home

Hello Health Group - ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ

Hello ဆရာဝန်၏ ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ

 Hello ဆရာဝန်သည် ကျွန်ုပ်တို့ ဝဘ်ဆိုက် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို စောင့်ထိန်းခြင်းသည် မည်မျှအရေးပါသည်ကို သိရှိနားလည်ပါသည်။ ဤမူဝါဒကို ဖတ်ရှုခြင်းဖြင့် သင်၏ မည်သည့်အချက်အလက်များနှင့် သင်၏ ဝဘ်ဆိုက်နှင့် ဝန်ဆောင်မှုများ သုံးစွဲမှုဆိုင်ရာ အချက်အလက်များကို Hello ဆရာဝန် က ကောက်ယူသည်ကို သိရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ သင့်အချက်အလက်များကို မည်သို့သုံးစွဲမည်ကို ရွေးချယ်နိုင်ကြောင်းနှင့် ထိုအချက်အလက်များကို ကျွန်ုပ်တို့က မည်သို့ကာကွယ်ပေးသည်ကို သိနိုင်ရန်အတွက် သေချာစွာဖတ်ရှုစေလိုပါသည်။

ဤမူဝါဒသည် Hello ဆရာဝန်မှ ပိုင်ဆိုင်၍ လုပ်ငန်းဆောင်ရွက်နေသော ဝဘ်ဆိုက်ကို အချက်အလက်နှင့်ဝန်ဆောင်မှုရနိုင်သော မိုဘိုင်းဝန်ဆောင်မှုတစ်ခုအဖြစ် တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်အသုံးပြုသူများထံ သက်ရောက်သည်။

သီးခြား မှတ်ချက်ပြုထားခြင်းမှအပ Hello ဆရာဝန်ဝဘ်ဆိုက်ပါ မူဝါဒပြဌာန်းချက်များသည် ဟယ်လိုဟက်သ်ဂရုနှင့် ပတ်သက်သည့်အခြားအဖွဲ့များကိုပါ သက်ရောက်ပါသည်။ အကယ်၍ သင်က အချက်အလက်များ၊ ဝန်ဆောင်မှု အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များကို ယခုမူဝါဒတွင် ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့က စုဆောင်းခြင်းနှင့် အသုံးပြုခြင်းအား လက်မခံနိုင်ပါက ဝန်ဆောင်မှုကို အသုံးမပြုသင့်ပါ။ ဝန်ဆောင်မှုကို အသုံးပြုရန် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းများကို သင် လက်ခံရမည်ဖြစ်ပြီး ထိုသို့လက်ခံခြင်းသည် ကျွန်ုပ်တို့နှင့် သုံးစွဲသူများအကြား သဘောတူညီချက် ချုပ်ဆိုသကဲ့သို့ ခိုင်မာပါသည်။  Hello ဆရာဝန်ဝဘ်ဆိုက် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းများကို သင် လက်ခံလိုက်ခြင်းသည် ထိုမူဝါဒနှင့် Hello ဆရာဝန်ဝဘ်ဆိုက်၏ Cookie မူဝါဒကိုပါ ဖတ်ရှုနားလည်ပြီးဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းပင် ဖြစ်ပြီး သင့်ကိုယ်ရေးအချက်အလက်များကို မြန်မာနိုင်ငံတွင်းနှင့် မိမိတို့အခြေစိုက်ရာ အခြားဒေသများတွင် အသုံးပြုရန်၊ ထုတ်ဖော်ရန်၊ သိမ်းဆည်းထားရန်နှင့် ဆောင်ရွက်ရန် ခွင့်ပြုချက် ပေးလိုက်ခြင်းပင်ဖြစ်သည်။

Hello ဆရာဝန် ဟူသော ရည်ညွှန်းချက်အပြင် “ကျွန်ုပ်တို့” ဟူသော စကားရပ်သည် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော Hello Health Group Pte. Ltd သို့မဟုတ် (Hello ဆရာဝန် နှင့် Hello ဆရာဝန် ၏ စီမံခွင့်အောက်ရှိ ကုမ္ပဏီများ အပါအဝင်) လက်အောက်ခံကုမ္ပဏီများကို ရည်ညွှန်းသည်။ Hello ဆရာဝန်သည် ၎င်းပိုင်ဆိုင်သော သို့မဟုတ် စီမံပိုင်ခွင့်ရှိသော လက်အောက်ခံကုမ္ပဏီများ သို့မဟုတ် ဝဘ်ဆိုက်များနှင့် အချက်အလက်များကို ဝေမျှနိုင်သော်လည်း ဤမူဝါဒဖြင့် စုဆောင်းထားသော အချက်အလက်များကိုမူ အချက်အလက်စောင့်ထိန်းခြင်းဆိုင်ရာမူဝါဒအရ အကာအကွယ်ပေးမည်ဖြစ်သည်။ အခြားဖော်ပြထားခြင်းမရှိပါက ဤမူဝါဒအတိုင်း သင်၏ ကိုယ်ရေးအချက်အလက်များဖြင့် လုပ်ငန်းလုပ်ဆောင်ခြင်းအတွက် Hello ဆရာဝန်သည် အချက်အလက်ထိန်းသိမ်းသူအဖြစ် တာဝန်ရှိသည်။

 

 သင့်အချက်အလက်များစုဆောင်းခြင်း

“HelloCare, Together and health tools and assessments” ကဲ့သို့သော ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအချို့အတွက် သင့်ကိုယ်ရေးအချက်အလက်များကို ရယူထားသည်။  အကယ်၍ သင်သည် Hello ဆရာဝန်၏ App တစ်ခုကို ဒေါင်းလော့လုပ်ပါကလည်း သင့်ကိုယ်ရေးအချက်အလက်များကို အချက်အလက်စောင့်ထိန်းခြင်းဆိုင်ရာ မူဝါဒနှင့်အညီ ထိန်းသိမ်းထားမည်ဖြစ်သည်။ သင်က Hello ဆရာဝန်တွင် စာရင်းပေးသွင်းထားခြင်း သို့မဟုတ် ကိုယ်ရေး အချက်အလက်များကို ဖော်ပြထားခြင်းမရှိသော်လည်း Hello ဆရာဝန်၏ ဝဘ်ဆိုက်၊ App နှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်း အတွက် အချက်အလက်များကို ရယူထားပြီးဖြစ်သည်။ အသုံးပြုသူများ၏ ထိုအချက်အလက်များကို ပြင်ပအရင်းအမြစ်များမှ ကျွန်ုပ်တို့ ရယူနိုင်ပါသည်။

သင်က ဝန်ဆောင်မှုကို သုံးစွဲသည့်အခါ ကျွန်ုပ်တို့ အောက်ပါအတိုင်း အချက်အလက် စုဆောင်းပါသည်။

 စာရင်းပေးသွင်းခြင်း

သင်သည် စာရင်းသွင်းခြင်းမပြုဘဲ ဝန်ဆောင်မှုအတော်များများကို အသုံးပြုနိုင်သော်လည်း အချို့သော ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် Hello ဆရာဝန်တွင် စာရင်းပေးသွင်းရပါသည်။  သင်က စာရင်းသွင်းရန် ရွေးချယ်လျှင် သို့မဟုတ် ရှိပြီးသား အကောင့်ကို update လုပ်လျှင် သို့မဟုတ် ဝန်ဆောင်မှုများကို ရယူလျှင် သင့်နာမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ကျား/မ ၊ Email လိပ်စာနှင့် မွေးနေ့ကဲ့သို့သော သင့်ကိုယ်ရေး အချက်အလက်များအပြင် Hello ဆရာဝန်အကောင့်ကို ဝင်ရောက်အသုံးပြုရန် username နှင့် password ပေးရမည်ဖြစ်သည်။

အသုံးပြုသူများ ပါဝင်သည့်ဝန်ဆောင်မှုများ

Hello ဆရာဝန် Symptom Checker ကဲ့သို့သော အချို့သော ဝန်ဆောင်မှုများသည် အသုံးပြုသူများပါ ပါဝင်လုပ်ဆောင်ရပြီး သင့်၏ အသက်၊ ကျား/မ စသော ကျန်းမာရေးနှင့်ပတ်သက်သည့် အချက်အလက်များ ပေးပို့ရန် တောင်းဆိုခြင်းခံရမည် ဖြစ်သည်။ Hello ဆရာဝန် Symptom Checker ကို အသုံးပြုနိုင်ရန် Hello ဆရာဝန်တွင် စာရင်းပေးသွင်းရန် လိုအပ်ပြီး Hello ဆရာဝန် Symptom Checker တွင် ဖြည့်သည့်အချက်လက်များသည် ယခင်စာရင်းသွင်းထားသည့်အချက်အလက်များနှင့် ပေါင်း၍ မှတ်သားထားမည်ဖြစ်သည်။

သတင်းစာစောင် Email

စာရင်းပေးသွင်းစဉ် သို့မဟုတ် ဝဘ်ဆိုက်အသုံးပြုစဉ် Hello ဆရာဝန်၏ email မှတဆင့် နှင့်/သို့မဟုတ် Third parties မှ တိုက်ရိုက် ပေးပို့ခြင်းဖြင့် ကျန်းမာရေးအကြောင်းအရာများနှင့် ပတ်သက်သော သတင်းအချက်အလက်/ အရောင်းမြှင့်တင်ခြင်း စာစောင် လက်ခံရရှိရန် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းရမည့် ရွေးချယ်မှုများ ရှိနိုင်ပါသည်။ တစ်ခါတစ်ရံ Hello ဆရာဝန်သည် Third parties ဝဘ်ဆိုက် သုံးစွဲသူများအား မိမိတို့၏ သတင်းစာစောင်များကို ရယူနိုင်ရန် စာရင်းပေးသွင်းခြင်းများကို ခွင့်ပြုပေးပါသည်။ သင်က Third parties ဝဘ်ဆိုက်ပေါ်တွင် ကျွန်ုပ်တို့၏ သတင်းစဉ်အား ရွေးချယ်စာရင်းသွင်းလျှင် ထိုဝဘ်ဆိုက်၏  Operator က တောင်းခံလွှာမှတဆင့် သင်၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ထံ ပေးပို့ပါသည်။ ထိုအချက်အလက်များကို သင်က Hello ဆရာဝန်သို့ တိုက်ရိုက်ပေးပို့သော အချက်အလက်များကဲ့သို့ပင် အချက်အလက်စောင့်ထိန်းခြင်းဆိုင်ရာ မူဝါဒနှင့်အညီ အသုံးပြုမည်ဖြစ်ပါသည်။ Hello ဆရာဝန် Message Boards တွင် သင်၏ ပို့စ် သို့မဟုတ် သင် ပါဝင်သောပို့စ်အတွက် Email အကြောင်းကြားမှုအား ဖွင့်ထားပါက အဆိုပါ ပို့စ်တွင် လုပ်ဆောင်မှုများရှိသည့်အခါ သင့်ထံ email ပေးပို့နေမည်ဖြစ်သည်။ နောက်ပိုင်းတွင် သင်က အဆိုပါ email ကို လက်ခံလိုခြင်းမရှိတော့ပါက Profile settings ၏ Alerts section တွင် email ပေးပို့ခြင်းကို ပိတ်ထားနိုင်သည်။

ဈေးကွက် သုတေသနပြုခြင်း

တစ်ခါတရံ Hello ဆရာဝန်မှ ကိုယ်တိုင်အတွက်ဖြစ်စေ၊ Third party အဖွဲ့အစည်းအတွက် ဖြစ်စေ၊ email ပေးပို့ခြင်း၊ Pop-up စစ်တမ်းနှင့် online အခြေပြုအဖွဲ့များမှ တဆင့် Online သုတေသနစစ်တမ်းကောက်ခံမှုများကို ပြုလုပ်ပါသည်။ စစ်တမ်းဖြေဆိုရန် သင့်တည်နေရာ၊ အသက်စသည်တို့ ဖြည့်ဆွက်ရန်လိုပါသည်။ ဈေးကွက်စစ်တမ်း ကောက်ခံခြင်းကို ကံစမ်းမဲများချိတ်ဆက်ကောက်ခံသည့်အခါ နာမည်၊ ဆက်သွယ်ရန်လိပ်စာ စသည်တို့ကို ကံစမ်းမဲများ ပေးပို့ရန် လိုအပ်ပါသည်။ စစ်တမ်းတစ်ခုတွင် သင်ဖြည့်လိုက်သည့် အချက်အလက်များကို Hello ဆရာဝန်က ဖော်ပြထားသည့် စာမူများ၏ အကျိုးသက်ရောက်မှု၊ ကြော်ြငာ သို့မဟုတ် ပရိုဂရမ်များ၏ အကျိုးသက်ရောက်မှုများကို တိုင်းတာရန်နှင့် သုတေသနပြုရန် ရည်ရွယ်အသုံးပြုခြင်းများရှိပါသည်။ ကံစမ်းမဲအစီအစဉ်များတွင် သင် ဖြည့်သည့် အချက်အလက်များသည်လည်း ကံစမ်းမဲဖောက်ခြင်းကို ဆောင်ရွက်ရန်နှင့် ဆက်စပ်သောကိစ္စရပ်များအတွက်သာ အသုံးပြုပါသည်။ ကျွန်ုပ်တို့သည် အသက် (၁၃) နှစ်အောက်လူငယ်ဟု သိပါက ဈေးကွက် သုတေသနစစ်တမ်းများတွင် ပါဝင်ရန် ဖိတ်ကြားခြင်းမပြုပါ။ Hello ဆရာဝန် သို့မဟုတ် Hello ဆရာဝန်ကိုယ်စား ပြုလုပ်သော ဈေးကွက် သုတေသနစစ်တမ်းများတွင် ဤကိုယ်ရေးအချက်အလက်များ စောင့်ထိန်းခြင်းဆိုင်ရာမူဝါဒအား ချိတ်ဆက်ဖော်ပြသော Link ပါဝင်ပါသည်။

သုံးစွဲသူ၏ သုံးသပ်ချက်များ၊ စကားပါးရန်နေရာများ နှင့် အခြား ဟစ်တိုင်(Forums) များ

Hello ဆရာဝန်ဝဘ်ဆိုက်၌ အသုံးပြုသူများမှ သုံးသပ်ချက်များ တင်ရန်၊ အချက်အလက်များ မျှဝေရန်၊ တစ်ဦးနှင့်တစ်ဦး အထောက်အပံ့ပြုရန်နှင့် ကျွမ်းကျင်သူများထံ မေးခွန်းများ မေးမြန်းနိုင်ရန်  သတင်းစကားပါးရသော နေရာများနှင့် အခြားဟစ်တိုင်များစသည့် အင်္ဂါရပ်များဖြင့် မွမ်းမံထားသည်။ ကျန်းမာရေးပညာရှင်များ ပါဝင်သည့် online ဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပေးသည်။ Booking စနစ်အပေါ် သုံးသပ်ချက်များနှင့် သတင်းစကားပါးနိုင်သည့် နေရာများသည် ထိန်းသိမ်းရန်မလိုအပ်ဟု စဉ်းစားသည့်အတွက် အများပြည်သူ သိသာစေရန် ဖွင့်ပေးထားပါသည်။

သုံးသပ်ချက်များ တင်သည့်နေရာ၊ သတင်းစကားပါးသည့် နေရာများနှင့် အခြားဟစ်တိုင်များတွင် သင်မျှဝေသော ( ကိုယ်ရေးအချက်အလက် အပါအဝင် ) အချက်အလက်များသည် အများပြည်သူ သိသာစေရန် ပုံဖော်ထားသည့် အတွက် လျှို့ဝှက်ထိန်းသိမ်းထားမည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ ဟစ်တိုင်များတွင် ကိုယ်ရေးအချက်အလက်များကို ဖော်ပြခြင်းမပြုမီ သေချာစွာ စဉ်းစားသင့်ပါသည်။ သင်တင်လိုက်တဲ့အရာများကို ကြည့်ရှုနိုင်၊ ဖွင့်ချနိုင်၊ ကြားခံအဖွဲ့များမှ စုဆောင်းနိုင်ပြီး သင် မထိန်းချုပ်နိုင်သော သို့မဟုတ် မမျှော်မှန်းနိုင်သော နည်းလမ်းများဖြင့် ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲနိုင်ပါသည်။ မည်သည့် ဝဘ်ဆိုက်ပေါ်ရှိ လူအများဆွေးနွေးနိုင်သည့်နေရာများတွင် သင့်အချက်အလက်များ ဖော်ပြထားပါက Third Parties ၏ ရှာဖွေမှုများတွင် ထိုအချက်အလက်များကို တွေ့နိုင်မည် ဖြစ်သည်။ အကယ်၍ သင့်ကိုယ်ရေးအချက်အလက်များကို သတင်းစကားပါးသည့် နေရာများတွင် မှားယွင်း ဖော်ပြမိပြီး ထိုအချက်အလက်များကို ဖယ်ရှားလိုပါက Hello ဆရာဝန်ရှိ စာမျက်နှာတိုင်းတွင် ဖော်ပြထားသော “Contact Us” ကို email ပေးပို့ပြီး ဖယ်ရှားပေးရန် တောင်းဆိုနိုင်ပါသည်။ သို့သော် အချို့သော အခြေအနေများတွင် သင့် ကိုယ်ရေးအချက်အလက်များကို ဖယ်ရှားပေးနိုင်ခြင်း မပြုနိုင်သည်များလည်း ရှိနိုင်ပါသည်။

 Hello ဆရာဝန်သို့ သင်ပေးပို့သော Email များ

ဤအချက်အလက်စောင့်ထိန်းခြင်းဆိုင်ရာမူဝါဒသည် Hello ဆရာဝန်သို့ Email မှတဆင့် သင်ပေးပို့သော အချက်အလက်၊ စာမူ၊ စီးပွားရေးသတင်းအချက်အလက်၊ အကြံဉာဏ်များ၊ သဘောတရားများ သို့မဟုတ် ဆန်းသစ်မှုများအပေါ်တွင် သက်ရောက်မှုမရှိပါ။ အကယ်၍ သင်ပေးပို့သော အချက်အလက်၊ စာမူ၊ စီးပွားရေးသတင်းအချက်အလက်၊ အကြံဉာဏ်များ၊ သဘောတရားများ သို့မဟုတ် ဆန်းသစ်မှုများကို တစ်ဦးတည်းမူပိုင်အဖြစ်ထိန်းသိမ်းလိုလျှင် Hello ဆရာဝန်သို့ Email မှတဆင့် ပေးပို့ခြင်း မပြုပါနှင့်။

 ဝန်ဆောင်မှုနှင့် အသုံးပြုသော စက်၏ အချက်အလက်များ

ဝန်ဆောင်မှုကို ရယူအသုံးပြုသည့်အခါ Hello ဆရာဝန်က ၎င်း၏ ဆာဗာတွင် သင်အသုံးပြုသော Browser သို့မဟုတ် လက်ကိုင်ဖုန်း၏ IP Address သို့မဟုတ် စက်၏ သီးသန့်အမှတ်အသား၊ Browser အချက်အလက် ( URL အပါအဝင်)၊ သင့်၏ကြိုက်နှစ်သက်မှုနှင့် setting များ၊ Cookies နှင့် သင်ကြည့်ရှုသော အကြောင်းအရာများ၊ သင်၏ လုပ်ဆောင်ချက်များ (ဥပမာ – ရှာဖွေမှုများ၊ ကြော်ငြာကြည့်ရှုမှု၊ Click နှင့် click လုပ်သော နေ့ရက်၊ အချိန်) စသည်များကို အလိုအလျောက် စုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်းများ ပြုလုပ်ပါသည်။ Hello ဆရာဝန် App အား စက်တွင် ထည့်သွင်းအသုံးပြုသည့်အခါ Hello ဆရာဝန်က အသုံးပြုသော စက်ကိရိယာ၏ Model၊ လုပ်ဆောင်သည့် စနစ်၏အချက်အလက်၊ ကြော်ငြာကုတ် (ကြော်ငြာနှင့်ပတ်သက်၍ လက်ကိုင်ဖုန်းများတွင် ပြန်လည်သတ်မှတ် ထားသော သီးခြားအမှတ်အသား)၊ App ပုံစံနှင့် အသုံးပြုမှုမှတ်တမ်းစသော တိကျသည့် အချက်အလက်များကို ရယူပါသည်။ ထိုအချက်အလက်များကို သင့် လက်ကိုင်ဖုန်း၏ တိကျသော နေရာမှရယူထားခြင်းဖြစ်သည့်အတွက် စက်၏ Settings တွင် ရယူခြင်းမပြုနိုင်ရန် Disable ပြုလုပ်ထားနိုင်ပါသည်။

Cookies နှင့်အခြားသော ခြေရာခံနည်းပညာများ

ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်များသည် သင်၏ ဝန်ဆောင်မှုအသုံးပြုခြင်းမှတဆင့် အချက်အလက်များကို စုဆောင်းရန် Cookies ကို အသုံးပြုပါသည်။ Cookies သည် Browser  တွင် ရှိသော သေးငယ်သည့် data ဖိုင်များ ဖြစ်ပြီး Hello ဆရာဝန်ဝဘ်ဆိုက်ကို အသုံးပြုသည့်အခါ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သင့် Browser ကို မှတ်သားခြင်း၊ သုံးစွဲမှုအချက်အလက်များကို စုဆောင်း သျှိုလှောင်ခြင်းများပြုလုပ်ပါသည်။ Cookies နည်းပညာအပြင် လက်ကိုင်ဖုန်းများ၏ ID များ၊ ဝဘ်စာမျက်နှာများတွင် မြှုပ်ထားသော “web beacons” ( “clear GIFs” သို့မဟုတ်  “web pixels” ဟုခေါ်သော) ရုပ်ပုံဖိုင်ငယ်များ၊ email များ စသည်တို့ကို ခြေရာခံသည့် အခြားနည်းပညာများကိုလည်း Home Server သို့ သက်ဆိုင်သည့် အချက်အလက်များပေးပို့ရန်နှင့် လုပ်ဆောင်မှုများကို စောင့်ကြည့်ရန် ရည်ရွယ် သုံးစွဲပါသည်။ ထိုခြေရာခံထားသည့်အချက်အလက်များသည် ကျွန်ုပ်တို့ မိတ်ဖက်အဖွဲ့အစည်းများမှ ရယူထားသော သင့်အမည်၊ email လိပ်စာ၊ နေရပ်လိပ်စာ စသည့် အခြား အချက်အလက်များဖြင့် ပေါင်းစပ် သိမ်းဆည်းထားပါသည်။ သို့မှသာ သင့်ထံ သင်စိတ်ဝင်စားသော အကြောင်းအရာများကို အီလက်ထရောနစ် နည်းပညာအရဖြစ်စေ၊ တိုက်ရိုက် Email ပို့၍ဖြစ်စေ ပေးပို့နိုင်ပါမည်။

ကျွန်ုပ်တို့၏ ကြော်ငြာဝန်ဆောင်မှုအတွက် အသုံးပြုသော မိတ်ဖက်ကုမ္ပဏီမှလည်း  Hello ဆရာဝန်ဝဘ်ဆိုက်ကို အသုံးပြုနေစဉ် သင့် အချက်အလက်များကို ရယူရန် Cookies နှင့် အခြား ခြေရာခံနည်းပညာများကို အသုံးပြုနိုင်သည်။ ထို Third Parties များသည် Hello ဆရာဝန်ဝဘ်ဆိုက်နှင့် အခြား Third parties ဝဘ်ဆိုက်များပေါ်တွင် ကြော်ငြာဝန်ဆောင်မှု လုပ်ဆောင်ရန် သင့်အချက်အလက်များ အသုံးပြုနိုင်ပါသည်။ Hello ဆရာဝန်သည် ထိုဝဘ်ဆိုက်များမှ ထပ်မံရရှိသော အချက်အလက်များကို အခြေခံ၍ ကြော်ငြာခြင်းလုပ်ငန်းအား သေသပ်ကောင်းမွန်စေရန် မွန်းမံဆောင်ရွက်ပါသည်။ Hello ဆရာဝန်က ကြားခံအဖြစ်အသုံးပြုသော Third parties (၂) ခုမှာ Google နှင့် Facebook တို့ ဖြစ်သည်။ Google သည် Hello ဆရာဝန်၏ ဝန်ဆောင်မှုလုပ်ငန်းအတွက် အချက်အလက်များကို စုဆောင်းပေးခြင်းအပြင် ၎င်း၏ အချက်အလက်ထိန်းသိမ်းခြင်းမူဝါဒနှင့်အညီ ထိုအချက်အလက်များကို အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို အသုံးပြုမှတဆင့် Google က မည်သို့စုဆောင်းပြီး မည်သို့သုံးစွဲသည်ကို သိလိုပါက https://www.google.com/policies/privacy/partners သို့ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ Facebook သည် Hello ဆရာဝန်အတွက် အချက်အလက်များ ပံ့ပိုးခြင်းမရှိသော်လည်း ၎င်းသည်လည်း အချက်အလက်ကို စုဆောင်းသိမ်းဆည်းပါသည်။ သို့ဖြစ်ပါ၍ Hello ဆရာဝန်ဝဘ်ဆိုက်ကို Facebook မှတဆင့် အသုံးပြုလျှင် Facebook ၏ မူဝါဒကို https://www.facebook.com/about/privacy သို့ဝင်ရောက်ဖတ်ရှုသင့်ပါသည်။

Hello ဆရာဝန်ဝဘ်ဆိုက်နှင့် အခြား မိတ်ဖက်ဝဘ်ဆိုက်များတွင် ကြော်ငြာများ ပြသနိုင်ရန် ကျွန်ုပ်တို့သည် ကြားခံကြော်ငြာကွန်ယက်များနှင့် ချိတ်ဆက်အလုပ်လုပ်ပါသည်။ ကြားခံကြော်ငြာကွန်ယက်ပံ့ပိုးသူများသည် Hello ဆရာဝန်ဝဘ်ဆိုက်နှင့် အခြား မိတ်ဖက်ဝဘ်ဆိုက်များတွင် Cookies နည်းပညာကို အခြေခံပြီး ရည်ရွယ်သူများထံ ရောက်ရှိစေသည့် ကြော်ငြာလုပ်ဆောင်ချက်အတွက် သင့်၏ စိတ်ဝင်စားမှုနှင့် ရှာဖွေလုပ်ဆောင်မှုများစသည့် အချက်အလက်များကို ရယူခြင်းဖြစ်သည်။

ကျွန်ုပ်တို့၏ App တစ်ခုခုကို သင့် လက်ကိုင်ဖုန်းတွင် Download လုပ်သည့်အခါ App ထည့်သွင်းခြင်းအတွက် ကုတ်နံပါတ်တစ်ခုချပေးသည်။ ထို App ကို သင်က မှတ်ပုံတင်အသုံးပြုလျှင် ထိုကုတ်နံပါတ်သည် သင်၏ သီးသန့်အမှတ်အသား ဖြစ်လာပါသည်။ ထိုနံပါတ်တစ်ခုရွေးချယ်အသုံးပြုမှုသည် ယေဘုယျအားဖြင့် အချက်အလက်ထိန်းသိမ်းခြင်းဆိုင်ရာ မူဝါဒတွင် ဖော်ပြခဲ့သော Cookies နှင့်သဘောသဘာဝတူညီပါသည်။ Cookies နှင့်မတူညီသည့်အချက်မှာ ထိုကုတ်နံပါတ်သည် App ကိုထည့်သွင်းခြင်းကြောင့် App က သတ်မှတ်ပေးခြင်းဖြစ်ပြီး App သည် Browser မှတဆင့် အလုပ်မလုပ်သည့်အချက်ပင်ဖြစ်သည်။ ထို့ကြောင့် ထိုကုတ်နံပါတ်ကို Setting မှ ဖယ်ရှားခြင်းမပြုနိုင်ပါ။ ထိုအချက်ကို သင်လက်မခံနိုင်ပါက App ကို အသုံးမပြုပါနှင့်။ Desktop ဖြင့် အသုံးပြုလျှင်လည်း Hello ဆရာဝန် App ၏ Cookies နှင့် အခြားခြေရာခံနည်းပညာများသည် အလုပ်လုပ်ပုံသည် လက်ကိုင်ဖုန်းတွင်အသုံးပြုသည့် App ကဲ့သို့ပင်ဖြစ်သည်။ သင့် လက်ကိုင်ဖုန်းတွင် ထည့်သွင်းထားသော App ၌ Cookies လုပ်ဆောင်ချက်ကို ငြင်းပယ်နိုင်ရန် “သင့်ရွေးချယ်မှုနှင့်အခွင့်အရေး” လုပ်ဆောင်မှုကို အောက်တွင် ဖော်ပြ ပေးထားပါသည်။

သင့်အချက်အလက်များကို အသုံးပြုပုံ

 ဝန်ဆောင်မှုအသုံးပြုခြင်းမှရသောအချက်အလက်များကို ဖော်ပြပါ ရည်ရွယ်ချက်များအတွက် အသုံးပြုပါသည်။

  • ဝန်ဆောင်မှု အသစ်များကို ဖန်တီး၊ မြင့်တင်၊ ပံ့ပိုးရန်
  • သင့်မေးခွန်းများကို ဖြေကြားပေးရန်နှင့် Hello ဆရာဝန် ဝဘ်ဆိုက်နှင့်ဝန်ဆောင်မှုများအတွက် ဆက်သွယ်ရန်
  • Hello ဆရာဝန် ဝဘ်ဆိုက်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သင့်၏အကြံပြုချက်များကို ရယူရန်
  • သတင်း၊ ကြေညာချက်၊ အသိပေးချက်၊ အခွင့်အလန်းစသော သင့်စိတ်ဝင်စားမှုအား အခြေပြုသည့် ဝန်ဆောင်မှုများကို Hello ဆရာဝန်မှ သင့်ထံ အီလက်ထရောနစ်စာလွှာများနှင့် သီးခြား email များ ပေးပို့ရန်
  • Hello ဆရာဝန်၏ မည်သည့်နေရာများကို ဝင်ရောက်ကြည့်ရှုသည်၊ ဝန်ဆောင်မှုများကို မည်သို့ရယူသုံးစွဲသည်၊ email မည်မျှလက်ခံရ၍ မည်မျှဖွင့်ဖတ်သည်စသော သုံးစွဲသူများ၏ အမူအကျင့်နှင့်လုပ်ဆောင်ချက်များ၊ ခေတ်ရေစီးကြောင်းများကို စာရင်းပြုစု လေ့လာရန်
  • အသက်အရွယ်၊ ကျား/မ ကွဲပြားမှုနှင့် စိတ်ဝင်စားမှုများကိုလိုက်၍ ကြော်ငြာများ အပါအဝင် အကြောင်းအရာများကို ပံ့ပိုးပေးနိုင်ရန်
  • သုံးစွဲသူဖြစ်နိုင်ချေရှိသောသူများ (Potential customers) ကို ဖော်ထုတ်၍ ဝန်ဆောင်မှုပေးနိုရန်

သုံးစွဲသူများနှင့် မိမိဝန်ဆောင်မှုအပေါ် ချိန်းခြောက်မှုများ၊ လိမ်လည်မှုများမှ အကာအကွယ်ပေးနိုင်ရန်

  • မိမိတို့ဝန်ဆောင်မှုရှိ ပြသနာများကို ဖော်ထုတ်ပြုပြန်နိုင်ရန်
  • လုပ်ဆောင်မှုများကို တိုင်းတာရန်နှင့် လေ့လာဆန်းစစ်မှုများပြုရန်
  • သင် အသုံးပြုသည့်အကောင့်ကို စီမံဆောင်ရွက်ရန်

Hello ဆရာဝန်သည် သင့်အချက်အလက်များ စုဆောင်းသည့်အချိန်က ဖော်ပြခဲ့သော အခြားရည်ရွယ်ချက်များ အတွက် သင်၏ ခွင့်ပြုချက်ရယူခြင်းနှင့်/သို့မဟုတ် မရယူခြင်းနှင့်လည်း အချက်အလက်များကို အသုံးပြုပါသည်။

Hello ဆရာဝန်သည် သင်၏ ကိုယ်ရေးအချက်အလက်များ၊ ဝန်ဆောင်မှုအသုံးပြုခြင်းအချက်အလက်များနှင့် ပြင်ပ အရင်းအမြစ်များမှရယူထားသော အချက်အလက်များကို ပေါင်းစည်းပါသည်။ ဥပမာ – Hello ဆရာဝန်မှ အချက်အလက်များနှင့် Third parties မှ လေ့လာရန်ရည်ရွယ်စုဆောင်းသည့် အချက်အလက်များ ပေါင်းနိုင်သည်။ ထိုအချက်များတွင် အသက်၊ ကျား/မ၊ နေရာဒေသ၊ စိတ်ဝင်စားမှု၊ ဝယ်ယူမှုနှင့် အခြားအချက်အလက်များ ပါဝင်သည်။ ထိုအချက်အလက်များကို စုပေါင်း၍ သုံးစွဲသူများ ပြန်လည်စီစစ်မရနိုင်သော ကျစ်လစ်သည့် တင်ပြလွှာတစ်ခုအဖြစ် ပြုပြင်၍ ကျွန်ုပ်တို့၏ လက်ရှိ သို့မဟုတ် နောင်ဖြစ်လတ္တံ့သော ကြော်ငြာထည့်သွင်းသူများနှင့် စီးပွားရေး မိတ်ဖက်များထံ ပေးပို့ပါသည်။

သင့်အချက်အလက်များအား ဝေမျှခြင်း

Hello ဆရာဝန်၏ လက်အောက်ခံကုမ္ပဏီများနှင့် တွဲဖက်ကုမ္ပဏီများ

 သင့်အချက်အလက်များကို ကျွန်ုပ်တို့၏ လက်အောက်ခံကုမ္ပဏီများ၊ တွဲဖက်ကုမ္ပဏီများနှင့် ကျွန်ုပ်တို့က ဝယ်ယူထားသော သို့မဟုတ် ပူးပေါင်းထားသော ကုမ္ပဏီများသို့ မျှဝေနိုင်သည်။ Hello ဆရာဝန်သည် ကုမ္ပဏီ ရောင်းချခြင်း သို့မဟုတ် အခြားကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းခြင်း သို့မဟုတ် ကုမ္ပဏီ၏ပိုင်ဆိုင်မှုများ ရောင်းချခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုပါက သင့်အချက်အလက်များကို Hello ဆရာဝန်အား ဝယ်ယူလိုက်သော သို့မဟုတ် ထိမ်းချုပ်နိုင်သောသူသို့ လွှဲပြောင်းမည်ဖြစ်သည်။ ထိုကဲ့သို့အပြောင်းအလဲမျိုးတွင် “အချက်အလက် စောင့်ထိန်းခြင်း ဆိုင်ရာမူဝါဒအား ပြင်ဆင်ခြင်း” ဟူသောအပိုဒ်၏ ပြဌာန်းချက်များအတိုင်း ပြင်ဆင်ပြောင်းလဲခြင်း မပြုပါက သင့်အချက်အလက်များကို မူဝါဒနှင့်အညီ လက်ခံသူက ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်သည်။

Hello ဆရာဝန်နှင့် အလုပ်လုပ်သည့် ကုမ္ပဏီများနှင့် ကန်ထရိုက်တာများ

Hello ဆရာဝန်သည် နည်းပညာ၊ အချက်အလက်များ ခွဲခြမ်းစိတ်ဖြာခြင်း၊ သုတေသနပြုခြင်း၊ email များ စီမံခြင်းနှင့် အသုံးချခြင်း၊ ကံစမ်းမဲအစီအစဉ်များ၊ ပြိုင်ပွဲများပြုလုပ်ခြင်း၊ ကြော်ငြာခြင်းနှင့် အရောင်းမြှင့်တင်ခြင်းစေသာ ဝဘ်ဆိုက်/App ၏ ဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုများကို လုပ်ဆောင်နိုင်ရန် Third Parties ကုမ္ပဏီများ၊  ကန်ထရိုက်တာများနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ တခါတရံ Hello ဆရာဝန်၏ ကန်ထရိုက်တာများသည် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို Hello ဆရာဝန်သို့ ပံ့ပိုးပေးနိုင်ရန် သင့်၏အချက်အလက်များကို လိုအပ်သည့် အတိုင်းအတာအထိ ရယူပါသည်။ သို့သော် ကန်ထရိုက်တာများသည် Hello ဆရာဝန်ကို ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင်ချက်များ ပံ့ပိုးခြင်းအတွက်မှလွဲ၍ သင့်အချက်အလက်များကို အခြားရည်ရွယ်ချက်များဖြင့် အသုံးမပြုရန် သို့မဟုတ် ဖွင့်ဆိုခြင်းမပြုရန် သဘောတူစာချုပ်များချုပ်ဆိုထားပါသည်။

ကြော်ငြာထည့်သွင်းသည့် Third party ကုမ္ပဏီများနှင့် Third parties ဝဘ်ဆိုက်များ

 Cookies ID သို့မဟုတ် IP Address ကဲ့သို့ သင်၏အချက်အလက်များကို Hello ဆရာဝန်၏ကိုယ်စားဖြစ်စေ၊ ကြော်ငြာခြင်းများအား Hello ဆရာဝန်နှင့် Third parties ၏ ဝဘ်ဆိုက်များတွင် ဖော်ပြရန်ဖြစ်စေ၊ ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သော Third parties များသို့ မျှဝေပါသည်။

Hello ဆရာဝန်ဝဘ်ဆိုက်မှ သင်ကြည့်ရှုနိုင်သော အချို့သော အကြောင်းအရာ၊ ဝန်ဆောင်မှုနှင့် ကြော်ငြာများသည် Hello ဆရာဝန်မဟုတ်သည့် အခြားသော Third Parties ကုမ္ပဏီတစ်ခု၏ ဝဘ်ဆိုက်တွင် သိမ်းဆည်းထားခြင်း၊ ချိတ်ဆက်ထားခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းများ ရှိပါသည်။ Hello ဆရာဝန်က သင်၏ ခွင့်ပြုချက်မရှိဘဲ သင့်အချက်အလက်များကို မဝေမျှပါ။ သို့သော် အဆိုပါ Third Party ဝဘ်ဆိုက်သို့ ဝင်ရောက်သည့်အခါ ထိုဝဘ်ဆိုက်များသို့ သင်ပေးလိုက်သည့် အချက်အလက်များသည် ယခုမူဝါဒနှင့် သက်ဆိုင်ခြင်းရှိမည်မဟုတ်သည်ကို သတိပြုရပါမည်။ Hello ဆရာဝန်သည် အဆိုပါ Third parties ဝဘ်ဆိုက်များ၏ အချက်အလက်စောင့်ထိန်းခြင်း လုပ်ထုံးများကို ကောင်းမွန်ကြောင်း အတည်မပြုနိုင်သည့်အပြင် ထို့အတွက်လည်း တာဝန်လည်းမရှိပါ။ သင့်အချက်အလက်များကို Third Parties များကို မည်သို့ စုဆောင်း၍ အသုံးပြုနိုင်သည်ကို သိရန် ၎င်းတို့ ဝဘ်ဆိုက်များတွင် ဖော်ပြထားသော အချက်အလက်စောင့်ထိန်းခြင်းဆိုင်ရာမူဝါဒကို ဖတ်ရှုသင့်ပါသည်။ Hello ဆရာဝန်အနေဖြင့် Hello ဆရာဝန်ဝဘ်ဆိုက်မှ ထွက်၍ Third Parties ဝဘ်ဆိုက်ပေါ်သို့ သင်ရောက်ရှိသွားသည်ကို သိသာစေရန် Link ကို Click နှိပ်ခြင်း သို့မဟုတ် Third Parties ဝဘ်ဆိုက်သို့မဝင်မီ အချက်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးမည်ဖြစ်သည်။ ထို့အပြင် “ Powered By” သို့မဟုတ် “in association with” ဟူသော စကားရပ်နောက်၌ ကုမ္ပဏီအမည်တစ်ခုခုကို သင်မြင်လျှင် သင်သည် Hello ဆရာဝန်မဟုတ်သည့် ဝဘ်ဆိုက်တစ်ခုသို့ ရောက်နေခြင်းပင် ဖြစ်သည်။  Hello ဆရာဝန်၏ မိတ်ဖက်ကုမ္ပဏီတစ်ခုနှင့် တွဲလျှက် ပေးသော ( Co-Branding )ဝန်ဆောင်မှုတစ်ခုကို သင်အသုံးပြုသည့်အခါ သို့မဟုတ် စာရင်းသွင်းသည့်အခါ သို့မဟုတ် အချက်အလက်များပေးသည့်အခါ ရရှိသော အချက်အလက်များကို ထိုမိတ်ဆက်ကုမ္ပဏီသို့ အချက်အလက်များ ပေးပို့နိုင်သည်။

ကျွန်ုပ်တို့သည်  Hello ဆရာဝန်ဝဘ်ဆိုက်တွင် ဆိုရှယ်မီဒီယာဝန်ဆောင်မှုများကို လုပ်ဆောင်နိုင်ရန် (ဥပမာ – ဆောင်းပါးတစ်ခုကို မျှဝေရန်) “Social widgets” များကိုလည်း ထည့်သွင်းထားပါသည်။ ထို Widgets များသည် ရှာဖွေမှုမှတ်တမ်းများကို ရယူနိုင်ပြီး ထိုအချက်အလက်များကို Widgets များ ပံ့ပိုးထားသည့် လူမှုကွန်ယက်များက ထိန်းချုပ်နိုင်သည်။ အချက်အလက်စောင့်ထိန်းခြင်းနှင့်ပတ်သက်၍ သင်နှစ်သက်သလို ထို လူမှုကွန်ယက်အား တိုက်ရိုက် စီမံထိန်းချုပ်နိုင်ပါသည်။

ဥပဒေ၊ နည်းဉပဒေများအားလိုက်နာခြင်းနှင့် ဉပဒေအရ တောင်းဆိုခြင်းများ

 အစိုးရ၊ ဥပဒေအရာရှိများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ပြုရန် ထိုသို့သော အခြေအနေများတွင် ကိုယ်ရေးအချက်အလက်များကို ပေးအပ်ပါသည်။

၁)   ဉပဒေ၊  နည်းဥပဒေ၊ ရှာဖွေဝရမ်း၊ သမ္မန်စာနှင့် တရားရုံး၏အမိန့်စသည့် ဥပဒေအရ လိုက်နာဖွယ်ရာများ

၂) ကျွန်ုပ်တို့၏ အခွင့်အရေးကို ကာကွယ်ရန်၊ သင်၏ လုံခြုံရေး သို့မဟုတ် အခြားသူများ၏ လုံခြုံရေးကို စောင့်ရှောက်ရန်၊ လိမ်လည်မှုများ စုံစမ်းရန်၊ အစိုးရ၏တောင်းဆိုချက်များကို တုံ့ပြန်ရန် ကောင်းမွန်သော လုပ်ဆောင်ချက်ဟု ယူဆသည့်အခါ

၃) သင် သို့မဟုတ် အခြားသူများကို အန္တရာယ်ရှိနိုင်သည်ကို တားဆီးရန် သို့မဟုတ် သင်/အခြားသူများ၏ ဉစ္စာပစ္စည်းကို ကာကွယ်ရန် သို့မဟုတ် ဉပဒေအရ အခွင့်အရေးကို ခုခံပြောဆိုရန် စသော အထူးကိစ္စရပ်များ

အထက်ပါ အခြေအနေများအပြင် အောက်ဖော်ပြပါကိစ္စများတွင်လည်း ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော် ပေးအပ်ပါသည်။

 သင့်အချက်အလက်များကို ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်း

 သင့်ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပေးရန် ကျွန်ုပ်တို့သည် လုံခြုံရေးအစီအမံများထားရှိသည်။ သို့သော် မသက်ဆိုင်သည့် အခြားအဖွဲ့အစည်းများမှ သင့်အချက်အလက်များကို internet တွင် ကြားဖြတ်၍ ရယူနိုင်သည့် အခြေအနေများ အမြဲတမ်းရှိနေပါသည်။

သင့်အချက်အလက် လုံခြုံမှုသည် ကျွန်ုပ်တို့အလေးထားရသော အချက်ဖြစ်သည်။ (ကျန်းမာရေး အချက်အလက်များ အပါအဝင်)  သင့်ကိုယ်ရေးအချက်အလက်များကို ထည့်သွင်းသည့်အခါ ကျွန်ုပ်တို့သည် ထိုအချက်အလက်များကို ကုတ်အသွင်ပြောင်း၍ ထိန်းသိမ်းခြင်း သို့မဟုတ် SSL နည်းပညာကို အသုံးပြု၍ ထိန်းသိမ်းခြင်းများ ပြုလုပ်ပါသည်။

သင့်အကောင့် အသုံးပြုနေသရွေ့ သို့မဟုတ် ဝန်ဆောင်မှုပေးနေသရွေ့ သင့်အချက်အလက်များကို ထိန်းသိမ်းထားမည် ဖြစ်သည်။ အချိန်မရွေး ထိုအချက်အလက်များကို သင်က ဖယ်ရှားနိုင်သလို ဖယ်ရှားရန် ကျွန်ုပ်တို့ကို ညွှန်ကြားနိုင်ပါသည်။ သို့သော် Hello ဆရာဝန်သို့ ပေးထားသည့် အချက်အလက်မှတ်တမ်းများကို တစ်ခုမကျန် ကျွန်ုပ်တို့၏ ဆာဗာမှ ဖယ်ရှားရန် နည်းပညာ မဖြစ်နိုင်သည်ကို သိသင့်ပါသည်။ သင့်ကိုယ်ရေး အချက်အလက်များကို ပြင်ဆင်ရန် သို့မဟုတ် ဖယ်ရှားနိုင်ရန်အတွက် ပိုမိုသိလိုပါက “သင့်ရွေးချယ်မှုနှင့်အခွင့်အရေးများ” ကို ဖတ်ရှုပါ။ ဥပဒေအရ တာဝန်ရှိသည်များကိုလိုက်နာရန်၊ အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့် သဘောတူညီမှုများ ပိုမိုရနိုင်ရန် လိုအပ်ပါက သင့်အချက်အလက်များကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပါသည်။

သင့်ရွေးချယ်မှုနှင့် အခွင့်အရေးများ

သင့်ကိုယ်ရေး အချက်အလက်များကို ပြင်ဆင်ခြင်း/ ဖယ်ရှားခြင်း

 ဤမူဝါဒနှင့်အညီ Hello ဆရာဝန်က သင့်ကိုယ်ရေးအချက်အလက်များကို အသုံးပြုခြင်းအား မနှစ်သက်ပါက Hello ဆရာဝန်၏ ဝဘ်ဆိုက်၊ App နှင့်ဝန်ဆောင်မှုများကို အသုံးမပြုသင့်ပါ။ သင်ဖြည့်ခဲ့သော ကိုယ်ရေး အချက်အလက်များကို ထိုဝန်ဆောင်မှုဆီသွား၍ ပြင်ဆင်ခြင်း၊ သုံးသပ်ခြင်းများအား ဝင်ရောက်ပြောင်းလဲနိုင်ပါသည်။ ထို့အပြင် ဝဘ်ဆိုက်စာမျက်နှာတိုင်း၏ အောက်ခြေတွင်ဖော်ပြထားသော “Contact Us” မှတဆင့်လည်းကောင်း၊ အောက်တွင်ဖော်ပြထားသော လိပ်စာကို ဆက်သွယ်၍လည်းကောင်း သင့်ကိုယ်ရေးအချက်အလက်များကို ပြင်ဆင် နိုင်ပါသည်။

သင်က စာရင်းသွင်းခြင်းပြုလုပ်ထားပြီး ကျွန်ုပ်တို့တွင်ရှိသော သင့်၏စာရင်းသွင်းအချက်အလက်များကို ဖျက်လိုပါက “သင့်ကိုယ်ရေးအချက်အလက် သို့မဟုတ် ထိန်းသိမ်းခြင်းအတွက် Hello ဆရာဝန်သို့ဆက်သွယ်ခြင်း” ဟူသော ခေါင်းစဉ်အောက်တွင်ဖော်ပြထားသည့် လိပ်စာအား ကျေးဇူးပြု၍ ဆက်သွယ်ပါ။ သင်၏တောင်းဆိုချက်အရ ကျွန်ုပ်တို့၏ Database နှင့် ကြားခံသိမ်းဆည်းနေရာမှ သင်စာရင်းသွင်းထားသည့် အချက်အလက်များကို ဖျက်ပေးမည်ဖြစ်မည် ဖြစ်သည်။ သို့သော် Hello ဆရာဝန်သို့ ပေးထားသည့် အချက်အလက်မှတ်တမ်းများကို တစ်ခုမကျန် ကျွန်ုပ်တို့၏ ဆာဗာမှ ဖယ်ရှားရန် နည်းပညာ မဖြစ်နိုင်သည်ကို သိထားသင့်ပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှု (သတင်းလွှာအပါအဝင်) များနှင့်ပတ်သက်၍ Email လက်ခံလိုသည်ဟု စာရင်းသွင်း ထားသော်လည်း Hello ဆရာဝန် သို့မဟုတ် ကြော်ငြာရှင်များထံမှ email များလက်ခံခြင်း သို့မဟုတ် သတင်းလွှာများလက်ခံခြင်းကို အချိန်မရွေး ပြန်လည်ရုတ်သိမ်းနိုင်ပါသည်။

သတင်းလွှာ email များပေးပို့ခြင်းကို သင် အောက်ပါနည်းလမ်းများအတိုင်း unsubscribe လုပ်နိုင်ပါသည်။

  • သတင်းလွှာ၏ အောက်ခြေတွင်ဖော်ပြထားသည့် ညွှန်ကြားချက်များအတိုင်း လုပ်ခြင်းနှင့် Email တွင်ပါသော “Unsubscribe” link ကို အသုံးပြုခြင်း
  • Hello ဆရာဝန်ဝဘ်ဆိုက်ကို ဝင်ပြီး “My Profile” အောက်ရှိ သတင်းလွှာကို ဝင်မကြည့်ခြင်း

Hello ဆရာဝန်မှ ပို့သော မြှင့်တင်ရေး email များ၊ ကြော်ငြာရှင်များကိုယ်စား ပေးပို့သောအချက်အလက်များတွင် သင် re-subscribe မလုပ်မချင်း ယခုကဲ့သို့သော email များနောက်နောင် မပေးပို့စေရန် Unsubscribe လုပ်နိုင်ပါသည်။

Cookies

Browser အများစုသည် Cookies ကိုငြင်းပယ်ရန် စီမံထားသည်။  Browser အများစု၏ toolbar တွင် ဖော်ပြထားသော “Help” သို့မဟုတ် “Settings” သို့မဟုတ် “ Preferences”  နေရာ၌ Cookies အားမည်သို့ငြင်းပယ်ရမည်ကို ညွှန်ကြားချက်များပေးထားသည်။ Cookies နှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက ကျွန်ုပ်တို့၏ Cookies မူဝါဒကို ဖတ်ရှုပါ။

လက်ကိုင်ဖုန်းအား ထိန်းချုပ်မှုမှ ထွက်ခြင်း

သင့်လက်ကိုင်ဖုန်းအား စိတ်ဝင်စားမှုကို အခြေခံသည့် ကြော်ငြာများ ပေးပို့ခြင်းကို ထိန်းချုပ်ရန် သင့်၏ iOS စနစ် လက်ကိုင်ဖုန်း ၏ Settings တွင် “Limit Ad Tracking” ကိုလည်းကောင်း၊ Android စနစ် လက်ကိုင်ဖုန်း၏ Settings တွင် “Opt out of Ads Personalization”ကိုလည်းကောင်း Enable ပြုလုပ်နိုင်သည်။ ထိုသို့လုပ်ခြင်းသည် ကြော်ငြာများမြင်ရခြင်းကို တားဆီးနိုင်မည်မဟုတ်သော်လည်း သင့်စိတ်ဝင်စားမှုအား လက်ကိုင်ဖုန်းမှတဆင့် မှတ်သားနေခြင်းကို ကန့်သတ်လိုက်မည်ဖြစ်သည်။  အကယ်၍ သင်၏လက်ကိုင်ဖုန်းမှ Cookies ကိုဖယ်ရှားခြင်းနှင့် ပတ်သက်၍ သိလိုသည်များရှိသေးပါက ထိုလက်ကိုင်ဖုန်းကို ထုတ်လုပ်သူများထံ မေးမြန်းစူးဆန်းပါ။

ကလေးသူငယ်များ

ကျွန်ုပ်တို့သည် ကလေးသူငယ်များ၏ ကိုယ်ရေးကိစ္စများကို ကာကွယ်ပေးရန် ကတိကဝတ်ပြုထားပါသည်။ Hello ဆရာဝန်ဝဘ်ဆိုက်အား အသက် (၁၃)နှစ်အောက် ကလေးငယ်များအား သုံးစွဲခြင်းပြုလာစေရန် ရည်ရွယ် ရေးဆွဲထားခြင်း မဟုတ်ပါ။ Hello ဆရာဝန်ဝဘ်ဆိုက်သည် အသက် (၁၃) နှစ်အောက်ဟု သိသောသူများ၏ ကိုယ်ရေးအချက်အလက်များကို စုဆောင်းခြင်းမပြုပါ။

မြန်မာနိုင်ငံ၏ ပြင်ပမှသုံးစွဲနေသူများ သိသင့်သည်များ

ကျွန်ုပ်တို့၏ နည်းပညာရပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုများသည် ဗီယက်နမ်နိုင်ငံတွင် ရှိသည်။ ကျွန်ုပ်တို့ထံ သင်ပေးလိုက်သော ကိုယ်ရေးအချက်အလက်များကိုမူ စင်္ကာပူနိုင်ငံတွင် သိမ်းဆည်းထားပါသည်။ အကယ်၍ သင်က အခြားနိုင်ငံတစ်ခုတွင် နေထိုင်သူဖြစ်ပါက သင့်၏ အချက်အလက်များကို ယခုမူဝါဒဖြင့် သိမ်းဆည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းများပြုလုပ်သော စင်္ကာပူနိုင်ငံသို့ လွှဲပြောင်းပေးရမည်ကို သိရှိထားရပါမည်။ သင့်အချက်အလက်များကို အခြားနိုင်ငံများတွင် လုပ်ငန်း ဆောင်ရွက်နေသော ဝန်ဆောင်မှုပံ့ပိုးသူများကိုလည်း လွှဲပြောင်းခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။

ကျွန်ုပ်တို့ ဝန်ဆောင်မှုကိုသုံးစွဲရာ၌ စင်္ကာပူနိုင်ငံနှင့် Hello Health Group၏ စီရင်ပိုင်ခွင့်ရှိသောနေရာများတွင် ထိုသို့စုဆောင်းခြင်း၊ သိမ်းဆည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းကို သင် သဘောတူခွင့်ပြုရပါမည်။ အချို့သော စီရင်ခွင့်ရှိသော နေရာများသည် အချက်အလက်များ ကာကွယ်ပေးခြင်းနှင့်ပတ်သက်၍ သင့်နိုင်ငံကဲ့သို့ လုံလောက်သောအားထုတ်မှု ရှိနိုင်မည်မဟုတ်ပါ။ ထိုသို့သော အခြေအနေမျိုးတွင် သင့်နိုင်ငံ၏ ဥပဒေနှင့်ဖြစ်စေ၊ စင်္ကာပူနိုင်ငံ၏ ကိုယ်ရေးအချက်အလက်များ ကာကွယ်ပေးခြင်းအက်ဥပဒေနှင့်ဖြစ်စေ ပို၍တင်းကြပ်သောဥပဒေ၏ အကာအကွယ်ရနိုင်ရန် ကျွန်ုပ်တို့ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။ သင့်၏ အချက်အလက်များကို မြန်မာနိုင်ငံ၏ အစိုးရ သို့မဟုတ် မြန်မာနိုင်ငံ၏ ဥပဒေလုပ်ငန်းများကို ဆောင်ရွက်နေသောအဖွဲ့အစည်းက ရယူနိုင်မည်ကို သိနားလည်ရပါမည်။

သင့်ကိုယ်ရေးအချက်အလက် (သို့) ကိုယ်ရေးကိစ္စနှင့်ပတ်သက်၍ Hello ဆရာဝန်သို့ဆက်သွယ်ဆောင်ရွက်ခြင်း

ကျွန်ုပ်တို့ ထိန်းသိမ်းထားသော သင့်ကိုယ်ရေးအချက်အလက် သို့မဟုတ် အချက်အလက်စောင့်ထိန်းခြင်းဆိုင်ရာမူဝါဒ နှင့်ပတ်သက်၍ သိလိုသည်များရှိပါက ဝဘ်ဆိုက်စာမျက်နှာတိုင်း၏ အောက်ခြေတွင် ဖော်ပြထားသော “Contact Us” သို့ email ပေးပို့နိုင်သည်။ ကျွန်ုပ်တို့သည် သင့်လျော်သည့်အချိန်အတွင်း သင့်တောင်းဆိုချက်များကို တုံ့ပြန်ဖြေဆို ပါမည်။

ဟယ်လိုဟက်သ်ဂရုကိုလည်း အောက်ပါလိပ်စာသို့ ဆက်သွယ်နိုင်သည်။

Hello Health Group Pte. Ltd.

10 Anson Road

#27-15 International Plaza

079903 Singapore

တိုင်ကြားချက်များအား [email protected] သို့ပေးပို့နိုင်သည်။ ကိုယ်ရေးကိစ္စဆိုင်ရာ အရာရှိက တိုင်ကြားချက်ကို လက်ခံရရှိကြောင်း အတည်ပြုပါလိမ့်မည်။ ထို့နောက် ဖြစ်ပွားနိုင်ချေရှိသော ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပါမည်။ Hello ဆရာဝန်သည် မည်သည့်တိုင်ကြားချက်ကိုမဆို လက်ခံရရှိပြီး ရက်ပေါင်း (၆၀) အတွင်း ဖြေရှင်းနိုင်ရန် ကြိုးပမ်းအားထုတ်ပါမည်။ ပြည့်စုံမှန်ကန်သော ဖြေရှင်းမှုများပြုနိုင်ရန် လိုအပ်သော အချက်အလက်များ ရှိပါကလည်း မေးမြန်းရယူမည်ဖြစ်သည်။

မူဝါဒအား ပြောင်းလဲခြင်း

ကျွန်ုပ်တို့သည် ယခုမူဝါဒအား ပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများပြုနိုင်သည့် အခွင့်အာဏာရှိသည်။ ထို့အပြင် ကျွန်ုပ်တို့၏ မည်သည့်ဝန်ဆောင်မှုကိုမဆို အချိန်မရွေး ပြောင်းလဲနိုင်ပြီး ထိုပြောင်းလဲမှုများသည် ဖော်ပြထားသည့်အချိန်မှစ၍ အသက်ဝင်ပါသည်။ ကျွန်ုပ်တို့သည် မူဝါဒဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ပါက Hello ဆရာဝန်ဝဘ်ဆိုက်တွင် အကြောင်းကြားစာတင်ခြင်းနှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ စာရင်းသွင်းသုံးစွဲသူများထံ (စာရင်းသွင်းစဉ်ကဖြည့်သည့် email လိပ်စာသို့) email ပို့ခြင်းဖြင့် ကြိုတင်အသိပေးပါမည်။ မူဝါဒပြောင်းလဲပြီးနောက် ဝဘ်ဆိုက်ကို ဆက်လက်သုံးစွဲခြင်းသည် ထိုပြောင်းလဲခြင်းအား သဘောတူသည်ဟု မှတ်ယူပါမည်။ ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်း လုပ်ထုံးလုပ်နည်းများ၏ နောက်ဆုံးအပြောင်းအလဲကို သိနိုင်ရန် မကြာခဏ ဝင်ရောက်ဖတ်ရှုရန် တိုက်တွန်းလိုပါသည်။ အကယ်၍ သင်သည် ထိုမူဝါဒပါ စည်းမျဉ်းများအား လက်မခံနိုင်ပါက စာရင်းပေးသွင်းခြင်းနှင့် ဝဘ်ဆိုက်အား အသုံးပြုခြင်း မပြုရန် တောင်းဆိုပါသည်။ ထိုသို့ လိုက်နာနိုင်ခြင်းမရှိပါက ကျေးဇူးပြု၍ Hello ဆရာဝန်ဝဘ်ဆိုက်မှ အမြန်ဆုံး ထွက်ခွာသင့်ပါသည်။