backup og meta

ဝက်ခြံအမာရွတ်တွေကိုကုသကြမယ်

ဝက်ခြံတွေဟာ ဆယ်ကျော်သက်အရွယ်ရော၊ လူကြီးဘဝမှာပါ ကြုံရအများဆုံး အရေပြားပြဿနာတစ်ခုဖြစ်တယ်။ ဝက်ခြံတွေက ပြင်ပပုံပန်းသွင်ပြင်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါတယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းစေတာမျိုးပေါ့။ ဝက်ခြံတွေပျောက်သွားသည့်တိုင်အောင် ထိုဝက်ခြံတွေကြောင့် အမာရွတ်တွေကျန်ခဲ့တာမျိုးဖြစ်တတ်ပါတယ်။

ဝက်ခြံအမာရွတ်တွေကိုကုသကြမယ်

ဝက်ခြံအမာရွတ်အမျိုးအစား

အမာရွတ်တွေဟာ ရောင်ရမ်းသွားတဲ့ဝက်ခြံတွေကြောင့် ပျက်စီးသွားတဲ့အရေပြားတစ်သျှူးတွေကို ပြန်လည်ပြင်ဆင်ရာမှဖြစ်ပေါ်လာတာပါ။ ပြည်တည်နေသော ဝက်ခြံဖုများကသာရောင်ရမ်းတတ်ပြီး ဆားဝက်ခြံတွေ၊ အမဲစက်တွေက မရောင်ရမ်းတာကြောင့် အမာရွတ်အဖြစ်ကျန်ခဲ့နိုင်ချေနည်းပါတယ်။

ပိတ်သွားတဲ့ချွေးပေါက်တွေဟာ ရောင်ရမ်းပြီး ပေါက်ထွက်သွားတဲ့အခါ ဆဲလ်အသေတွေ၊ အဆီတွေ၊ ဘတ်တီးရီးယားတွေဟာ အနားပတ်ဝန်းကျင်က ဆဲလ်တွေဆီပျံ့သွားပါတော့တယ်။ ထိခိုက်သွားတဲ့ အရေပြားဆဲလ်တွေ၊ တစ်သျှူးတွေ ပြန်လည်ပြင်ဆင်ရာမှ ပုံမှန်အရေပြားတစ်သျှူးနဲ့ မျက်နှာပြင်ရော၊ အမြင်အရပါ မတူတဲ့ အမာရွတ်တစ်သျူးတွေ ဖြစ်လာစေပါတယ်။

အမာရွတ်နှစ်မျိုးရှိပါတယ်

ပထမတစ်မျိုးက ပုံမှန်အရေပြားထက်မြင့်တက်နေသော အမာရွတ်မျိုးတွေဖြစ်တယ်။ ရင်ဘတ်၊ ကျောဘက်တွေမှာ အဖြစ်များပြီး ဝက်ခြံကြောင့် အရေပြားတစ်သျှုးများပြန်လည်ကုစားရာမှာ ကော်လဂျင်(collagen) အများအပြားသုံးခြင်းကြောင့် ဖြစ်လာရပါတယ်။

နောက်တစ်မျိုးက ပုံမှန်အရေပြားထက် ချိုင့်သော အမာရွတ်မျိုးဖြစ်ပြီး မျက်နှာပေါ်မှာအဖြစ်များပါတယ်။ အရေပြားတစ်သျုးတွေပြန်ပြင်ရာမှာ ဆုံးရှုံးသွားသောတစ်သျုးများရှိတာကြောင့် ချိုင့်နေခြင်းဖြစ်တယ်။ နှစ်မျိုးထပ်ခွဲနိုင်ပြီး icepick scars နှင့် boxcar scars ဟုခေါ်ကာ ဆိုသည်မှာ icepick scars အရေပြားမှာ သိသာသော အပေါက်ငယ်များဖြစ်ပြီး boxcar scars ကတော့ ဘေးအနားသတ်နှင့် ဝန်းဝိုင်းသောအမာရွတ်ငယ်လေးများဖြစ်တယ်။

ဘယ်လိုကုသနိုင်မလဲ

ဝက်ခြံအမာရွတ်တွေကိုကုသခြင်းဟာ အမာရွတ်တည်နေရာနဲ့ ဘယ်လောက်ဆိုးလဲပေါ်မှာမူတည်ပါတယ်။ ဆရာဝန်က လိမ်းဆေးခရင်များလိမ်းဖို့၊ အရေပြားကုသမှုများလုပ်ဖို့ အကြံပေးပါလိမ့်မယ်။

လိမ်းဆေးခရင်များ

ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ကုသရန် လိမ်းဆေးခရင်များ အများအပြားရှိပါတယ်။ ဆရာဝန်က နီရဲရောင်ရမ်းနေသော အမာရွတ်များအတွက်တော့ corticosteroids ဆေးတစ်မျိုးပေးပါလိမ့်မယ်။ hydroquinone, kojic acid (မှိုမှရသော သဘာ၀ အသားရောင်ဖျော့ဆေး) , arbutin(bearberry extract), vitamin C (ascorbic acid). စသည့်ပစ္စည်းများပါသော လိမ်းဆေးခရင်များက အမာရွတ်အရောင်ဖျော့စေပါလိမ့်မယ်။

အရေပြားကုသမှုများ

တကယ်လို့ဝက်ခြံတွေကြောင့် အမာရွတ်ကြီးကြီးမားမား ကျန်နေတယ်ဆိုရင်တော့-

လေဆာဖြင့်မျက်နှာပြင်အသစ်ဖြစ်စေခြင်း– လေဆာသုံးပြီး အရေပြားမျက်နှာပြင်တင်းရင်းချောမွေ့နုပျိုစေခြင်း ဖြစ်တယ်။ အမာရွတ်များကိုပြန်ဖြည့်ဖို့ အရေပြားအလွှာသစ်ဖြစ်ပေါ်လာရန် ကော်လဂျင်(collagen) များထုတ်ပေးပါတယ်။ မိနစ်အနည်းငယ်မှ တစ်နာရီခန့်ထိကြာနိုင်ပြီး ထုံဆေးဖြင့် နာကျင်မှုလျှော့ချသက်သာစေပါလိမ့်မယ်။ လုံးဝအရှင်းပျောက်ကင်းဖို့ ၃ ရက်မှ ၁၀ ခန့်ကြာနိုင်ပါတယ်။

လေဆာဖြင့်ကုနည်း – တခြားလေဆာနည်းများထက် အရေပြားအတွင်းဘက် ပိုနက်အောင်ထိုးဖောက်နိုင်သော ကုသမှုတစ်မျိုးဖြစ်တယ်။ အရေပြားအပေါ်လွှာကိုစားပစ်ခြင်းမဟုတ်ဘဲ လေဆာဖြင့် အရေပြားအတွင်းပိုင်းသို့ ထိုးဖောက်ကာ ကော်လဂျင်ထုတ်လုပ်မှု တိုးစေခြင်းဖြစ်တယ်။ အန္တရာယ်နည်းပြီး ကုသချိန်လည်းပိုတိုပါတယ်။

အရေပြားစားပစ်ခြင်း – လည်နေသောဘရက်ရှ်တစ်ခုကိုသုံးကာ အရေပြားလွှာများကိုစားပစ်ခြင်းဖြစ်တယ်။ အရေပြားအလွှာသစ်ဖြစ်ပေါ်လာကာ ပိုမိုချော့မွေ့နုပျိုသော အသွင်ကိုပေးပါတယ်။ ပြန်ကောင်းချိန် ၁၀ ရက်မှ ၃ ပတ်ထိကြာနိုင်ပါတယ်။

ဆေးထိုးခြင်း – အမာရွတ်များမှာရှိတဲ့ ကြားများကိုဖြည့်စွတ်ပေးခြင်းဖြစ်တယ်။ သို့ပေမယ့် ဖြည့်စွတ်လိုက်သောပစ္စည်းကို အရေပြားမှစုပ်ယူဖို့အတွက် ၄ လတစ်ကြိမ်၊ သို့ ၆ လတစ်ကြိမ် ထပ်ကာထပ်ကာပြန်လုပ်ဖို့လိုပါလိမ့်မယ်။

ခွဲစိတ်ခြင်း – အမာရွတ်များပါကလုပ်တတ်သော ခွဲစိတ်မှုအသေးစားလေးဖြစ်တယ်။ အမာရွတ်အားလုံးမဖယ်ပေးနိုင်သော်လည်း မထင်ရှားအောင်ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။ ဖယ်ရန်ကျန်ရှိနေသော အမာရွတ်တစ်သျှူးများကလည်း အချိန်တစ်ခုအကြာမှာ တဖြေးဖြေးမှိန်သွား၊ ပျောက်သွားတတ်ပါတယ်။

ဝက်ခြံကြောင့်ဖြစ်သောအမာရွတ်များပြန်ကောင်းရန် အဓိကအချက်ကတော့ စိတ်ရှည်ရန်ဖြစ်တယ်။ ကုသမှုများပါက ဘေးထွက်ဆိုးကျိုးလည်းများမည်ဖြစ်တယ်။

တစ်ယောက်ချင်းစီရဲ့ အမာရွတ်တွေက တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် မိမိအတွက် ဖြစ်နိုင်သောကုသမှုများနဲ့ပတ်သတ်ပြီး အရေပြားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Acne scars. http://www.webmd.com/skin-problems-and-treatments/acne/features/acne-scars. Accessed June 24, 2016.
Acne scars. https://www.asds.net/Acne-Scars/. AccessedJune 24, 2016.

Acne scars. http://kidshealth.org/en/teens/acne-scars.html#. Accessed June 24, 2016.

Acne scars. https://www.aad.org/public/diseases/acne-and-rosacea/acne-scars. Accessed June 24, 2016.

ယခုပုံစံ

28/10/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား

ဝက်ခြံအမာရွတ်တွေကိုကုသကြမယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။