ဆံပင်ဖြူ ပေါက်နေပြီ ဆိုရင် အသက်ကြီးလာတဲ့ လက္ခဏာ အဖြစ် သိထားကြတာပါ။ ဒါပေမယ့် ကျောင်းသားအရွယ် တည်းက ဆံပင်ဖြူလေးတွေ ရှိနေကြတဲ့ သူတွေဆို ဘယ်လိုမျိုးပါလိမ့်နော်။ ငယ်ငယ်လေးပေမယ့် ဆံပင်ဖြူ ရှိနေကြသူတွေအတွက် ဆက်ပြီး လေ့လာကြည့်ရအောင်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဆံပင်ဖြူ ပေါက်နေပြီ ဆိုရင် အသက်ကြီးလာတဲ့ လက္ခဏာ အဖြစ် သိထားကြတာပါ။ ဒါပေမယ့် ကျောင်းသားအရွယ် တည်းက ဆံပင်ဖြူလေးတွေ ရှိနေကြတဲ့ သူတွေဆို ဘယ်လိုမျိုးပါလိမ့်နော်။ ငယ်ငယ်လေးပေမယ့် ဆံပင်ဖြူ ရှိနေကြသူတွေအတွက် ဆက်ပြီး လေ့လာကြည့်ရအောင်။
အရွယ်မတိုင်ခင် ဆံပင်ဖြူ ပေါက်ရတာ စိတ်ဖိစီးမှု များလို့၊ စိတ်ပင်ပန်းရလို့ ဆိုပြီး ယူဆကြတာပါ။ ဒါပေမယ့် တခြားအကြောင်းရင်းတွေလည်း အများကြီးရှိနေပါသေးတယ်နော်။
ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သိုင်းရွိုက်ရောဂါ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ အလုပ်လုပ်တာ များလွန်းတာ ဒါမှမဟုတ် နည်းလွန်းတာတွေက ဆံသားအတွင်း melanin ထွက်ရှိမှုကို ထိခိုက်စေပြီး အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို ဖြစ်လာစေနိုင်ပါတယ်။
B12 ဓာတ် ချို့တဲ့ရင် ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူ နိုင်ပါတယ်။ ဗီတာမင် B12၊ ဇင့်နဲ့ ကော့ပါးတို့က ဆံသား အားဖြည့်ပေးတဲ့ဓာတ်တွေ ဖြစ်တာကြောင့် B12 ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်အာဟာရမှာ အမြဲထည့်စားပါ။
မိဘတွေမှာ ငယ်ငယ်လေး နဲ့ ဆံပင်ဖြူရှိခဲ့ဖူးရင် မွေးလာတဲ့ သားသမီးမှာလည်း ဖြစ်နိုင်ဖို့ ပိုများပါတယ်။ ဆံပင်ဖြူခြင်းက မျိုးဗီဇ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်မှာ ဗီတာမင်C နဲ့ E ချို့တဲ့နေရင်လည်း ဆံပင်ဖြူလာနိုင်ပါတယ်။ ဒီလိုချို့တဲ့ရင် melanin ထုတ်ပေးတဲ့ ဆဲလ်တွေရဲ့ပမာဏကိုလျော့နည်းစေပြီး ဆံပင်ဖြူ လာစေပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ အသက်ငယ်ငယ် နဲ့ ဆံပင်ဖြူစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ သောက်သုံးသူရဲ့ ခန္ဓာကိုယ်ထဲမှာ free radicals ဓာတ်တွေ ထွက်ရှိစေပြီး melanin ကို လျော့နည်းစေပါတယ်။
အသင့်အလွယ်စား အစားအစာတွေက အသက်ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူစေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အသင့်စား သို့မဟုတ် ပြုပြင်စီမံထားတဲ့အစားအစာ တွေဟာ ဆံသားအတွင်းက melanin ဓာတ်ကို လျော့နည်းစေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ ဒီအစားအစာတွေကို ကြာရှည်စွဲမြဲစားသုံးသူတွေဟာ အရွယ်မတိုင်မီ ဆံပင်ဖြူလာဖို့ များပါတယ်။
စိတ်ဖိစီးမှုက လူကို ထိခိုက်မှုများစွာ ဖြစ်လာစေနိုင်ပြီး စိတ်တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပူပန်ခြင်း တို့ကmelanin ဆဲလ်တွေကို ပမာဏ လျော့စေပြီး အသက် ငယ်ငယ်နဲ့ ဆံပင်ဖြူလာစေပါတယ်။
ဘာလို့ ဆံပင်ဖြူတွေ တွေ့နေရလဲ။ အာဟာရ မညီမျှတဲ့ စားသောက်ပုံ အလေ့အထ ရှိရင် ချို့တဲ့နေတဲ့ အာဟာရတွေလည်း အများကြီးရှိမှာပါပဲ။ ကိုယ့်ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္ထုဓာတ် အလုံအလောက် မရနိုင်တဲ့ အခါ လုပ်ဆောင်ချက်တွေ ချို့ယွင်းလာတတ်တာကြောင့် ဆံပင်ဖြူတာ အပါအဝင် တခြားကျန်းမာရေးပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။
ဒီလို အသုံးများခြင်းက ဆံသားကို အားနည်းစေပါတယ်။ ဒီစက်တွေကနေ ထွက်ရှိလာတဲ့ အပူရှိန်က melanin ထွက်ရှိမှုကို ထိခိုက်စေပြီး ဆံပင်ဖြူလာစေနိုင်ပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်းကြောင့် ဖြစ်လာတဲ့ ဦးရေပြား မသန့်ရှင်းမှု ကလည်း အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဆံပင်ကို ဂရုမစိုက်ရင်တော့ ဆံပင်က ဖြူလာမှာပဲ ဖြစ်ပါတယ်။
မကြာခဏ ဆံပင်ဆိုးရင် ဆံသား ပျက်စီးစေနိင်ပါတယ်။ ဒီဆိုးဆေးတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် melanin ဆဲလ်တွေ ကိုလည်း ပျက်စီးစေနိုင်ပါတယ်.
အရွယ် မတိုင်မီ သွေးဆုံးခြင်းလက္ခဏာ ခံစားနေရသူတွေဟာ ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူလာစေနိုင်ပါတယ်။
ဖောလစ်အက်စစ် ဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ် အတော်များများ အတွက် မရှိမဖြစ်ဓာတ် တစ်မျိုး ဖြစ်ပြီး သူချို့တဲ့ပြီ ဆိုရင် ဆံပင်သန်စွမ်းမှုကို နှေးကွေးစေနိုင်ရုံမက ဆံပင်ပါ ဖြူစေပါတယ်။
ဗာဒံစေ့ အပါအဝင် အစေ့အဆံတွေကို စားသုံးပေးရင် ဆံပင်ဖြူခြင်းကို သက်သာစေနိုင်ပါတယ်။ ခြုံပြောရရင် အသီးအရွက်တွေ များများစားပါ၊ ကျန်းမာရေးနဲ့ မညီတာတွေ ရှောင်ပါ၊ ဆံသားအလှကုန်တွေကို အပြင်းစားတွေ၊ စျေးပေါတာတွေ မသုံးပါနဲ့၊ စိတ်ဖိစီးမှု ကို လျှော့ဖို့ နည်းလမ်းရှာပါ၊ ကျန်းမာရေး စစ်ဆေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။