backup og meta

Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

    Glass and glow skin မျိုးကို လူတိုင်း၊ လူတိုင်း အထူးသဖြင့် မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ ကြည်လင်တဲ့အသားအရေ ရရှိဖို့ exfoliator, toner, serum, essence, moisturizer , sunscreen စသဖြင့် skin care တွေနဲ့ ကုထုံးအမျိုးမျိုးကလည်း တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ခေတ်စားလာတာကို တွေ့ရပါတယ်။

    Glow and glass skin ရဖို့ ခေတ်မီ product တွေ၊ ကုထုံးတွေကို ဂရုတစိုက် အသုံးပြုလာကြပေမယ့် အားလုံးသိပြီးသားလည်းဖြစ်ပြီး အရေးကြီးဆုံးလည်းဖြစ်တဲ့ အခြေခံအချက်လေးတွေကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ glass skin ရဖို့ လိုအပ်တဲ့ အခြေခံအချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။ ဒီလို stay home အချိန်ဟာ လူတိုင်းအတွက် ကိုယ့်အသားအရေကို ဂရုစိုက်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်တာကြောင့် လှချင်တဲ့သူတိုင်း ဒီဆောင်းပါးလေးကို ဖတ်ကြည့်ကြပြီး အလေ့အကျင့်ကောင်းလေးတွေ ကြိုးစားဖန်တီးကြဖို့ တိုက်တွန်းချင်ပါတယ်။

    Glass skin လေး ရစေဖို့

    ၁။ ရေသောက်ပါ။

    လူတိုင်းရေသောက်ကြတယ်ဆိုပေမယ့် glass skin ရချင်တယ်ဆိုရင်တော့ ရေကို အနည်းဆုံးတစ်နေ့ ၂လီတာ ပုံမှန်သောက်ပေးဖို့ လိုအပ်ပါတယ်။ တချို့က အဆီပြန်ပြီး ဝက်ခြံတွေထွက်တတ်တဲ့ အသားအရေရှိလို့ အသားအရေခြောက်နေရင် ဝက်ခြံမထွက်ဘူးဆိုတဲ့ အယူအဆနဲ့ ရေသိပ်မသောက်ကြတဲ့သူတွေ ရှိပါတယ်။ အဲဒီ အယူအဆက လုံးဝကို မှားယွင်းနေပါတယ်။ ရေမသောက်တဲ့အခါ အသားအရေက ပိုပြီးခြောက်သွေ့ပြီး အစိုဓာတ်လိုအပ်လာတဲ့အတွက် အရေပြားက အဆီတွေကို ပိုထုတ်ပေးတဲ့အခါ ဝက်ခြံတွေဖြစ်လာစေနိုင်ပါတယ်။

    ဒါ့ကြောင့် လူတိုင်းရေများများသောက်ဖို့လိုအပ်ပါတယ်။ ရေကို ၂လီတာလောက် ပုံမှန်မသောက်ဖြစ်နေတဲ့သူတွေအတွက် အခုလို stay home ကာလဟာ ရေသောက်ဖြစ်အောင် အလေ့အကျင့်လုပ်ဖြစ်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ ကိုယ့်အနားမှာ၊ ကိုယ်အလုပ်လုပ်တဲ့ စားပွဲနားမှာ ရေသန့်ဘူးနဲ့ အမြဲဆောင်ထားပြီး ရေသောက်ဖြစ်အောင် အလေ့အကျင့်လုပ်ယူသင့်ပါတယ်။

    မေ့တတ်တယ်ဆိုရင် ရေသောက်ဖြစ်အောင် alarm လေးတွေ ပေးထားနိုင်ပါတယ်။ ဒါမှမဟုတ် drink water reminder လိုမျိုး ရေသောက်ဖို့ remind လုပ်ပေးတဲ့ application တချို့ကိုလည်း စမ်းသုံးကြည့်နိုင်ပါတယ်။

    ၂။ အိပ်ချိန်မှန်မှန်အိပ်ပါ။

    အခုလို stay home အချိန်မှာ လူငယ်တွေတော်တော်များများ ဖြစ်နေတဲ့ အကြီးဆုံးပြသနာက အိပ်ချိန်မမှန်တာပါပဲ။ ညဘက်တွေ နောက်ကျတဲ့ထိနေမယ်၊ တစ်နေကုန်အိပ်မယ်စသဖြင့်ပေါ့။ အဲဒီလို အိပ်ချိန်မမှန်တာတွေ များလာတဲ့အခါမှာ မျက်ကွင်းတွေညိုလာမယ်၊ အရေးအကြောင်းတွေဖြစ်လာမယ်၊ အသားအရေကလည်း မှိုင်းလာမယ်၊ ကြည်ကြည်လင်လင်မရှိတော့ဘူးပေါ့။ ဒါ့ကြောင့် ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့ ညကစပြီး စောစောလေးအိပ်ဖြစ်အောင် ကြိုးစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

    ညဉ့်နက်မှ အိပ်တာတွေကြာလာတဲ့အခါ စောစောပြန်အိပ်နိုင်ဖို့ အစပိုင်းမှာ ခက်ခဲနေနိုင်ပါတယ်။ ဒါ့ကြောင့် စောစောအိပ်ဖို့ စပြီးပြန်ကြိုးစားကြည့်တဲ့အခါ ကိုယ်အိပ်ချင်တဲ့အချိန်မတိုင်ခင် ၁နာရီလောက်ထဲက ဖုန်းကြည့်တာ၊ TV ကြည့်တာ၊ game ဆော့တာတွေကို ရပ်ထားပြီး အိပ်ရာဝင်ဖို့ စတင်ပြင်ဆင်သင့်ပါတယ်။

    ၃။ အစားအသောက်ကို ဂရုစိုက်ပါ။

    Glass skin ရဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ တစ်နည်းအားဖြင့် unsaturated fat တွေ ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ- ဆယ်လမွန်၊ တူနာ စတဲ့ ငါးအမျိုးမျိုး၊ ထောပတ်သီး) စတာတွေကို စားပေးရပါမယ်။ saturated fat တွေဖြစ်တဲ့ အသားတွေကရတဲ့ အဆီတွေ၊ ဆီကြော်တွေ ကို ရှောင်ရပါမယ်။ ဒါ့အပြင် အရေပြားအတွက် အထူးကောင်းမွန်တဲ့ အသီးတွေ(ဥပမာ- ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ ခရမ်းချဉ်သီး စတာ) တွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေကိုလည်း စားပေးရပါမယ်။ ဘယ်နေ့မှာ ဘာစားမယ်ဆိုတဲ့ ကိုယ်ပိုင် plan လေးဆွဲထားပြီး ဂရုတစိုက်စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။

    Stay home အချိန်မှာ skin care product တွေနဲ့ skin care တဲ့အပြင် ဒီအခြေခံအချက် ၃ချက်ကိုလည်း ပုံမှန်လေး ဂရုတစိုက်လုပ်ဆောင်မယ်ဆိုရင် ကျန်းမာတဲ့ glass skin လေးတွေကို ပိုင်ဆိုင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာကြပါစေ။

    ရေးသားသူ – Khine Phoo Ngon

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement