တန်ကြေး အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ဝန်းကျင်သာကျသင့်မှာဖြစ်ပြီး အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီ ပူးပေါင်းဖန်တီးထားတဲ့ Oxford/AstraZeneca ကိုဗစ်ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက အသုံးပြုခွင့် ထောက်ခံချက် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
ထွက်မှာ သေချာပြီလား။
တန်ကြေး အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ဝန်းကျင်သာကျသင့်မှာဖြစ်ပြီး အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီ ပူးပေါင်းဖန်တီးထားတဲ့ Oxford/AstraZeneca ကိုဗစ်ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက အသုံးပြုခွင့် ထောက်ခံချက် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
ဗြိတိန်ကျန်းမာရေး အာဏာပိုင်တွေရဲ့ ယခုဆုံးဖြတ်ချက်ကြောင့် Oxford/AstraZeneca ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုမှု ပိုမိုတွင်ကျယ်လာဖို့ရှိနေပြီး နိုင်ငံတကာမှာလည်း ခွင့်ပြုချက်တွေ ဆက်လက်ရရှိလာဖို့ လမ်းပွင့်သွားခဲ့ပါတယ်။
ဒါ့အပြင် ဒီဆုံးဖြတ်ချက်ကြောင့် ဗြိတိန်နိုင်ငံရဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်ကလည်း ပိုကြီးမားကျယ်ပြန့်လာတော့မှာပါ။ ဗြိတိန်အစိုးရဟာ နိုင်ငံသား သန်း ၅၀ အတွက် Oxford/AstraZeneca ကိုဗစ်ကာကွယ်ဆေး အလုံးရေသန်း ၁၀၀ မှာယူထားပါတယ်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်ကိုတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်မှာ စတင်ထိုးနှံပေးမှာဖြစ်ပြီး အသက် ၁၈ နှစ်အထက် နိုင်ငံသားတိုင်းကို ထိုးနှံပေးသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဆိုခဲ့ပါတယ်။ လာမယ့်နှစ် ပထမသီတင်းပတ် အနည်းငယ်အတွင်း အရှိန်မြှင့် ထိုးနှံသွားဖို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနက ရည်ရွယ်ထားတာပါ။
ယခုဇန်နဝါရီလထိုးနှံမှုမှာ ဆေးအလုံးရေ ၅၃၀၀၀၀ နဲ့ စတင်သွားမှာဖြစ်ပြီး ဖေဖော်ဝါရီလရောက်ရင် သန်းချီတဲ့ ပမာဏအထိ မြှင့်တင်သွားဖို့ ဗြိတိန်ဘက်က စီစဉ်နေပါတယ်။ ဗြိတိန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကလည်း အမေရိကန်ထုတ် Pfizer/BioNTech ကာကွယ်ဆေးဝါးကို ထိုးနှံမှုတွေပြုလုပ်နေခဲ့တဲ့ တိုင်းပြည်ပါ။
အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးက ၂ ကြိမ်လုံးမှာ ဆေးပမာဏအပြည့် ထိုးပေးရင် ကိုဗစ်-၁၉ ရောဂါကို ၇၀.၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ပထမအကြိမ်မှာ ဆေးပမာဏ တစ်ဝက်မှာ ၆၂ ရာခိုင်နှုန်း၊ ၄ ပတ်ကနေ ၁၂ ပတ်အတွင်းမှာ ဒုတိယတစ်ကြိမ်ထပ်မံထိုးနှံမှုပြီးရင် ရောဂါကို ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်းရှိလာမှာ ဖြစ်တယ်လို့ ကမ္ဘာ့ထိပ်တန်း ကျန်းမာရေးစာစောင် Lancet က ဆိုထားပါတယ်။
အောက်စ်ဖို့ဒ်ရဲ့ ဒီဆေးဟာ တန်ကြေးချိုသာသလို အလုံးအရင်းလိုက် ထုတ်လုပ်ဖို့အတွက်လည်း အိန္ဒိယက Serum Institute နဲ့ စာချုပ်ချုပ်ဆိုထားတာမို့ ကမ္ဘာတစ်ဝှမ်းက ဆင်းရဲချိုတဲ့လှတဲ့ တိုင်းပြည်တွေအတွက် သတင်းကောင်းတစ်ခုဖြစ်လာပါတယ်။ ဒါ့အပြင် ဒီဆေးဟာ အမေရိကန်ထုတ် ဆေးဝါးတွေကို ရေခဲမှတ်အောက်မှာ သိုလှောင်စရာမလိုဘဲ သာမန်ရေခဲသေတ္တာထဲမှာပဲ သိုလှောင်နိုင်တဲ့အတွက်လည်း အလွယ်တကူသယ်ယူပို့ဆောင်နိုင်သလို ကုန်ကျစရိတ်ပါ လျော့နည်းသွားစေမှာပါ။
ဒီဆေးဝါးကို ဗြိတိန်နိုင်ငံက အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပေမယ့် အမေရိကန်ပြည်ထောင်စုကတော့ အသုံးပြုခွင့်မပြုသေးပါဘူး။ Oxford/AstraZeneca ဘက်ကတော့ မကြာခင်မှာ US မှာလည်း ခွင့်ပြုချက်ရဖို့ မျှော်လင့်နေပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ အခြေစိုက် Serum Institute က ထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးကို ဝယ်ယူဖို့ ကြိုတင်သဘောတူညီချက်ကို နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါတယ်။
Serum Institute of India ဟာ Oxford/AstraZeneca ဆေးဝါးကို အလုံးအရင်းနဲ့ ထုတ်လုပ်ပေးမယ့် ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ရဲ့ ဆေးဝါးဖြစ်တဲ့ Covidshield ကလည်း Oxford/AstraZeneca ရဲ့ နည်းပညာကို အခြေခံပြီးဖန်တီးထားတာပါ။ ကုမ္ပဏီရဲ့ CEO ကလည်း သူတို့ထုတ် ကာကွယ်ဆေး ၂ မျိုးလုံးဟာ အသုံးချဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဗြိတိန်အစိုးရနဲ့ အိန္ဒိယအစိုးရဆီက တရားဝင်ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပြီလို့ ဆိုထားပါတယ်။ ခုချိန်မှာ ဗြိတိန်ဘက်က Oxford/AstraZeneca ကို ခွင့်ပြုခဲ့ပြီမို့ အိန္ဒိယ အစိုးရရဲ့ Covidshield ခွင့်ပြုချက်ကိုသာ စောင့်ဆိုင်းဖို့ လိုအပ်တော့တာပါ။
ဒါဟာ လူဦးရေ ၁၅ သန်းစာ ကာကွယ်ဆေး ဝယ်ယူဖို့ သူတို့နဲ့ သဘောတူညီချက် ရယူထားတဲ့ မြန်မာနိုင်ငံအတွက်တော့ သတင်းကောင်းတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် Oxford/AstraZeneca ရဲ့ ဆေးဝါးကလည်း တန်ကြေးချိုသာတာကြောင့် မြန်မာနိုင်ငံလို ဝင်ငွေနည်းတိုင်းပြည်မျိုးတွေ လက်လှမ်းမှီမှီဝယ်ယူနိုင်ဖွယ်ရှိတဲ့ ဆေးဝါးတစ်မျိုးဖြစ်လာဖို့ရှိနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိ တရားဝင် ထုတ်ပြန်ချက်တွေအရဆိုရင်တော့ ပြည်တွင်းကို ကာကွယ်ဆေးတွေ ရောက်ရှိလာဖို့က ၂၀၂၁ ပထ ၃ လပတ်နဲ့ ဒုတိယ ၃ လပတ်ကြားကာလဖြစ်နိုင်ဖွယ်ရှိပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးလုံလောက်စွာရရှိဖို့ကတော့ အချိန်ယူရဦးမယ့် လုပ်ငန်းစဉ်ဖြစ်ဖို့ ရှိနေပါတယ်။
ဒါကြောင့် လက်တလောကာလတွေမှာတော့ Mask တပ်၊ လက်ဆေး၊ Social Distancing ပြုပြီး နေအိမ်ထဲမှာ နေထိုင်ကာ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ လိုအပ်နေပါသေးတယ်။ ကာကွယ်ဆေး မရရှိခင်အချိန်မှာတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေထိုင်တာက အကောင်းဆုံးနည်းလမ်းဆိုတာ မမေ့ဖို့ လိုမှာဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
အကြံပြုလိုသည့် ဆောင်းပါးများ