backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Warts (ကြွက်နို့)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Warts (ကြွက်နို့)

Warts (ကြွက်နို့) အကြောင်းလေး ပြောပြပေးချင်ပါတယ်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Warts (ကြွက်နို့) ကဘာလဲ။

ကြွက်နို့ ဆိုတာ သင့်ရဲ့အရေပြားပေါ်မှာ human papillomavirus (HPV) ကြောင့်ထွက်လာတဲ့ အဖုလေးတွေကို ခေါ်ပါတယ်။ ဒီဗိုင်းရပ်စ်တွေက သင့်ရဲ့ ခန္ဒါအနှံ့မှာ ရောဂါ မျိုးစုံဖြစ်နိုင်ပါတယ်။ သာမာန် ကြွက်နို့လေးတွေကတော့ လက်တွေ၊ လက်မောင်းတွေ နဲ့ ခြေထောက်တွေမှာ ပေါက်တတ်ပါတယ်။ သူတို့က ဂေါ်ဖီပွင့်လေးတွေနဲ့ တခ့ါတလေ တူကြပါတယ်။ Periungual ကြွက်နို့ တွေကတော့ လက်သည်းတစ်ဝိုက်မှာ ပေါက်တတ်ပါတယ်။ ထို့ပြင် ကလေးနှင့် မိန်မတွေရဲ့မျက်နှာ၊ ဒူးနှင့် တံတောင်တွေမှာ ပေါက်တတ်တဲ့ flat ကြွက်နို့ တွေက သိပ်မဖုပဲ အသားအရောင်တိုင်းရှိပါတယ်။ ထို့ပြင် လိင်အင်္ဂါတွေနှင့် စအိုနေရာတွေမှာ ပေါက်တဲ့ ကြွက်နို့တွေကတော့ လိင်ဆက်ဆံရာမှ ကူးစက်ခြင်းတွေ ဖြစ်တတ်ကြပါတယ်။

Warts (ကြွက်နို့) က ဘယ်လောက်အဖြစ်များသလဲ

ကြွက်နို့ ဟာ အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ် အထူးသဖြင့် ၁၀ နှစ်မှ အသက် ၂၀ တွင်းလူတွေမှာ ဖြစ်တတ်ပါတယ်။ တော်တော်များများကတော့ (၆၅%လောက်) ၂ နှစ်အတွင်း ကုသမှု မလိုပဲသူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ သို့သော်လည်း ပြန်ဖြစ်တတ်တဲ့ ရောဂါတွေ ရှိတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ကုသသင့်ပါတယ်။

လက္ခဏာများ

Warts (ကြွက်နို့) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကြွက်နို့ အများစုကတော့ သင့်ရဲ့ အရေပြားပေါ်မှာ အနေရ ခက်စေပါတယ်။ မျက်နှာနဲ့ ခေါင်းပေါ်မှာ ပေါက်လျှင် သွေးထွက်တတ်ပါတယ်။ planter ကြွက်နို့ တွေကတော့ လမ်းလျှောက်တဲ့ အခါမှာ နာကျင် ကိုက်ခဲစေပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

• သင့်အရေပြားပေါ်က ပေါက်လာတဲ့ အရာကို ကြွက်နို့ ဟုတ်မဟုတ် မသေချာလျှင်။ အသက် ၆၀ ကျော်သည်ထိ အရင်က ကြွက်နို့ တစ်ခါမှ မပေါက်ဖူးခဲ့လျှင် ဆရာဝန်ဆီသွား ပြီး ကင်ဆာဟုတ်မဟုတ် တိုင်ပင်သင့်ပါတယ်။

• အိမ်မှာ ကိုယ့်ဖာသာ ဆေးဝယ်သောက်နေသော်လည်း ၂ လ ၃ လလောက်ထိ အရာမရောက် ဖြစ်နေလျှင်

• သင် ကုသမှု ခံယူနသော်လည်း ကြွက်နို့တွေက ပြန့်နှံ့လာလျှင်

• ဘက်တီးရီးယားပိုးဝင်တဲ့ လက္ခဏာတွေ ဖြစ်တဲ့နာခြင်း၊ရောင်ခြင်း နှင့် ပြည်ထွက်ခြင်းတို့ ဖြစ်လျှင်။ Chung ကြွက်နို့ တွေဟာ အရမ်းရောင်လာတဲ့ အခါ ခြေထောက်တွေကို မလှုပ်ရှားသင့်ပါဘူး။

• သင့်မှာ ဆီးချို သွေးချို သို့ peripheral arterial ရောဂါ နှင့် ခြေထောက်မှာ ကြွက်နို့ပေါက်လျှင်

• သင့် လိင်အင်္ဂါ သို့ စအိုနေရာတွေမှာ ကြွက်နို့ပေါက်နေလျှင်

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Warts (ကြွက်နို့) ကိုဘာတွေကဖြစ်စေသလဲ

ကြွက်နို့ က လူတစ်ယောက်မှ တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ ကြွက်နို့တွေကို ကုတ်ခြင်း သို့ ဆိတ်ခြင်းတို့ကြောင့် ရောဂါပိုးတွေ ဝင်စေပါတယ်။ စိုထိုင်းတဲ့ အရေပြား သို့ ခြစ်ရာ ကုတ်ရာတွေ ရှိတဲ့ အရေပြားတွေက ကြွက်နို့ပေါက်နိုင်ချေများပါတယ်။

Risk factors

ငါ့ဆီမှာ Warts (ကြွက်နို့) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကြွက်နို့ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• အသက်။ ။ ကလေးတွေနဲ့ ပျိုဖော်ဝင်စအရွယ်များ

• ကိုယ်ခံအားကျရောဂါရှိသူများ အထူးသဖြင့် HIV/AIDS ရောဂါသည်များ သို့ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသထားသူများ

• စွတ်စိုတဲ့ မျက်နှာပြင်မှာ ခြေဗလာနဲ့ လမ်းလျှောက်ခြင်း ဥပမာ ရေချိုးခန်း၊ အများသုံး အဝတ်လဲခန်း၊ သို့ ရေကူးကန်များ

• ကြွက်နို့ရှိတဲံ လူနဲ့ မျက်နှာသုတ်ပဝါ၊ မုတ်ဆိတ်ရိတ်ဓါး နှင့် တခြားတစ်ကိုယ်ရေသုံး ပစ္စည်းများ အတူတကွသုံးစွဲခြင်း

• လက်သည်း ခြေသည်းတွေကို ကိုက်ခြင်း

• ဖိနပ် အကြပ်တွေ စီးခြင်းကလည်း ခြေထောက်ကို ချွေးထွက်စေပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ကြွက်နို့ မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Warts (ကြွက်နို့) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်တွေက သင့် အရေပြားအား စမ်းသပ်ခြင်းဖြင့် ကြွက်နို့ ဟုတ်မဟုတ် အဖြေရှာနိုင်ပါတယ်။ ရောဂါ မသေချာလျှင် ဆရာဝန်က ကြွက်နို့ ကို biopsy ယူပြီး microscope အောက်မှာ ကြည့်နိုင်ပါတယ်။

Warts (ကြွက်နို့) ကို ဘယ်လိုကုသပါသလဲ

ကုသမှုတွေက အမြဲတမ်းတော့ မအောင်မြင်နိုင်ပါဘူး။ ထို့ပြင် ကုသမှုကြောင့် နောက်ဆက်တွဲ အနေနဲ့ နာကျင်ခြင်း၊ ရောဂါပိုးဝင်ခြင်း နှင့် အမာရွတ်စွဲခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ကြွက်နို့က မနာဘူးဆိုလျှင် ကုသမှု မလိုအပ်ပါဘူး။ အများသုံးရေကူးကန်၊ အဝတ်လဲခန်း သို့ ရေချိုးခန်းတွေကိ သွားမယ်ဆိုလျှင် ကြွက်နို့တွေကို တစ်ခုခုနဲ့ ဖုံးကာထားသင့်ပါတယ်။

ကုသမှုက သင့် ကြွက်နို့ရှိရာ နေရာပေါ်မူတည်ပါတယ်။ လက်မောင်း၊ လက်နှင့် ခြေထောက်တွေမှာ ပေါက်တတ်တဲ့ ကြွက်နို့ တွေကို တော့ ကွာကျသွားသည် အထိ ညတစ်ကြိမ် သို့ မနက်တစ်ကြမ် salicylic acid solution နဲ့ လိမ်းပေးသင့်ပါတယ်။ plantar ကြွက်နို့ တွေကို 40% salicylic acid plaster တွေနဲ့ ကုနိုင်ပြီး flat ကြွက်နို့ တွေကိုတော့ tretinoin cream သို့ 5-flurouracil သုံးပြီး အရေပြားကွာစေတဲ့ နည်းလမ်းနဲ့ ကုနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကြွက်နို့ တွေကိုတော့ ဆရာဝန်ဆီကို သင်ကိုယ်တိုင်ရော၊ သင့် အဖော်ရောပါ သွားပြသင့်ပါတယ်။ ကုသမှုကတော blistering agent နဲ့ ကုသခြင်းဖြစ်ပါတယ်။ ဒီကုထုံးနဲံ အဆင်မပြေလျှင် ဆရာဝန်က ပိုပြင်းတဲ့ ဆေးတွေဖြစ်တဲ့ imiquimod cream သို့ trichloroacetic acid တွေ ပေးပါလိမ့်မယ်။

တခြားကုသနည်းတွေကတော့ ခဲခြင်း၊ ကိုယ်ခံအားစနစ်ကို လှူံဆော်ပေးတဲ့ ဆေးများကို ကြွက်နို့အားထိုးပေးခြင်း၊ ခွဲစိပ်ခြင်း၊လေဆာ သို့ လျှပ်စစ်သုံးပြီး ကြွက်နို့ကို လောင်ကျွမ်းစေခြင်းတို့ ဖြစ်ကြပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကြွက်နို့ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကြွက်နို့ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ကြွက်နို့ကို ကိုင်မိပြီးချင်းမှာ လက်ဆေးခြင်းဖြင့် ပြန့်နှံ့ခြင်းကို ရှောင်ကြဉ်ပါ။

• သင့်ရဲ့ ကြွက်နို့တွေက salicylic acid solutions တွေနဲ့ မသက်သာလျှင် ဆရာဝန်ကို ပြောပြပါ။

• ကြွက်နို့ကို ရက်သတ္တပတ်လောက် ကုသသော်လည်း မပျောက်တဲ့ အခါ ဆရာဝန်နဲ့ ပြပါ။

ထို့ပြင် ကြွက်နို့ကို ကာကွယ်ရန် အောက်ပါတို့ကို လုပ်ဆောင်သင့်ပါတယ်။

• လက်သည်း မကိုက်ပါနဲ့။ ကြွက်နို့တွေက ပျက်စီးနေတဲ့ အရေပြားတွေမှာ အဖြစ်များပါတယ်။ လက်သည်း အရေပြားတွေကိုက်ခြင်းဖြင့် ဗိုင်းရပ်စ်ပိုးတွေ ဝင်လာဖို့ တံခါးဖွင့်ပေးလိုက်သလို ဖြစ်နေပါတယ်။

• ကြွက်နို့တွေကို မဆိတ်ပါနဲ့ ပျံ့တတ်ပါတယ်။

• အရေပြားကို ဂရုစိုက်ပါ။ ပျံ့နှံ့ခြင်းကို ကာကွယ်နိုင်ရန် ကြွက်နို့ ရှိတဲ့ နေရာတွေမှာ ပွတ်တိုက်ခြင်း အမွှေးရိတ်ခြင်းတို့ အပြုလုပ်ပါနဲ့ ရိပ်ချင်လျှင် လျှပ်စစ် အမွှေးရိတ်စက်ကို အသုံးပြုသင့်ပါတယ်။

• တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို လဲလှယ်သုံးစွဲ ခြင်းမပြုပါနဲ့ လူတစ်ယောက်နဲ့ တစ်ယောက်ကူးစက်နိုင်ပါတယ်။

• ကြွက်နို့တွေနဲ့ တိုက်ရိုက် မထိပါစေနဲံ သင့် ကြွက်နို့တွေပါ အပါအဝင်ပေါ့

• ကြွက်နို့နဲ့ ထိမိသွားလျှင် လက်ကို သေချာ စင်ကြယ်အောင် ပြန်ဆေးပါ။

• သင့်ရဲ့ ခြေထောက်တွေကို သန့်ရှင်းအောင်ထားပါ။ နေ့တိုင်း ဖိနပ်နဲ့ ခြေအိတ်တွေကို လဲပေးပါ။

• Wart ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ နေရာတွေမှာ ဖိနပ်စီးပါ။ အထူးသဖြင့် ရေကူးကန် နဲ့ အားကစားရုံတွေမှာ ဖိနပ်စီးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement