backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသက်အရွယ်ကြီး၍ ပေါ်လာသော အစက်အပြောက် (Age spot) ဖြစ်ခြင်းကို ကာကွယ်ပေးသော အစားအသောက်များ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက်အရွယ်ကြီး၍ ပေါ်လာသော အစက်အပြောက် (Age spot) ဖြစ်ခြင်းကို ကာကွယ်ပေးသော အစားအသောက်များ

Age spot ဆိုတာ နေလောင်များရင်၊ အသက်အရွယ် ရလာရင်ပေါ်လာတတ်ပြီး အသည်းထိခိုက်မှုရှိလျှင်လည်း ပေါ်တတ်တဲ့ အရေပြားပေါ်က အညိုရောင်၊ မီးခိုးရောင် သို့မဟုတ် အမည်းရောင် အစက်အပြောက်တွေဖြစ်တယ်။ မျက်နှာ၊ လက်၊ ပုခုံးနဲ့ လက်မောင်းများကဲ့သို့ နေလောင်ခံများသော အရေပြားပေါ်မှာ ပေါ်လေ့ရှိတယ်။ အရွယ်အစား အမျိုးမျိုးရှိပြီး အရေပြားကင်ဆာနဲ့ ဆက်နွယ်ခြင်းမရှိပါဘူး။ အသက် ၅၀ နောက်ပိုင်းမှာ ပေါ်ပေါက်လေ့ရှိပြီး အသက်ငယ်သူတွေမှာတော့ နေရောင်အထိ များသောလူများမှာ ပေါ်လေ့ရှိတယ်။ ဒါပေမယ့် ထိုအစက်တွေဟာ စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

တူနာငါး

တူနာငါးဟာ niacin ၊ pyridoxine ၊ မဂ္ဂနီဆီယမ် ၊ ပိုတက်ဆီယမ် နဲ့ ဆယ်လီနီယမ် စသည့် အာဟာရဓါတ်တွေ ကြွယ်ဝသော စားစရာတစ်မျိုးဖြစ်တယ်။ နေရောင်ကြောင့်ဖြစ်တဲ့ အမည်းစက်တွေနဲ့ အရေပြားထိခိုက်မှုတွေကို ကာကွယ်ပြုပြင်နိုင်စွမ်းရှိပါတယ်။

ဓါတ်တိုးဆန့်ကျင်သော အစားအသောက်များ

အသက်အရွယ်ကြီး၍ ပေါ်လာသော အစက်အပြောက် တွေဟာ ဓါတ်တိုးပစ္စည်းတွေ အရေပြားကို တိုက်ခိုက်တာကြောင့် ဖြစ်လာရခြင်းလည်းဖြစ်တယ်။ ဒါကြောင့် ပဲ၊ အသီးမှည့်များကဲ့သို့ ဓါတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝသော အစားအစာတွေဟာ ခန္ဓါကိုယ်ကိုထိခိုက်စေတဲ့ ဓါတ်တိုးပစ္စည်း တွေကို ချေဖျက်ပေးနိုင်စွမ်းရှိတယ်။ ဗီတာမင် အီး၊ ဗီတာမင် စီ၊ ဗီတာမင် ဒီ၊ ဆယ်လီနီယမ်၊ ခရိုမီယမ်၊ ဇင့်၊ ကယ်လ်စီယမ် နဲ့ glutathione တို့ဟာ အသက်အရွယ်ကြီး၍ ပေါ်လာသော အစက်အပြောက်များကို ထာဝရ ကင်းစင်စေပြီး အသက်အရွယ် အိုမင်းရင့်ရော်မှုကို လျှော့ချ နှေးကွေးပေးစေနိုင်မယ့် ဗီတာမင်တွေနဲ့ သတ္ထုဓါတ်တချို့ဖြစ်ပါတယ်။

ဆေးဝါးထက် ထိုဓါတ်များပါဝင်သော အစားအစာများက အများကြီး ပိုကောင်းပါတယ်။ ဆေးများကို ဆရာဝန်ညွှန်မှသာ သောက်သင့်ပါတယ်။

လိမေ္မာ်သီး

ဗီတာမင် စီကြွယ်ဝသော လိမ္မော်သီးတွေဟာ ဆဲလ်တွေကိုပျက်စီးစေပြီး အသက်အရွယ်ကြီး၍ပေါ်လာသော အစက်အပြောက် တွေကို ပိုဆိုးစေတဲ့ ဓါတ်တိုးပစ္စည်း တွေကိုတိုက်ထုတ် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် စီဟာ တစ်ရှူး ပြုပြင်မှုတွေ အတွက်လိုအပ်ပြီး အရေပြားကင်ဆာကိုလည်း ကာကွယ်ပေး နိုင်စွမ်းရှိပါတယ်။

ဟင်းသီးဟင်းရွက်အစိမ်း

ဟင်းသီးဟင်းရွက်တွေဟာ အာဟာရဓါတ်တွေ၊ အထူးသဖြင့် အသားအရေအတွက်လိုအပ်တဲ့ အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင် ဘီအုပ်စု ကြွယ်ဝစွာပါတဲ့အပြင် အသီးအရွက်အစိမ်းဟာ ခန္ဓါကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှား ပေးနိုင်စွမ်း လည်း ရှိပါတယ်။

သံဓါတ်ထိန်းညှိခြင်း

ဗီတာမင်တွေ၊ တခြားအားဖြည့်ဆေးတွေနဲ့ အသင့်စားစရာတွေဟာ သံဓါတ်များလေ့ရှိပါတယ်။ ခန္ဓါကိုယ်ထဲမှာ သံဓါတ်များလွန်းသောသူများသည် အစာနဲ့အတူ ကော်ဖီသောက်ခြင်းသည် အူသိမ်မှ သံဓါတ်စုပ်ယူမှုကို လျော့နည်းစေပါလိမ့်မယ်။ ဒါ့အပြင် ကော့ပါး(ကြေးနီ)ဓါတ်များသော အစားအစာများကလည်း သံဓါတ် လျော့ကျစေပါတယ်။ အသည်း၊ ချောကလက် အမည်း၊ အခွံမာ ရေသတ္တဝါတွေမှာ ကော့ပါးဓါတ် ကြွယ်ဝပါတယ်။

အရက် ရှောင်ပါ

အရက်အလွန်အကျွံ သောက်ခြင်းဟာ အသည်း ထိခိုက်စေပြီး အရေပြားမှာ အစက်အပျောက်တွေ ပေါ်စေပါတယ်။ ဒါကြောင့် အစက်အပြောက်များ ရှိနေပြီးသောသူများမှာ အရက်သာမက ဝိုင်နီတောင်မှ မသောက်သင့်ပါဘူး။ ကဖင်း၊ အချိုဓါတ်နဲ့ ဆီကြော်များ၊ အဆီများသော အစားအစာများကိုလည်း ရှောင်သင့်ပါတယ်။

စားသောက်မှုပုံစံက အစက်အပြောက်များ သက်သာဖို့အတွက် အထောက်အကူ ကောင်းကောင်းပြုသော်လည်း ဆေးကုသမှုအတွက် အစားထိုးမဟုတ်တာကြောင့် စားသောက်မှုစနစ်မပြောင်းမီ ထိုအစက်အပြောက်များကို ဆရာဝန်နှင့် ပြသကုသသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement