အဓိပ္ပါယ်ဖွင့်ဆိုချက်
Erythema nodosum (အရီသီးမား နိုဒိုဆမ်မ်) ကဘာလဲ။
Erythema Nodosum ဆိုတာဟာ ယောင်ရမ်းနာကျင်စေတတ်သည့် အနီရောင်(သို့)ခရမ်းရောင် အနာဖုများ ဖြစ်ပွားတတ်သော အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ခြေသလုံးရှေ့ဘက်ပိုင်းတွင် အများဆုံးတွေ့ရတတ်ပါတယ်။ တခါတရံ ထိုအနာဖုများသည် အခြားခန္ဓါကိုယ်အစိတ်အပိုင်းများတွင်လည်း ဖြစ်ပေါ်တတ်ပါတယ်။
အဆိုပါရောဂါဟာ panniculitis လို့ခေါ်တဲ့ အရေပြားအောက် အဆီလွှာယောင်ရမ်းခြင်းကြောင့်ဖြစ်ပေါ်သော ရောဂါများထဲမှ တွေ့ရအများဆုံး ရောဂါပုံစံမျိုးဖြစ်ပါတယ်။ ရောဂါပိုးတစ်မျိုးမျိုးကို သင့်ခန္ဓါကိုယ်က ခုခံတံု့ပြန်မှု(သို့) သင် သုံးစွဲထားတဲ့ ဆေးဝါးတစ်ခုခုရဲ့ အာနိသင်တုံ့ပြန်မှုကြောင့် ယခုလို ဖြစ်ပွားတတ်ပါတယ်။
Erythema nodosum (အရီသီးမား နိုဒိုဆမ်မ်) က ဘယ်လောက်အဖြစ်များသလဲ
Erythema Nodosum ဟာ အလွန်တွေ့ရများပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Erythema nodosum (အရီသီးမား နိုဒိုဆမ်မ်) ရဲ့လက္ခဏာတွေကဘာတွေလဲ
တွေ့ရများတဲ့ရောဂါလက္ခဏာတွေကတော့ အဓိကအားဖြင့် ခြေထောက်အောက်ဖက်ပိုင်းမှာဖြစ်ဖြစ်တတ်တဲ့ အလွန်နာသော အနီရောင်အနာဖုများဖြစ်ပါတယ်။ တခါတရံ ထိုအနာဖုများဟာ သင့်ရဲ့ ပေါင်၊လက်မောင်း၊ ခန္ဓါကိုယ်နဲ့ မျက်နှာမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။