backup og meta

သင်္ကြန်လည်ပြီးပြန်လာရင် အသားအရေကို ဒီလိုလေးထိန်းသိမ်းပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်္ကြန်လည်ပြီးပြန်လာရင် အသားအရေကို ဒီလိုလေးထိန်းသိမ်းပါ

    တစ်နှစ်မှာတစ်ခါပဲကျတဲ့ သင်္ကြန်မှာ ဘာလုပ်မယ်လို့ စဉ်းစားထားလဲ …..Hello ဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးရေ…. လူငယ်ပီပီ သင်္ကြန်လည်မှာလား။ ဒါမှမဟုတ် တည်ငြိမ်ရင့်ကျက်သူတစ်ယောက်လိုမျိုး တရားစခန်းပဲဝင်မှာလား။ ပထမအဖြေကိုရွေးခဲ့သူတွေ ဒီဆောင်းပါးကို ဆက်ဖတ်လို့ရပြီနော်။ တရားစခန်းဝင်မယ့်သူတွေကိုတော့ ချီးကျူးလေးစားပါတယ်နော်။ သာဓုလည်းလည်းခေါ်ရင်းပေါ့။

    သင်္ကြန်လည်မှာလား

    သင်္ကြန်ကို အကြိုကနေစလို့ အတက်နေ့အထိလည်လို့မဝကြဘူးနော်။နွေပူပူမှာရေပက်ခံရင်ပဲဖြစ်ဖြစ်ရေပက်ရင်ပဲဖြစ်ဖြစ်သေချာတာကတော့ရေနဲ့ထိမယ်၊နေနဲ့ထိမယ်ပေါ့နော်။ တစ်ချက်တစ်ချက်တိုက်ခတ်တဲ့လေကတောင် အသားအရေကို အစစ်လာထိဦးမှာနော်။ ဒီလိုဆိုတော့ အသားအရေထိခိုက်မယ်ဆိုတာကလည်းပြောနေစရာတောင်မလိုအောင်ပါနော်။ ဒီတာ့ သင်္ကြန်လည်းပြီး အသားလည်း မဲကျန်ခဲ့တာမျိုးဖြစ်နိုင်တာပေါ့။ ဒီလိုဆိုတော့ သင်္ကြန်ကို လည်လို့ဖြစ်ပါမလားလို့တွေးနေလား။ လည်ပါ ဒါပေမယ့် ညအိမ်ပြန်ရောက်ရင် အသားအရေထိန်းသိမ်းမှုလေးလုပ်ပေါ့။

    သင်္ကြန်ရေကြောင့် အသားအရေမထိခိုက်စေဖို့

    သင်္ကြန်လည်တဲ့အခါ အသားအရေကို မထိခိုက်စေဖို့ အခုပြောပြမယ့်နည်းလမ်းလေးတွေကို ဂရုစိုက်ပေးပါနော်။

    ရေများများသောက်ပါ – သင်္ကြန်လည်ရင်းပျော်လွန်းလို့ မေ့တတ်တာတစ်ခုကရေသောက်ဖို့ပါ။ အချိုရည်ေလးသောက်လိုက်၊ မုန့်လေးစားလိုက်၊ပျော်လို့ သီချင်းလေးဆိုလိုက်ရေပက်လိုက်၊ရေပက်ခံလိုက်လုပ်နေရင်းနဲ့ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ရေသောက်နည်းတာက အသားအရေကိုတော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင်္ကြန်ထွက်လည်ရင်ဖြစ်ဖြစ်၊ မဏ္ဍပ်ထိုင်ရင်ဖြစ်ဖြစ်ရေဗူးလေးယူသွားနော်။ရေသောက်ဖြစ်အောင်သောက်ပါ။

    အင်္ကျီလက်ရှည်ဝတ်ပါ – လှချင်လို့ အတိုအပြတ်လေးတွေဝတ်ချင်မှာ သိပေမယ့် ဂျင်းဘောင်းဘီရှည်လေးနဲ့ raincoatလေးထပ်ဝတ်တာကလည်း စမတ်ကျပါတယ်နော်။ အသားအရေကိုရေ၊လေနဲ့နေရောင်ကြောင့်ထိခိုက်မှုနည်းနိုင်သမျှနည်းစေဖို့ တတ်နိုင်သမျှ လုံလုံခြုံခြုံဝတ်ပါ။

    နေလောင်ကာခရင်မ်လူးပါ – သင်္ကြန်လည်ရင်မေ့ထားလို့မဖြစ်တဲ့ အသားအရေထိန်းသိမ်းမှုကနေလောင်ကာခရင်မ်လူးတာပါနော်။ အပြင်မထွက်ခင် နာရီဝက်အလိုလောက်မှာနေလောင်ကာခရင်မ်ကို ကြိုလူးပေးပါ။ ဒါမှ နေရောင်ကြောင့် အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်မှာပါ။

    ဦးထုပ်ဆောင်းပါ – ဦးထုပ်လေးဆောင်းပေးတာက မျက်နှာအသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် သြက်န်ထွက်လည်ရင်ပဲဖြစ်ဖြစ်ရေပက်မယ်ဆိုရင်ပဲဖြစ်ဖြစ် ဦးထုပ်လေးတော့ဆောင်းပါနော်။

    မိတ်ကပ်ဖျက်ဆေးသုံးပါ – သင်္ကြန်လည်ပြီးပြန်ရောက်လာပြီဆိုရင် ပင်ပန်းနေမယ်ဆိုရင်တောင်မှ မျက်နှာပေါ်က မိတ်ကပ်တွေကို သန့်စင်ဖယ်ရှားပေးပါနော်။ မိတ်ကပ်ဖျက်ဆေးသုံးလို့ မျက်လုံးအတွက်အသုံးပြုထားတဲ့ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေပါမကျန် မျက်နှာပေါ်က မိတ်ကပ်တွေကို သန့်စင်သွားအောင်လုပ်ပါ။

    ရေချိုးသန့်စင်ပါ – တစ်နေကုန်ထိတွေ့မိလာတဲ့ရေတွေက သန့်ရဲ့လားဆိုတာ ကိုယ်တိုင်လည်း မသိနိုင်တာမို့ အိမ်ပြန်ရောက်လာပြီဆိုရင် တစ်ကိုယ်လုံးကို သန့်စင်သွားအောင်ရေချိုးလိုက်ပါနော်။ ဆပ်ပြာသေချာသုံးဖို့လည်း မမေ့ပါနဲ့။ခြေချောင်းလက်ချောင်းကြားလေးတွေပါမကျန်သေချာတိုက်ချွတ်သန့်စင်ပေးပါနော်။

    Body lotion လူးပါ – တစ်နေ့တာမှာ ပင်ပန်းလာတဲ့ အသားအရေကို အစိုဓါတ်ထိန်းပြီး အာဟာရဖြည့်ပေးတဲ့ Body lotionလေးလူးလို့ သက်တောင့်သက်သာနေခွင့်ပေးလိုက်ပါ။ ချည်သားအင်္ကျီလေးဝတ်ပေးထားရင် ပိုအဆင်ပြေပါတယ်နော်။

    မျက်နှာကို အစိုဓါတ်ထိန်းပေးပါ – မျက်နှာကို အိပ်ရာမဝင်ခင်မှာ အစိုဓါတ်ထိန်းတဲ့ခရင်မ်လေးလူးပေးတာ night creamလေးလူးပေးတာမျိုးလုပ်ပေးပါ။ တစ်နေကုန်ပင်ပန်းလာတဲ့ မျက်နှာကို အိပ်စက်ချိန်မှာ လိုအပ်တဲ့ အာဟာရဓါတ်လေးတွေစုပ်ယူနိုင်စေဖို့ အစိုဓါတ်ထိန်းခရင်မ်လေးလူးပေးလိုက်ပါ။

    ပေါင်းတင်ပါ – အဆင်ပြေမယ်ဆိုရင် မျက်နှာကို သခွားသီးကပ်ပေးတာဖြစ်ဖြစ်၊ ရှာစောင်းလက်ပပ်လိမ်းပေးတာဖြစ်ဖြစ်၊ ကြက်ဥအကာနဲ့ပေါင်းတင်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ အသားအရေပျက်စီးမှုကိုလျှော့ချတဲ့သဘောပေါ့။

    သင်္ကြန်ပြီးသွားပြီဆိုရင်တော့ အရေပြားပေါ်ကဆဲလ်သေတွေကိုဖယ်ရှားတာ၊ချေးချွတ်သန့်စင်တာတွေလုပ်ပြီး အသားအရေကိုပေါင်းတင်တာတွေလုပ်လို့ပြန်ထိန်းသိမ်းပါနော်။ အခုပြောခဲ့တဲ့နည်းလေးတွေကို သင်္ကြန်လည်ပြီးပြန်လာတိုင်းလုပ်ပေးမယ်ဆိုရင် သင်္ကြန်ရေကြောင့် အသားအရေပျက်စီးတာမျိုးဖြစ်နိုင်ခြေနည်းသွားမှာဖြစ်ပြီး သင်္ကြန်ပြီးလို့ အသားမဲကျန်ခဲ့တာမျိုးလည်း မဖြစ်ဘဲ နှစ်ဆန်းတစ်ရက်နေ့မှာ လှလှပပနဲ့ ဘုရားတက်နိုင်ဦးမှာပါနော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement