backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခြောက်သွေ့တဲ့အသားအရေကို ပြန်လည်ကောင်းမွန်လာစေမယ့် အစားအစာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခြောက်သွေ့တဲ့အသားအရေကို ပြန်လည်ကောင်းမွန်လာစေမယ့် အစားအစာများ

ဆောင်းရာသီရဲ့ ပိုအေးတဲ့အပူချိန်ဟာ အသားအရည်တွေကို ပျက်စီးစေပါတယ်။ နွေရာသီနဲ့စာရင် လေထုထဲမှာ ရေငွေ့ပါဝင်နှုန်း ပိုနည်းလာတဲ့အတွက် အသားအရည်ဟာ ပိုပြီးခြောက်သွေ့ယားယံပြီး သက်တောင့်သက်သာ မဖြစ်တာမျိုးကို ခံစား လာရစေပါတယ်။ တစ်ခါတလေမှာ နီရဲပြီး အရေခွံကွာတာမျိုးတွေတောင် ဖြစ်တတ်ပါသေးတယ်။ Moisturizerတွေ များများသုံးခြင်း၊ အပူအအေး ချိန်ညှိခြင်းနဲ့ ရေငွေ့ပေးစက်တွေကို အသုံးပြုခြင်းတွေအပြင် အောက်ပါအစားအစာများကို စားသုံးခြင်းက ခြောက်သွေ့နေတဲ့ အသားအရည်ကို ပြန်ကောင်းလာစေပါတယ်။

ရေ

အစားအစာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သင့်အသားအရည် ခြောက်သွေ့ခြင်းမဖြစ်ဖို့ ထိန်းသိမ်းခြင်းအတွက် အကောင်းဆုံးနည်းလမ်းက ရေဓါတ်ဖြည့်တာပါပဲ။ ရေသောက်ခြင်းဟာ အရည်ပြားသွေးလည်ပတ်မှုကို မြှင့်တင်ပေးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံလိုအပ်ချက်ပါ။ stat calculator ကိုသုံးပြီး သင် ရေဘယ်လောက် သောက်သင့်သလဲ ဆိုတာကို တွက်ချက်ကြည့်ပါ။ ရေသောက်ခြင်းအပြင် ဖရဲသီး၊ ပန်းသီး၊ လိမ္မော်သိး၊ နာနတ်သီး၊celery နဲ့ သခွားသီးစတဲ့ ရေပါဝင်နှုန်း မြင့်မားတဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေကိုလည်း စားပေးသင့်ပါတယ်။

Omega-3 Fatty Acids မြင့်မားတဲ့အစားအစာများ

သင့်အတွက် ကောင်းမွန်စေတဲ့ အဆီဓါတ်တွေဟာ ခြောက်သွေ့တဲ့ အသားအရည်ကို ပျော့ပျောင်းစေပြီး အစိုဓါတ်ကို ထိန်းထားပေးနိုင်ပါတယ်။ အစိုဓါတ်က ိုပိုပြီးပြည့်ဝစေပြီးတော့လည်း အရေးအကြောင်း ဖြစ်ပေါ်စေခြင်းကိ ုလျှော့ချပေးနိုင်ပါသေးတယ်။ (မျက်နှာအသားအရေကို ချက်ချင်းပင့်တင် ပေးတာမျိုးပေါ့) ။ အဓိကကတော့ Omega-3 လိုအပ်ခြင်းဟာ အသားအရည် ခြောက်သွေ့ခြင်းကြောင့် ဖြစ်လာမဲ့လက္ခဏာတွေကို ဖြစ်ပွားစေနိုင်ပြီး အချို့သော ကိစ္စရပ်တွေမှာ အင်ပြင်ထခြင်းကိုတောင် ဖြစ်စေနိုင်ပါတယ်။ Omega-3 မြင့်မားစွာပါဝင်တဲ့ အစားအစာတွေကတော့ ဆယ်လ်မွန်၊ တူနာ စတာတွေ ဖြစ်ပါတယ်။ တကယ်လို့ ငါးက သင့်အကြိုက်မဟုတ်ခဲ့ဘူးဆိုရင် flaxseed တွေထောပတ်သီးတွေနဲ့ သစ်ကြားသီးတွေကို စားသောက်နိုင်ပါတယ်။

ဇင့်ပါဝင်သော အစားအစာများ

တကယ်လို့ အသားအရည်ဟာ ခြောက်သွေ့ အက်ကွဲနေတယ်ဆိုရင် ဇင့်ပါဝင်တဲ့ စားစရာတွေကိုစားပါ။ ဇင့်ဓါတ်ဟာ အနာတရဖြစ်နေတဲ့ အရေပြားကို ပြန်ကျက်အောင်ကုသပေးနိုင်ပြိး ပိုဆိုးမလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဂုံး၊ ပဲ၊ ကြက်ဆင်၊ ဂဏန်းနဲ့ အဆီမပါတဲ့ အမဲသားတွေဟာ ဇင့်ဓါတ်ကြွယ်ဝတဲ့ စားစရာတွေပါ။

ဗီတာမင် A ကြွယ်ဝစွာပါဝင်သော စားစရာများ

ဗီတာမင် Aဟာခြောက်သွေ့အက်ကွဲနေတဲ့ အသားအရည်ကို ပြန်လည် စိုပြည်လာစေနိုင်ပြီး သစ်ရွက်စိမ်းကဲ့သို့သော အစိမ်းပုပ်ရောင်တွေမှ ာအလွယ်တကူတွေ့နိုင်ပါတယ်။ ဗီတာမင်Aဟာ အသားအရည်ပျက်စီးခြင်းကိုလည်း ပြန်လည်ကုသပေးနိုင်ပါတယ်။ (လေတိုက်ထဲမှာသို့မဟုတ် နေရောင်ထဲမှာ အနေကြာတဲ့အခါမျိုးမှာ သူကကူညီပေးနိုင်ပါတယ်) သစ်ရွက်စိမ်းတွေမှာ သာမကပါဘူး။ မုန်လာဥနီ၊ ကန်စွန်းဥ၊ butternut squash တွေနဲ့ ဖရုံသီးတွေမှာလည်း ဗီတာမင် A ပါဝင်ပါတယ်။

ဗီတာမင် E မြင့်မားစွာပါဝင်တဲ့အစားအစာများ

ဒီစွမ်းအားပြည့် ဗီတာမင်ဟာ အသားအရည်ကို နဂိုမူလအစိုဓါတ်အတိုင်း ထိန်းသိမ်းပေးနိုင်တဲ့အပြင် UVဒဏ်ကိုလည်း ပိုပြီးခံနိုင်ရည် ရှိလာစေပါတယ်။ Vitamin E မြင့်မားစွာပါဝင်တဲ့ စားစရာတွေထဲမှာ အခွံမာသီးတွေ၊ အစေ့တွေ၊ ထောပတ်သီး၊ ဂျုံ၊ ground flaxseed / flaxseed ဆီ ၊ အစိမ်းရောင် အရွက်များနဲ့ broccoli တို့ပါဝင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement