brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Dermatitis herpetiformis(DH) လို့ခေါ်တဲ့ ယားယံတတ်တဲ့အနီရောင်အရည်ကြည်ဖုလေးတွေပေါက်ခြင်း

Dermatitis herpetiformis ဆိုတာဘာလဲ

Dermatitis herpetiformis(DH) လို့ခေါ်တဲ့ ယားယံတတ်တဲ့အနီရောင်အရည်ကြည်ဖုလေးတွေပေါက်ခြင်း

ဘယ်လောက်အဖြစ်များလဲ

အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုတွေ့ရတတ်ပေမယ့် အမျိုးသားတွေမှာ ပိုအဖြစ်များတာပါ။ အသက်၂၀၊ ၃၀ ဝန်းကျင်မှာစတင်တွေ့လာရတတ်ပြီး၊ ကလေးဘဝကတည်းက စတင်တာလည်းဖြစ်နိုင်ပါတယ်။ ဥရောပသားတွေမှာ တွေ့ရများတတ်ပြီး အာရှနဲ့ အာဖရိက လူမျိုးတွေမှာ သိပ်တွေ့ရလေ့မရှိပါဘူး။

ဖြစ်နိုင်ချေတက်စေတဲ့ အချက်တွေကိုရှောင်ခြင်းဖြင့် ထိန်းချုပ်နိုင်မှာပါ။ အသေးစိတ်အချက်အလက်တွေကို ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

အယားယံဆုံးအဖုတွေအဖြစ်တောင်သက်မှတ်ထားပါတယ်။ ဖြစ်ပေါ်တတ်တဲ့နေရာတွေကတော့-

• တံတောင်ဆစ်

• ဒူး

• ခါးတဝိုက်

• ဆံစပ်

• လည်ပင်းနောက်

• ပုခုံး

• တင်ပါး

• ဦးရေပြား

အရွယ်၊ ပုံစံတူပြီး ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာဆရာဝန်ပြသင့်လဲ

စောစီးစွာရှာတွေ့ကုသခြင်းက အခြေအနေဆိုးမလာအောင် ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် ဖြစ်နိုင်သမျှစောစော ဆရာဝန်နဲ့ပြလေ၊ ကောင်းလေပါပဲ။

တကယ်လို့ အထက်ပါလက္ခဏာတွေရှိရင်၊ ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့သေချာတိုင်ပင်နိုင်ပါတယ် လူတိုင်းခန္ဓါကိုယ်ပုံစံတွေက မတူတာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်ခြင်းက သင့်အတွက်အကောင်းဆုံးဖြစ်မှာပါ။

ဘာတွေက DH ဖြစ်စေသလဲ

ရေယုန်ပုံစံနဲ့ဆင်တာကြောင့် ရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ လုံးဝမဆိုင်ပါဘူး။ ဆရာဝန်အများစုက ဒါဟာ အူမှာပြဿနာဖြစ်တာဖြစ်ကြောင်း သက်သေပြပြီးပါပြီ။ Celiac sprue လို့ခေါ်တဲ့အူရောဂါတစ်မျိုးဟာ ကိုယ်ခံအားစနစ်မှားယွင်းမှုကြောင့် အူမှ gluten ကိုလက်မခံနိုင်တဲ့ အခြေအနေပါ။ Gluten ကို ဂျုံ၊ ရေးစပါး၊ ဘာလီ၊ အုတ်ဂျုံ စသည်ဖြင့် အစေ့စားရတဲ့ အပင်တွေမှာတွေ့ရတတ်ပါတယ်။

National Institutes of Health (NIH) အရ၊ celiac disease ရှိတဲ့လူ ၁၅ မှ ၂၅ ရာခိုင်နှုန်းမှာ DH အခြေအနေရှိတယ်လို့ ဆိုကြပါတယ်။ Celiac disease ကြောင့် ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ ပျို့အန်ခြင်း များလည်းဖြစ်တတ်ပါတယ်။ DH ရှိသူများမှာတော့ ထိုအူဆိုင်ရာ ပြဿနာတွေမရှိတတ်ပါဘူး။ ဒါပေမယ့် ထိုအူပြဿနာတွေမရှိစေကာမူ DH ရှိသူ ၈၀ ရာခိုင်နှုန်းနဲ့အထက်မှာ gluten စားရင်တော့ အူထိခိုက်နိုင်ပါတယ် လို့ National Foundation for Celiac Awareness (NFCA) ကဆိုပါတယ်။

အူပြဿနာတွေနဲ့ ယားယံဖုတွေဟာ gluten ကို IgA လို့ခေါ်တဲ့ ပဋိပစ္စည်းတစ်မျိုးက တုံ့ပြန်ခြင်းကြောင့်ဖြစ်တာပါ။ Gluten တွေကိုတိုက်ဖို့ IgA တွေထွက်လာပြီး IgA တွေက gluten တွေကိုတိုက်တဲ့အခါမှာ အူရဲ့ဗီတာမင်နဲ့ အာဟာရတွေကို စုပ်ယူနိုင်တဲ့အပိုင်းတွေကို ဖျက်စီးပစ်လိုက်ပါတော့တယ်။ ထိုအခြေအနေက မျိုးရိုးလိုက်လေ့ရှိတယ်လို့လည်း ဆိုကြပါတယ်။

IgA က gluten ကိုသွားတွယ်ပြီး သွေးစီးကြောင်းထဲဝင်ကာ သွေးကြောငယ်လေးတွေ၊ အထူးသဖြင့် အရေပြားထဲကသွေးကြောငယ်လေးတွေထဲမှာ သွေးခဲစေပါတယ်။ ထိုသွေးခဲတွေက သွေးဖြူဥတွေကို ဆွဲတောင်ပြီး သွေးဖြူဥတွေကနေ completement (ကွန်ပလိမန့်)လို့ခေါ်တဲ့ပစ္စည်းတစ်မျိုးထုတ်ပါ။ ထို completement ကယားယံတဲ့အဖုတွေ ပေါက်လာစေပါတယ်။

ဖြစ်နိုင်ချေတက်စေသောအချက်များ

လူတိုင်းမှာဖြစ်နိုင်ပြီး မိသားစုထဲမှာ celiac disease သို့မဟုတ် DH ရှိပါက ပိုဖြစ်နိုင်ချေများပါတယ်။

အမျိုးသမီးတွေမှာပိုတွေ့ရပေမယ့် NIH ကတော့ အမျိုးသားတွေမှာပိုအဖြစ်များတယ် လို့ဆိုပါတယ်။ အသက်၂၀၊ ၃၀ ဝန်းကျင်မှာစတင်တွေ့လာရတတ်ပြီး၊ ကလေးဘဝကတည်းက စတင်တာလည်းဖြစ်နိုင်ပါတယ်။ ဥရောပသားတွေမှာ တွေ့ရများတတ်ပြီး အာရှနဲ့ အာဖရိက လူမျိုးတွေမှာ သိပ်တွေ့ရလေ့မရှိပါဘူး။

ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

ဒီအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်ပါဘူး။ အမြဲဆရာဝန်နဲ့တိုင်ပင်ပါ။

ဘယ်လိုရှာဖွေသိရှိမလဲ

ဆရာဝန်က ထိုအခြေအနေကို သံသယရှိပါက တချို့သောစစ်ဆေးမှုများလုပ်ခြင်းဖြင့် သိနိုင်ပါတယ်။ စစ်ဆေးမှုတွေမှာ-

Skin Biopsy အရေပြားစယူကာ မိုက်ခရိုစကုပ်ကြည့်ခြင်း

အရေပြားမှ နမူနာယူကာ မိုက်ခရိုစကုပ်နဲ့စစ်ဆေးပါလိမ့်မယ်။ တခါတလေမှာ direct immunofluorescence test လုပ်လေ့ရှိတယ်။ Direct immunofluorescence test ဆိုတာ ယားဖုများတဝိုက်က အရေပြားကို IgA ကိုပြနိုင်တဲ့ ဆိုးဆေးတစ်မျိုးဆိုးကြည့်ခြင်းဖြစ်တယ်။ ဒီနည်းဟာ တခြားသောအရေပြားရောဂါများကိုလည်း ရှာတွေ့သိရှိနိုင်ပါတယ်။

သွေးစစ်ခြင်း

သွေးထဲမှာ ပဋိပစ္စည်းများကိုစစ်ဆေးခြင်းဖြစ်တယ်။ Gluten ကြောင့် အူအတွင်းပျက်စီးမှုရှိမရှိအတွက်တော့ Intestinal biopsy ခေါ် အူမှအသားစယူကာစစ်ဆေးရပါလိမ့်မယ်။

Patch Testing

စစ်ဆေးမှုအဖြေတွေမသေချာတဲ့အခါ ဒါမှမဟုတ် တခြားရောဂါဖြစ်နိုင်ချေရှိတဲ့အခါ patch testing လုပ်ပါတယ်။ ထို patch testing က DH နဲ့ဆင်တဲ့ အရေပြားဓါတ်မတည့်မှုကို တွေ့နိုင်မယ့် အကောင်းဆုံးစစ်ဆေးမှုဖြစ်ပါတယ်။

ဘယ်လိုကုသရမလဲ

DH ကို dapsone လို့ခေါ်တဲ့ ပဋိဇီဝဆေးတစ်မျိုးနဲ့ ကုသလို့ရပါတယ်။ dapsone ဟာ ဆေးပြင်းတစ်မျိုးဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်းများပါတယ်။ အာနိသင်ပြသည်အထိ လပေါင်းများစွာ တဖြေးဖြေး ဆေးပမာဏတိုးသွားရပါတယ်။ dapsone ကြောင့် သက်သာရာရပေမယ့် ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့-

• အသည်းပြဿနာ

• နေရောင်ကိုအထိမခံနိုင်ခြင်း

• သွေးအားနည်းခြင်း

• ကြွက်သားအားနည်းခြင်း

• အာရုံကြောပြဿနာများ

ဖြစ်လာနိုင်ပါတယ်။

Tetracycline(တက်ထရာစိုင်ကလင်း), sulfapyridine(ဆလ်ဖာပိုင်ရီဒင်း) နဲ့ တချို့သော ကိုယ်ခံအားစနစ်ထိန်းချုပ်တဲ့ဆေးတွေလည်း သုံးနိုင်ပါတယ်။ ဒါပေမယ့် dapsone(ဒပ်ဆုံး) လောက်တော့ အာနိသင်မကောင်းပါဘူး။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲ အာနိသင်ရှိတဲ့ နည်းကတော့ gluten ရှောင်စားခြင်းပါဘဲ၊ ဂျုံ၊ အုတ်ဂျုံ၊ ဘာလီ၊ ရေးစပါးစတာတွေပါတဲ့ ဆေး၊ စားစရာ၊ သောက်စရာတွေကို လုံးဝရှောင်ရမယ်လို့ ဆိုလိုတာပါ။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုထုံး

တချို့အသုံးတည့်မယ့် အချက်လေးတွေကတော့-

• ဘာလီ၊ ဂျုံ၊ အုတ်ဂျုံ စတာတွေပါတဲ့ စားစရာ၊ သောက်စရာတွေကို ရှောင်ပါ။

• ‘Gluten မပါ’ ဟု ရေးမထားသော အသင့်ထုတ်ပိုးပြီးစားစရာများကို ရှောင်ပါ။

နောက်ထပ်သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ခြင်းဟာ သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။