အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါ

အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါဆိုတာ အဆုတ်သွေးကြောကြီးတွေမှာ သွေးခဲပိတ်တာပဲ ဖြစ်ပါတယ်။ ဒီသွေးခဲတွေက ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောကြီးတွေကနေ အဆုတ်ကို ရောက်လာတာပဲ ဖြစ်ပါတယ်။ အဆုတ်အပြင် တခြားနေရာတွေမှာလည်း ပိတ်နိုင်ပါသေးတယ်။

ကျန်းမာရေးဗဟုသုတ

အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါ

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

အဆုတ်သွေးကြောသွေးခဲပိတ်ဆို့ခြင်း (Pulmonary Embolism) ဟာ ခြေထောက်ပိုင်းက သွေးကြောတွေထဲမှာ စတင်ဖြစ်ပေါ်လာတဲ့ သွေးခဲများ အဆုတ်ဆီကို ရောက်လာရာကနေ ဖြစ်ပွားပါတယ်။ ကိုယ်ခန္ဓာရဲ့ တခြားအစိတ်အပိုင်းတွေတွေကနေလည်း ရောက်လာနိုင်ပါတယ်။ အဲဒီလိုမျိုး ကိုယ်ခန္ဓာ အစိတ်အပိုင်းတနေရာရာမှာ ဖြစ်ပေါ်နေတဲ့ သွေးခဲဟာ သူ့နေရာကနေ ပြုတ်ထွက်ပြီး သွေးလည်ပတ်မှုစနစ်ထဲရောက်လာတတ်ပါတယ်။ နောက်ဆုံး အဆုတ်သွေးကြောတွေဆီကို ရောက်ရှိပြီး ပိတ်ဆို့သွားတဲ့အခါ အသက်အန္တရာယ်ကြုံနိုင်ပါတယ်။ အဆုတ်သွေးကြောပိတ်ဆို့တဲ့အခါ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အဆုတ်သွေးကြောပိတ်ဆို့ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ ဆေးရုံတက်ရောက်ချိန် အထူးသဖြင့် ခွဲစိတ်ကုသပြီးချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။ ယေဘုယျအားဖြင့် ခွဲစိတ်ပြီးချိန်မှာ ဆေးရုံမှာရော အိမ်မှာပါ သေချာစွာ ဂရုတစိုက်ပြုစုကုသရင် ကာကွယ်နိုင်ပါတယ်။ အဓိကဖြစ်ပေါ်ရခြင်းဟာ အိပ်ရာထဲမှာ အချိန်အတော်ကြာ လဲလျောင်းနေရလို့ ဖြစ်ပါတယ်။ လမ်းမလျှောက်ဘဲ၊ ခြေထောက်များကို မလှုပ်ရှားဘဲနေတာ ကြာလာတဲ့အခါ သွေးလည်ပတ်မှု သိပ်မကောင်းတော့ပါဘူး။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်