအခြေအနေ ပေါ်ပေါက်လာရပါတယ်။