အရိုးနုလေးတွေအတွက် လိုအပ်တဲ့ ပရိုတင်းဖြစ်တဲ့ကော်လာဂျင်ကို ထုတ်လုပ်ဖို့ ခန္ဓာကိုယ်မှာ ဗီတာမင် C လိုအပ်မှာပါ။ ဒီဓါတ်ကို လိမ္မော်သီးက အပြည့်အဝရရှိစေနိုင်ပါတယ်။ အရိုးနုတွေ ပျက်စီးသွားခဲ့ရင်တောင် ကော်လာဂျင်ပရိုတင်းပြည့်ပြည့်ဝဝရရှိမယ်ဆိုရင် ပြန်လည်ကောင်းမွန်စေနိုင်တာကြောင့်ကော်လာဂျင်ပြည့်ယနေစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် C ကပြည့်ဝနေမှဖြစ်မှာပါ။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ လိမ္မော်သီးအပြင် ဗီတာမင် Cပြည့်ဝစွာပါဝင်နေတဲ့ ကီဝီသီး၊ ငရုတ်ပွ၊ ကိုက်လန်၊ စတော်ဘယ်ရီတို့ကို ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
သလဲသီးက ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို နာကျင်ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့်အရိုးနုလေးတွေကျန်းမာစေဖို့ စားသုံးသင့်တဲ့အစားအစာတွေထဲမှာ သလဲသီးကိုမေ့ထားလို့ မဖြစ်ပါဘူး။ တစ်ပတ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ သလဲသီးစားပေးပါ။
လက်ဖက်စိမ်းရေနွေးကြမ်းက ကျန်းမာရေးကောင်းစေတယ်ဆိုတာကတော့ အာလုံးလိုလိုသိထားပြီးဖြစ်မှာပါ။ ဒီလိုမျိုး များပြားလှတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ အရိုးနုလေးတွေကို ကျန်းမာစေတာကလည်း တစ်ခုအပါအဝင်ပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းမှာပါတဲ့catechins နဲ့ polyphenolsဒြပ်ပေါင်းတွေက အရိုးနုကို ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် နေ့စဉ်လက်ဖက်စိမ်းရေနွေးကြမ်းလေးတစ်ခွက်လောက်သောက်ပြီး ခန္ဓာကိုယ်ကျန်းမာအောင်ဂရုစိုက်လိုက်ပါ။
အဆစ်တွေနာတဲ့အခါ အသုံးပြုတဲ့အရာတစ်ခုရှိပါတယ်။ ဒါကတော့ hyaluronic acid ပါ။ ဒီအက်ဆစ်က အဆစ်တွေလှုပ်ရှားလို့ကောင်းအောင်ချောဆီအဖြစ်လုပ်ဆောင်ပေးပါတယ်။ အရိုးနုပျက်စီးတာလိုမျိုး အသေးစားကိစ္စတွေကိုကုသရာမှာ hyaluronic acid ကို အသုံးပြုကြတာပါ။ ဒီအက်ဆစ်ကို အစားအသောက်ကနေရရှိနိုင်မယ့် အရင်းအမြစ်က ဆန်လုံးညိုပါ။ ဒါကြောင့် နေ့စဉ်လှုပ်ရှားမှုမှာ အရေးပါတဲ့ အရိုးနုလေးတွေ မပျက်စီးဖို့ဆိုရင် ဆန်လုံးညိုကိုလည်း စားသုံးပေးဖို့လိုပါလိမ့်မယ်။ ဆန်လုံးညိုအပြင် မုန်လာဥနီ၊ အမဲသား၊ ဖရုံစေ့တို့ကိုလည်း စားသုံးပေးလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။