backup og meta

အသားအရေကိုကြည်လင်စေမယ့် Detox Water ဘယ်လိုလုပ်မလဲ

အသားအရေကိုကြည်လင်စေမယ့် Detox Water ဘယ်လိုလုပ်မလဲ

အသားအရေက မွဲခြောက်ခြောက်ဖြစ်နေတယ်။ ဝက်ခြံတွေကလည်းနေ့တိုင်းကိုဖြစ်နေတယ်။ ကိုယ့်အသားအရေကိုကြည့်ပြီး စိတ်ညစ်လိုက်တာလို့ဖြစ်နေပြီလား။ အသားအရေညစ်တာ၊ ဝက်ခြံထွက်ရတာက တစ်ခါတလေမှာ အနေအထိုင်အစားအသောက်တွေကြောင့်ဖြစ်နိုင်သလို ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီတော့ ကြည်လင်ပြီး ဝက်ခြံကင်းတဲ့ အသားအရေလေးဖြစ်စေဖို့ Detox Waterသောက်ကြည့်ရအောင်လား။

အသားအရေအတွက် Detox Water

ဝက်ခြံကင်းပြီး အသားအရေလှစေဖို့ရေသောက်ပါဆိုလို့ မနက်ကနေစပြီး ညအိပ်ရာဝင်ခါနီးအထိသောက်ပါတယ်။ ဒါပေမယ့်လည်း ဝက်ခြံကပျောက်သွားတယ်ရယ်မရှိသလို အသားအရေကလည်း မစိုပြေဘူးဆိုရင်တော့ ဒီနည်းလေးတွေက အသုံးတည့်မှာပါနော်။

သခွားသီး၊ သံပရိုသီး၊ ပူစီနံ Detox Water

ခန္ဓါကိုယ်ကျန်းမာပြီး လှပစိုပြေတဲ့ အသားအရေပိုင်ဆိုင်စေဖို့သောက်သင့်ပါတယ်။ လိုအပ်တဲ့ရေဓါတ်ဖြည့်ပေးပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။ သခွားသီးက ခန္ဓါကိုယ်ရေဓါတ်ကိုဖြည့်ပေးပြီး ကိုယ်တွင်းစနစ်တွေထဲက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ပူစီနံက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး သံပရိုသီးက အသားအရေကိုကြည်လင်စေပြီး အသည်းနဲ့ အူသိမ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီ၃ ခုကို အချိုးကျကျရောစပ်ပြီးရေတစ်လီတာ ဆားနည်းနည်းတို့နဲ့ရောစပ်လို့ရေခဲသေတ္တာထဲမှာ ၃ နာရီလောက်စိမ်ထားပြီး တိုက်သောက်ပေးပါ။

စတော်ဘယ်ရီ Detox Water

အသားအရေကို သဘာဝအတိုင်း စိုပြေလှပနေစေမှာပါ။ ဗီတာမင် စီကြွယ်ဝစွာပါယင်တာကြောင့် အသားအရေကို ကြည်လင်ချောမွေ့စေပြီးခြောက်သွေ့မှုကင်းစေမှာပါ။ ကျန်းမာတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် ဝက်ခြံတွေကိုလည်း သက်သာစေမှာပါ။

စတော်ဘယ်ရီသီးအရွယ်တော် ၅ လုံးလောက်ကို ထက်ခြမ်းခြမ်းပြီးရေတစ်လီတာဗူးထဲမှာထည့်လို့ ရေခဲသေတ္တာထဲမှာ ၆ နာရီကြာစိမ်ပြီးသောက်လို့ရပါပြီ။ မသောက်ခင်မှာရေထဲကို သံပုရာသီးတစ်စိတ်လောက်ညှစ်ထည့်လိုက်ပါ။

ဘလူးဘယ်ရီနဲ့လိမ္မော်သီး Detox Water

ဝက်ခြံထွက်နေသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဘလူးဘယ်ရီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် ဝက်ခြံရှိသူတွေအတွက် အဆင်ပြေစေမှာပါ။ လိမ္မော်သီးမှာပါတဲ့ ဗီတာမင် စီကအရေပြားကို အာဟာရဖြည့်ပေးပြီး ဝက်ခြံဖြစ်ပေါ်မှုကို ဟန့်တားပေးနိုင်ပါတယ်။

လိမ္မော်သီးတစ်လုံးကို အစိတ်လေးတွေမြွှာပါ။ ဘလူးဘယ်ရီ ၅ လုံးလောက်ကိုရေတစ်လီတာနဲ့ရောပြီး တစ်ရက်တိတိရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ။ ဝက်ခြံကင်းပြီး စိုပြေတဲ့ အသားအရေရရှိစေမှာပါ။

သံပရိုသီး၊ ရှားစောင်းလက်ပပ်၊ ပန်းသီးရှာလကာရည်၊ ပျားရည်၊ ပူစီနံ Detox Water

အသားအရေစိုပြေမှုမရှိလို့ စိတ်ညစ်နေသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဗီတာမင် စီက အသည်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကို အကောင်းဆုံးဖယ်ရှားသန့်စင်ပေးပါတယ်။ရောဂါပိုးတွေအန္တရာယ်ကနေကာကွယ်ပေးပြီး အရေပြားပြဿနာကင်းစေမှာပါ။ ပန်းသီးရှာလကာရည်က အူမကြီးကို သန့်စင်ပေးပြီး အသားအရေကို စိုပြေလှပစေမှာပါ။

ရေဖန်ခွက်နှစ်ခွက်စာကို သံပရိုသီးတစ်စိတ်ညှစ်ထည့်ပါ။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရှားစောင်းလက်ပပ်အနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပူစီနံရွက်နည်းနည်းတို့ကိုရောလို့ ၃ နာရီလောက်ရေခဲသေတ္တာထဲထည့်စိမ်ထားပါ။ပြီးရင်တော့သောက်လို့ရပါပြီ။ အချိုမကြိုက်ဘူးဆိုရင် ပျားရည်မထည့်ဘဲသောက်လို့ရပါတယ်။

ပူစီနံ၊ ဂရိတ်ဖရုစ်၊ သံပရိုသီး၊ သခွားသီး၊ ချင်း (ဂျင်း) Detox Water

ကျောက်ကပ်သန့်စင်စေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာကစလို့ တစ်ကိုယ်လုံးအသားအရေကို ကြည်လင်စေနိုင်ပါတယ်။ ချင်း (ဂျင်း) ကအစာခြေစနစ် ကျန်းမာစေလို့သွေးစီးဆင်းမှုကော်ငးအောင်လည်းထောက်ပံ့ပေးပါသေးတယ်။ ပူစီနံက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။

ပူစီနံနည်းနည်း၊ ဂရိတ်ဖရုစ် နှစ်ကွင်းစာ၊ သံပရိုသီး နှစ်စိတ်၊ ချင်း (ဂျင်း) အနည်းငယ်၊ သခွားသီးအနည်းငယ်တို့ကိုရောလို့ရေတစ်လီတာထဲမှာစိမ်လိုက်ပါ။ရေခဲသေတ္တာထဲမှာ ၂ နာရီကြာစိမ်ပြီးရင်သောက်လို့ရပါပြီ။

သခွားသီး၊ ဖရဲသီး၊ ပူစီနံDetox Water

ဝက်ခြံပြဿနာကို ရှင်းပေးမယ့် Detox Waterလေးပါ။ သခွားသီး၊ဖရဲသီးနဲ့ ပူစီနံရဲ့ပေါင်းစပ်မှုက အသားအရေကို ဝက်ခြံကင်းလို့ ကြည်လင်လှပလာစေမှာ အသေအချာပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားနိုင်ပါတယ်။ရေဓါတ်ြဖည့်ပေးပြီး ကြည်လင်လန်းဆန်းမှုကိုပါရရှိစေမှာပါ။

သခွားသီးကို ပါးပါးလေးလှီး၊ ဖရဲသီးကို အရွယ်တော်လေးတွေလှီးလို့ ပူစီနံရွက်နည်းနည်းနဲ့ရေတစ်လီတာထဲမှာ တစ်ညလောက်စိမ်ထားပြီးရင်သောက်သုံးလို့ရပါပြီ။

ရှားစောင်းလက်ပပ်နဲ့ သံပရိုသီးDetox Water

အရေပြားပြဿနာတွေကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်တဲ့ ပါဝင်ပစ္စည်းနှစ်ခုကိုရောစပ်ထားတဲ့Detox Waterလေးပါ။ အသားအရေကို အဆိပ်အတောက်ဖယ်ရှားပေးပြီးရေဓါတ်ဖြည့်ပေးလို့ စိုပြေလှပစေမှာပါ။ အရေပြားကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပပ်တစ်ချောင်းစာအနှစ်ခြစ်ယူပါ။ သံပရိုသီးတစ်လုံးကို ပါးပါးလှီးလို့ရေတစ်လီတာစာထဲမှာ ထည့်စိမ်လိုက်ပါ။ရေခဲသေတ္တာထဲမှာ ၃ နာရီကြာ ထားပြီးရင်သောက်လို့ရပါပြီ။

နာနတ်သီးနဲ့ကြံDetox Water

ဝက်ခြံတွေကို သက်သာစေပြီး အရွယ်မတိုင်ခင်အိုမင်းတာကို တားဆီးပေးနိုင်မယ့်Detox Water တစ်မျိုးပါ။ ခန္ဓါကိုယ်တွင်းကအဆိပ်အတော်ကတွေကို ဖယ်ရှားပေးသလို အသားအရေကို ထိခိုက်စေနိုင်တဲ့free radicalတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကိုလည်း သန့်စင်စေနိုင်ပါတယ်။

ကြံ လက်တစ်ထွာစာ နှစ်ချောင်း၊ နာနတ်သီးတစ်ခြမ်းကို အရွယ်တော်အတုံးလေးတွေတုံးပြီးရေတစ်လီတာစာထဲမှာရောလို့ ၃ နာရီကြာရေခဲသေတ္တာထဲမှာ ထည့်စိမ်ပြီးရင်သောက်လို့ရပါပြီ။

ဝက်ခြံကင်းပြီး အသားအရေကြည်ချင်တဲ့ Hello ဆရာဝန်ပရိသတ်ကြီးရေ အခုပြောခဲ့တဲ့ Detox Waterတွေထဲက ကိုယ်နှစ်သက်တာကိုသောက်သုံးလို့ ကြည်လင်စိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

27/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆီကျစေမယ့် Detox Waterတွေ ကိုယ်တိုင်လုပ်မယ်

ကိုယ်အလေးချိန် ကျချင်တဲ့ ပျိုမေတွေအတွက် Detox Water


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement