အရေပြားရောင်ရမ်းခြင်းများ

အရေပြားရောင်ရမ်းနာတွေက အဖြစ်များသလို နာတာရှည်အရေပြားရောဂါတွေလည်း ဖြစ်ပါတယ်။ အရေပြားရောင်ရမ်းနာတွေနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရေပြားရောင်ရမ်းခြင်းများ

လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တဲ့ နှင်းခူရောဂါ

လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တဲ့ ပြဿနာကို ကိုယ်တိုင်ဖြစ်ဖြစ်၊ တခြားသူမှာ ပေါက်တာဖြစ်ဖြစ် တွေ့ဖူးကြမှာပါ။ တချို့များဆို လက်ချောင်းတွေမှာ အရည်ကြည်ဖုတွေနဲ့ တင်းပြီး ရောင်ကိုင်းနေတတ်ပါတယ်။ ဒါက ဘယ်လိုအရေပြားရောဂါလဲ။ ကူးစက်တတ်လား။ အရည်ကြည်ဖုတွေကို ဖောက်လိုက်ရင် သက်သာသွားမှာလား။ လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တဲ့ နှင်းခူရောဂါ ဒါကို Dyshidrotic eczema လို့‌ခေါ်ပါတယ်။ အရည်ကြည်ဖုလေးတွေက ပူစီဖောင်းလေးတွေနဲ့ တူတဲ့အတွက် Pompholyx လို့လည်း ခေါ်ကြပါတယ်။ ဒါက အရေပြားနှင်းခူရောဂါတစ်မျိုး ဖြစ်ပါတယ်။ ထူးခြားချက်က လက်ချောင်း၊ လက်ဖဝါး၊ ခြေချောင်းနဲ့ ခြေဖဝါးတွေမှာပဲ ဖြစ်ပါတယ်။ ဒီရောဂါ ဘာကြောင့်ဖြစ်ရတာလဲ နှင်းခူရောဂါတို့ရဲ့ သဘာဝအတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း အတိအကျ မရှိပါ။ မျိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေ၊ ခုခံအားတုံ့ပြန်မှု စတာတွေပေါ် မူတည်နေပါတယ်။ ဒီအရေပြားရောဂါ ရှိတဲ့သူတွေက ကိုယ်နဲ့မတည့်တာကို ထိတွေ့မိတဲ့အခါ ပိုဆိုးတတ်ပါတယ်။ […]

အရေပြားရောင်ရမ်းခြင်းများ ကို ရှာဖွေမည်။

အရေပြားရောင်ရမ်းခြင်းများ

အရေပြား အဆီပြန်ရောင်ရမ်းခြင်း

အရေပြား အဆီပြန်ရောင်ရမ်းခြင်း ဆိုတဲ့ ဝေါဟာရဟာ သင့်အတွက် အစိမ်းသက်သက် ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သင့်လိုပဲ လူအတော်များများသည်လည်း ဒီရောဂါအကြောင်း စုံစုံလင်လင် သိမထားကြပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှ အရေပြားအဆီပြန်ရောင်ရမ်းခြင်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အရေပြား အဆီပြန်ရောင်ရမ်းခြင်း အရေပြား အဆီပြန်ရောင်ရမ်းခြင်း ဟာ လူသိနည်းသလောက် အလွန်အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဓါတ်မတည့်တုံ့ပြန်မှု၊ နှင်းခူရောဂါတို့နဲ့ ဆင်တူပေမယ့် သင့်ကျန်းမာရေးကိုတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါဟာ သင့်ကို စိတ်မသက်မသာဖြစ်စေပြီး နေရထိုင်ရခက်စေမယ့် အရေပြားပြဿနာတစ်ခုသာ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေကြောင့် သင့်ကိုယ်သင် သန့်သန့်ရှင်းရှင်းမရှိသလို ခံစားရနိုင်ပါတယ်။ အရေပြားအဆီပြန်ရောင်ရမ်းခြင်းဟာ သူ့အလိုလို သက်သာသွားနိုင်ပေမယ့် ရောဂါလက္ခဏာတွေ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ ကာလရှည်ကြာ ဖြစ်လေ့ရှိတာများပါတယ်။ ဆောင်းရာသီလို ရာသီဥတုအေးပြီး ခြောက်သွေ့တဲ့အချိန်တွေမှာတော့ ရောဂါပြန်ထလာလေ့ရှိပါတယ်။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ […]


အရေပြားရောင်ရမ်းခြင်းများ

Dermatitis (အရေပြားယောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dermatitis (အရေပြားယောင်ခြင်း) ကဘာလဲ။ ဖြစ်စေသောအကြောင်းအရာများစွာရှိပြီး ပုံစံမျိုးစုံလဲရှိသည်။ အနီကွက်များတွင် ယောင်ပြီးရဲနေလိမ့်မည်။ အရေပြားယောင်ခြင်းဖြစ်ပါက ရေကြည်ဖုထွက်ခြင်း စိမ်ထွက်မှုများဖြစ်ပြီး အမာရွတ်တတ်ခြင်းများဖြစ်နေတတ်သည်။ဥပမာ နှင်းခူ၊ ဖောက်ထခြင်း နှင့် အနီစက်ထခြင်း တို့သည် အရာဝတ္ထုများဖြစ်သည့်(ဥပမာ အဆိပ် ဆပ်ပြာ နစ်ကယ်ပါသောလက်ဝတ်လက်စားများကြောင့်ဖြစ်တတ်သည်။ အရေပြားယောင်ခြင်းသည်ဖြစ်လေ့ဖြစ်ထရှိပြီး ရောဂါကူးစက်ခြင်းမဖြေစေတတ်သော်လည်း သင့်အား သက်တောင့်သက်သာမရှိစေခြင်းဖြစ်တတ်သည်။ ကိုယ်ကိုကိုဂရုစိုက်ခြင်းနှင့် ဆေးဝါးအကူအညီများဖြင့် ကုသနိုင်သည်။ Dermatitis (အရေပြားယောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရေပြားယောင်ခြင်း သည် အဖြစ်များသော နှာတာရှည် သို့မဟုတ် ပြန်ဖြစ်တတ်သည် အရေပြားယောင်ယမ်းခြင်းရောဂါတစ်မျိုးဖြစ်သည်။ ကလေးများတွင် ၁၅ မှ၂၀ရာခိုင်နှုန်းထိဖြစ်တတ်ပြီး လူကြီးတွင် ၁ မှ ၃ ရာခိုင်နှုန်းထိဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDermatitis (အရေပြားယောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အရေပြားယောင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ရောဂါလက္ခဏာပေါ်မူတည်၍ရောဂါလက္ခဏာပြောင်းလဲနိုင်သည်။ နှင်းခူ ကလေးဘဝတွင်စဖြစ်တတ်ပြီး နီယားသော်အကွက်များပေါ်တတ်သည်။ အဓိက တတောင်အကွေး နှင့် ဒူးနောက်ပိုင်း […]


အရေပြားရောင်ရမ်းခြင်းများ

Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း) ကဘာလဲ။ ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်းဆိုတာ သင့်အသားအရေနှင့် ထိတွေ့မိသော အရာဝတ္တုတစ်ခုကြောင့် အရေပြားတွင် ယားယံသော အနီပြင်ထလာခြင်းဖြစ်သည်။ ၎င်းသည် မကူးစက်တတ်ပါ၊ အသက်အန္တရာယ်လည်း မရှိနိုင်ပါ။ သို့သော်သင်.ကို အလွန်စိတ်အနှောင့်အယှက်ပေးနိုင်သည်။ ဆပ်ပြာ ၊အလှကုန်ပစ္စည်း၊ အမွှေးနံ့သာများ၊ လက်ဝတ်ရတနာများ၊ အဆိပ်ရှိနွယ်ပင်များနှင့် ထိတွေ့မိရာမှ ဖြစ်နိုင်သည်။ အချို့လူများတွင် လုပ်ငန်းခွင်ရှိ အရာဝတ္တုများကြောင့်လည်း ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ဖြစ်နိုင်သည်။ Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်းသည် အလွန်အဖြစ်များ၍ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနှုန်းမြင့်မားစေသော အချက်များကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လက္ခဏာများContact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း၏လက္ခဏာများ အဖြစ်များသော လက္ခဏာများမှာ အနီပြင် သို့မဟုတ် အဖုများထခြင်း ပြင်းထန်စွာယားယံခြင်း ကြာရှည်ဖြစ်လာပါက အရေပြား ခြောက်သွေ့အက်ကွဲပြီး အဖတ်များကွာခြင်း ရောဂါပြင်းထန်ပါက အရည်ကြည်ဖုဖြစ်ခြင်း အရည်ထွက်ခြင်း […]


အရေပြားရောင်ရမ်းခြင်းများ

Atopic Dermatitis (နှင်းခူရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atopic Dermatitis (နှင်းခူရောဂါ) ကဘာလဲ။ နှင်းခူဟာ ဖြစ်လေ့ဖြစ်ထရှိပြီး ကိုယ်ခံအားစနစ်လိုတာထက် အလုပ်ပိုလုပ်တဲ့အခါ ပေါ်လာတတ်ပါတယ်။ အရေပြားနီရဲယားယံလာပြီး အထူးသဖြင့်မျက်နှာ၊ တံတောင်ဆစ်အတွင်းပိုင်း၊ ဒူးနောက်ဖက်တွေမှာ အဖြစ်များပါတယ်။ အရွယ်မရွေးမှာ ဖြစ်ပေါ်နိုင်တယ။် Atopic Dermatitis (နှင်းခူရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အလွန်ဖြစ်လေ့ဖြစ်ထရှိပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ဒါပေမယ့် လူကြီးတွေထက် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဖြစ်နိုင်ချေတိုးစေသော အရာများကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်တယ်။ လက္ခဏာများAtopic Dermatitis (နှင်းခူရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ယားယံခြင်း၊ သာမန်မှ ပြင်းပြင်းထန်ထန်ထိ ယားယံနိုင်ပြီး ညဘက်တွေမှာပိုဆိုးတတ်ပါတယ်။ အနီရောင်မှ အညိုရောင် မီးခိုးရောင် အကွက်များ၊ အထူးသဖြင့် လက်၊ ခြေထောက်၊ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်၊ လည်ပင်း၊ ရင်ဘတ်၊ မျက်ခွံ၊ တံတောင်ဆစ်၊ ဒူး ကွေးသောနေရာများမှာ ဖြစ်တတ်တယ်၊ ကလေးငယ်လေးတွေမှာတော့ မျက်နှာနဲ့ ဦးရေပြားမှာဖြစ်တတ်ပါတယ်။ ကုတ်လိုက်လျှင် အရည်များထွက်နိုင်သော […]


အရေပြားရောင်ရမ်းခြင်းများ

Seborrheic Dermatitis (အဆီထွက်များ အရေပြားရောဂါတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Seborrheic Dermatitis (အဆီထွက်များ အရေပြားရောဂါတစ်မျိုး) ကဘာလဲ။ seborrheic dermatitis ဆိုတာ အရေပြားခြောက်သွေ့စေပြီး ကွာကျစေတဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ Seborrheic dermatitis က အရေပြားနီခြင်းနှင့် exfoliative skin တွေဖြစ်စေနိုင်ပါတယ်။ ဒီရောဂါက အဆီများတဲ့ အရေပြား အထူးသဖြင့် မျက်နှာ၊ ရင်ဘတ် နှင့် ကျောဘက်တွေမှာ ဖြစ်စေနိုင်ပါတယ်။ သို့သော် ဒီရောဂါက ထူပြီး ခြောက်သွေ့တဲ့ အရေပြားတွေမှာ လည်းဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့ ဒီအရေပြားရောဂါကို ကျွဲအရေပြားရောဂါလို့ခေါ်ပါတယ်။ ဒီရောဂါက မကူးစက်နိုင်ပါဘူး ပြီးတော့ သင့်ရဲ့ ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်ပါဘူး သို့သော် သင့်ရဲ့ ပုံပန်းသဏ္ဍန်ကို ထိခိုက်နိုင်ပြီး သင့်ကို နေရခက်စေနိုင်ပါတယ်။ Seborrheic dermatitis က နာတာရှည် ဖြစ်နိုင်ပြီး အကြိမ်ကြိမ် ကုသမှုတွေ ခံယူရနိုင်ပါတယ်။ Seborrheic Dermatitis […]


အရေပြားရောင်ရမ်းခြင်းများ

Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ) ကဘာလဲ။ Pityriasisrosea ဆိုတာ အဖြစ်များတဲ့ အပိန့်ထွက်တဲ့ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ၎င်းအဖုအပိန့်တွေဟာ အဝိုင်းပုံ သို့ ဘဲဥပုံတွေရှိကြပြီး အရွယ်အားဖြင့် ၂.၅ ကနေ ၅ စင်တီမီတာလောက်ထိရှိနိုင်ကြပါတယ်။၎င်းတို့ဟာ ရင်ဘတ်၊ ဝမ်းဗိုက် နှင့် ကျောကုန်းတို့မှာများသောအားဖြင့် ပေါက်တတ်ကြပါတယ်။ အရောင်ကတော့ ပုံမှန်အားဖြင့် အနှီ၊ ပန်းရောင်တွေရှိကြပြီး ပတ်ပတ်လည်မှာ အကြေးခွံလိုမျိုးရှိတတ်ကြပါတယ်။ ဒီအစက်လေးတွေဟာ ၂ ပတ်မှ ၈ ပတ်အတွင်း အမာရွတ်မကျန်ပဲ ပျောက်သွားလေ့ရှိသော်လည်း တခါတရံမှာ အကြာကြီး ရှိနေတတ်ပါတယ်။ ဒီရောဂါဟာ ကူးစက်ရောဂါတော့မဟုတ်ပါဘူး။ Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကနေ ၃၅ နှစ်ထိ ဖြစ်နိုင်ပါတယ်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း