backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးမည့် အသားရေထိန်းပစ္စည်းများ


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးမည့် အသားရေထိန်းပစ္စည်းများ

လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။

ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။

အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။

သင့်မျက်နှာကို သန့်စင်စွာထားပါ။

· သင့်မှာ ဝက်ခြံရှိရှိ မရှိရှိ တနေ့လျှင်မျက်နှာ ၂ကြိမ်သစ်ရန် အရေ:ကြီးသည်။ ၎င်းသည် သင့် အရေပြားရှိ အညစ်အကြေးများကို သန့်စင်ပေးခြင်း၊ အဆီပြန်ခြင်းကိုသက်သာစေခြင်း နှင့် အရေပြားဆဲလ်အသေများကိုဖယ်ရှားပေးခြင်းဖြင့် သင့်အတွက်ကျန်းမာသော အသားရေကို ရရှိစေလိမ့်မည်။

· မျက်နှာသစ်ရန် မပူလွန်းသော ကြက်သီးနွေးရေနှင့် မျက်နှာသစ်ဆေးကို အသုံးပြုသင့်သည်။ အမွှေးအကြိုင်ပါဝင်သော ကိုယ်တိုက်ဆပ်ပြာများသည် သင့် မျက်နှာအသားရေကို ပိုထိခိုက်စေပါသည်။ သင့်မျက်နှာကို တဘက် သို့မဟုတ် ကြမ်းတမ်းသော အဝတ်တို့ဖြင့် ပွတ်တိုက်ခြင်းမပြုရ။ မျက်နှာသုတ်ပဝါကိုလည်း တကြိမ်သာအသုံးပြုပြီးလျှော်သင့်သည်။

· တနေ့လျှင် မျက်နှာကို ၂ကြိမ်ထက်ပိုသစ်ဖို့မလိုအပ်ပါ။ ၎င်းသည် သင့် အရေပြားကို ပိုအန္တရာယ်ဖြစ်စေပါသည်။

ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သော ဝက်ခြံပျောက်လိမ်းဆေးများကို လိမ်းနိုင်သည်။

· ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သော ဝက်ခြံပျောက်လိမ်းဆေးများကို လိမ်းခြင်းဖြင့် အဆီပြန်ခြင်းကို လျော့နည်းစေသည်။ Benzyl peroxide သို့မဟုတ် Salicylic acid ပါဝင်သော ပစ္စည်းများကို ရွေးချယ်ဝယ်ယူပါ။

မိတ်ကပ်အလွန်အကျွံအသုံးပြုခြင်းကို ရှောင်ကျဉ်ပါ။

· ဝက်ခြံပေါက်နေစဉ်တွင် မိတ်ကပ်အောက်ခံလိမ်းခြင်း၊ ပေါင်ဒါရိုက်ခြင်း၊ ပါးနီဆိုးခြင်းများကို ရှောင်ကျဉ်ပါ။ မဖြစ်မနေသုံးရမည်ဆိုပါက တနေ့တာလုပ်ငန်းများပြီးလျှင် မိတ်ကပ်ဖျက်ပါ။ အဆီမပြန်သော၊ ဓါတုဗေဒပစ္စည်းနှင့် ဆိုးဆေးများမပါသော မိတ်ကပ်များကို ရွေးချယ်သုံးစွဲပါ။

· Non comedogenic ဟုရေးသားထားသော ဝက်ခြံမဖြစ်စေသည့် မိတ်ကပ်ပစ္စည်းများကို ဝယ်ပါ။ မဝယ်မီ ပါဝင်သော ပစ္စည်းများကိုသေချာစွာဖတ်ပါ။

ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သော ဝက်ခြံပျောက်လိမ်းဆေးများကို လိမ်းရန်ကြိုးစားပါ။

· ၎င်းပစ္စည်းများသည် ဆရာဝန် ညွှန်ကြားချက်မပါဘဲအသုံးပြုနိုင်သည်။ ၎င်းတို့တွင် တို့ပါဝင်သည့်အတွက် ဘက်တီးရီးယားများကိုသေစေပြီး အရေပြားကိုခြောက်သွေ့စေခြင်း၊၊ အဖတ်များကွာကျခြင်းတို့ဖြစ်နိုင်သည့်အတွက် ပမာဏအနည်းငယ်ကို သာ စတင်ပြီး အသုံးပြုသင့်သည်။

· သင်နှင့်တည့်မတည့်သေချာမှ ချိန်ဆပြီးအသုံးပြုပါ။ နောက်ထပ်ဝယ်ယူရရှိနိုင်သော လိမ်းဆေးမှာ retinol လိမ်းဆေးဖြစ်သည်။ ၎င်းသည် ဝက်ခြံထပ်ဖြစ်မလာအောင်ပြုလုပ်ပေးသည်။ သို့သော် သင့်အရေပြားသည် နုနယ်သော ထိလွယ်ရှလွယ်သော အရေပြားဖြစ်ပါက သတိနှင့် အသုံးပြုပါ။

သင့်အရေပြားအတွက် ကျန်းမာစေမည့် အစားအစာများကို စားပါ။

· ချောကလက်ကဲ့သို့သော အစားအစာများသည် သင့်ကိုဝက်ခြံမဖြစ်စေကြောင်း အရေပြားကျွမ်းကျင်ပညာရှင်များ ကပြောသည်။ သို့သော် ချိုအီပြီး အဆီများသော အစာများနှင့် အသင့်စားအစာများကိုစားသုံးခြင်းက သင့်အတွက်ဆိုးကျိုးများဖြစ်စေလိမ့်မည်။

စီမံပြုလုပ်ထားသော သကြားဖြင့်ပြုလုပ်သော အစားအသောက်များကလည်းသင့်ကို ဝက်ခြံပိုဖြစ်စေသောကြောင့် ရှောင်သင့်သည်။ သန့်ရှင်းလတ်ဆတ်သော အသီး အရွက်များနှင့် အစေ့အဆန်များကိုသာစားသုံးသင့်ပါသည်။

စိတ်ဖိစီးမှုများခြင်းကလည်း ဝက်ခြံကိုပိုဆိုးစေကြောင်း အချို့သော လေ့လာမှုများကဆိုပါသည်။ သင့် အတွက်စိတ်ဖိစီးမှုများရှိနေလျှင် ဠင်းတို့ကိုပြေလျော့စေမည့်နည်းများကို ကြိုးစားအဖြေရှာပါ။

သင့်အရပြားအတွက် လိုအပ်လျှင်အရေပြားဆရာဝန်နှင့်ပြပြီးဝက်ခြံအတွက် လိုအပ်မည့် ကုသမှု ကာကွယ်မှုများကိုပြုလုပ်သင့်သည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement