သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မျက်နှာက အဆီပြန်လွန်းလို့ မိတ်ကပ်လိမ်းရမှာ စိတ်ညစ်နေပြီလား။

မျက်နှာက အဆီပြန်လွန်းလို့ မိတ်ကပ်လိမ်းရမှာ စိတ်ညစ်နေပြီလား။

မနက်ကပဲ မိတ်ကပ် လေး မှုန်မှုန်ညက်ညက်လိမ်းလာတယ်။ နေ့ခင်းကျတော့ မျက်နှာကြီးက အဆီပြန်ပြီး ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ မနက်ကလိမ်းလာတဲ့ မိတ်ကပ်တွေ ဘယ်ရောက်သွားမှန်းမသိ၊ ရုပ်လည်းဆိုးသွားတယ်ဆိုတဲ့ ခံစားချက်မျိုးကို အဆီပြန်တဲ့သူတိုင်း သိကြမှာပါ။

သူများတွေမိတ်ကပ်လေးတွေနဲ့ လှသလို ကိုယ်လည်း လှချင်တာပေါ့။ ခက်တာက အဆီပြန်နေတဲ့ကိုယ့်မျက်နှာအသားအရေကြီးက ခံနေတော့ မိတ်ကပ်ဘယ်လောက်လိမ်းလိမ်း ခဏလောက်ပဲ ခံပြီး တော်ကြာ အဆီပြန်ပြီး ကွက်လာလို့ စိတ်ညစ်နေတဲ့သူတိုင်း ခုပြောပြမယ့် နည်းလေးတွေ လိုက်လုပ်ကြည့်လို့ရပါတယ်။

အဆီပြန်တဲ့ သူတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းနည်း။

မိတ်ကပ်မလိမ်းခင် အရင်ဆုံ လုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကတော့

  • အောက်ခံအသားအရေကောင်းမှ အပေါ်ကတင်လိုက်တဲ့မိတ်ကပ်က လှမှာဆိုတော့ ကိုယ့်မျက်နှာပေါ်က ဆဲလ်သေတွေကို တစ်ပတ်တစ်ခါ scrub သုံးပြီး ဖယ်ရှားပေးပါ။ ဒါမှ အဆီပိုတွေကြောင့် ဖြစ်တဲ့ ချွေးပေါက်ပိတ်တာတွေ၊ ဝက်ခြံဖြစ်တာတွေ လုံးဝ မရှိတော့မှာနော်။
  • ကိုယ်သုံးတဲ့ မျက်နှာသစ်ဆေးကလည်း မျက်နှာပေါ်က ပိုနေတဲ့အဆီတွေကို အနက်ရှိုင်းဆုံးသန့်စင်ပေးနိုင်တာ ဖြစ်ဖို့လိုပါသေးတယ်။
  • Toner သုံးပါ။ Toner သုံးလိုက်တာကြောင့် ပွင့်နေတဲ့ချွေးပေါက်တွေပိတ်သွားပြီး အဆီပြန်တာတွေကို သက်သာစေမှာပါ။
  • မိတ်ကပ်မလိမ်းခင် အရင်ဆုံး moisturizer သုံးပါ။ သာမာန် အစိုထိန်းခရင်မ် moisturizer မဟုတ်ဘဲ hyaluronic acid ပါတဲ့ moisturizer တွေ ရွေးချယ်အသုံးပြုပါ။ moisturizer သုံးထားတော့ မျက်နှာမှာ ရေဓာတ်ရှိနေရင် အဆီတွေ တော်ရုံထွက်မလာတော့လို့ အဆီဂလင်းတွေ သိပ်အလုပ်မလုပ်ရတော့ပါဘူး။ ဒါ့ကြောင့် မျက်နှာ အဆီပြန်နေပေမယ့် moisturizerသုံးပေးဖို့လိုပါတယ်။

မိတ်ကပ်လိမ်းတဲ့အခါ ရွေးချယ်သင့်တာတွေက

  • Foundation မလိမ်းခင် အရင်ဆုံး Primer လိမ်းပါ။ Primer ဆိုတာ လိမ်းလိုက်တဲ့ မိတ်ကပ်သားကို ညီပြီးမွတ်နေအောင် စွမ်းဆောင်ပေးတဲ့အောက်ခံ မိတ်ကပ်တစ်မျိုးဖြစ်ပြီး အဆီပြန်တဲ့သူတွေက အဆီမပါ ပြောင်ပြောင်လေး မဖြစ်စေမယ့် Matte primer အမျိုးအစားကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Primer လိမ်းတဲ့အခါ မျက်ခွံလေးကိုပါ ပါးပါးလေးလိမ်းပေးဖို့ မမေ့ပါနဲ့။
  • Concealer ကွန်စီလာသုံးပါ။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တော်တော်များများဟာ ဝက်ခြံပြဿနာနဲ့ မျက်နှာနီမြန်းတဲ့ ပြဿနာတွေရှိတဲ့အတွက်ကြောင့် ကွန်စီလားသုံးပြီး ဖုံပေးဖို့လိုပါတယ်။ ဒါပေမယ့် ဒီ ကွန်စီလာတွေကြောင့် ဝက်ခြံပိုပေါက်တာ မဖြစ်စေဖို့အတွက် ပါးပါးလေးလိမ်းနဲ့ အဆီမပါ အရည် ကွန်စီလာ အမျိုးအစား သုံးပေးဖို့လိုပါတယ်။
  • အောက်ခံမိတ်ကပ် Foundation သုံးတဲ့အခါမှာလည်း အဆီပြန်တဲ့ အသားအရေအတွက်ထုတ်ထားတဲ့ အမျိုးအစားတွေကို ရွေးချယ်ပါ။ liquid အရည်ပုံစံဖြစ်ရင် ပိုကောင်းပါတယ်။ ဘူးတွေနောက်မှာ oily free, liquid type, mattifying, non-comedogenic ဆိုတဲ့ စာသားလေးတွေ ရှာကြည့်ဖို့တော့ လိုပါလိမ့်မယ်။
  • နောက်ဆုံး အဆင့်အနေနဲ့တော့ မှုန်ညက်တဲ့ မျက်နှာလေးတစ်ခု ပိုင်ဆိုင်ဖို့အတွက် ပေါင်ဒါလေးနဲ့ အဆုံးသတ်ပါ။ ပေါင်ဒါသုံးရင်လည်း 2 way ပေါင်ဒါတွေအစား loose powder အမှုန့် အမျိုးအစားကို ရွေးချယ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 3 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။