backup og meta

လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 28/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်

    လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ လိင်ဆက်ဆံမှု ပြုရခြင်းကို လူအများ နှစ်သက်ကြပါတယ်။ လူအများစုအတွက်လို့ ရည်ရွယ်ပြောဆိုထားပေမယ့် လိင်မှုရေးရာ စိတ်ခံစားမှုက လွန်စွာ ရှုပ်ထွေးပါတယ်။

    လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်

    လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ဘယ်လို မြှင့်တင်ပေးသလဲဆိုတာကို ဆက်ကြည့်လိုက်နော်။

    • အအေးမိတုပ်ကွေးကို သက်သာစေအောင် ကူညီပေးပါတယ်

    တက္ကသိုလ်ကျောင်းသားများတွင် ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ လိင်ဆက်ဆံမှု ပိုမိုများပြားသူတွေမှာ ပဋိဇီဝပစ္စည်း အေ (Immunoglobulin A) ပမာဏ မြင့်မားတာကို တွေ့ရပါတယ်။ ဒီပဋိဇီဝပစ္စည်းကို တံတွေးမှာ တွေ့ရပြီး ရောဂါပိုးများနဲ့ တုပ်ကွေးရောဂါကို တိုက်ဖျက်နိုင်ပါတယ်။ စုံတွဲများကို လေ့လာရာမှာလည်း လိင်ဆက်ဆံမှု မကြာခဏ ပြုသူများက လိင်ဆက်ဆံခြင်း နည်းသူများထက် ဒီပဋိဇီဝပစ္စည်း ပမာဏပို များပြားတယ်ဆိုတာကို တွေ့ရပါတယ်။

  • ဆေးဝါးကဲ့သို့ အာနိသင် ရှိပါတယ်
  • လိင်ဆက်ဆံမှု ပြုစဉ်မှာ ခန္ဓာကိုယ်အတွက်  နေထိုင်ကောင်းစေတဲ့ ဒိုပါမင်း(Dopamine)နဲ့ အောက်ဆီတိုဆင်(Oxytocin) ဟော်မုန်းများ ထွက်ရှိပါတယ်။ ဒိုပါမင်းဟော်မုန်းက လိင်ဆက်ဆံမှု ပြုခြင်းနဲ့ အာဟာရပြည့်ဝစွာ စားသုံးခြင်းကြောင့် ထွက်ရှိပါတယ်။

    အောက်ဆီတိုဆင်ဟော်မုန်းက နေထိုင်ကောင်းစေပြီး စိတ်ပျော်ရွှင်မှု ဖြစ်စေပါတယ်။ ဒီဟော်မုန်းတွေက လိင်ဆက်ဆံနေစဉ်နဲ့ လိင်မှုကိစ္စ အထွတ်အထိပ် ရောက်စဉ်မှာ အများအပြား ထွက်ရှိပါတယ်။ စိတ်ဝင်စားဖွယ် အချက်က ဒီဟော်မုန်းတွေက လိင်ဆက်ဆံပြီးတဲ့အခါ သွေးထဲမှာ ကြာမြင့်စွာရှိမနေပါ။

    • စိတ်ကျရောဂါ သက်သာစေသောအာနိသင် ရှိပါတယ်

    လေ့လာမှုတစ်ခုမှာ လိင်ဆက်ဆံခြင်းက စိတ်ကျရောဂါရဲ့ လက္ခဏာများကို လျော့ပါးစေတယ်လို့ ဖော်ပြထားပါတယ်။ လိင်ဆက်ဆံစဉ် ထွက်ရှိတဲ့ ဒိုပါမင်းနဲ့ အောက်ဆီတိုဆင်ကလည်း စိတ်ဖိစီးမှုကို ပြေပျောက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။

    • နာကျင်မှုကို သက်သာစေတယ်

    သုတေသနတစ်ခုရဲ့ အဆိုအရ ခေါင်းကိုက်ဝေဒနာကို လိင်ဆက်ဆံခြင်းက သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။၂၀၁၃ ခုနှစ်က ဂျာမနီမှာ ပြုလုပ်တဲ့ လေ့လာမှုမှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင် ၆၀ရာခိုင်နှုန်းနဲ့ ခေါင်းအလွန်ကိုက်ဝေဒနာရှင် ၃၀ရာခိုင်နှုန်းတို့က လိင်ဆက်ဆံမှု ပြုလုပ်ပြီးတဲ့အခါ သက်သာရာရကြောင်း ဖော်ပြထားပါတယ်။ အခြားလေ့လာမှုများအရ အမျိုးသမီးများရဲ့ လိင်ဆက်ဆံမှု လမ်းကြောင်း Gspotနေရာကို လှုံ့ဆော်ပေးရင် နာကျင်မှုကို ပိုမိုခံနိုင်ရည်ရှိကြောင်းလည်း တွေ့ရှိရပါတယ်။

    • စိတ်တည်ငြိမ်စေနိုင်တယ်

    လိင်ဆက်ဆံမှု မကြာခဏပြုသူများက လူအများရှေ့စကားပြောခြင်းနဲ့ အလုပ်ဝင်ခွင့်စာမေးပွဲတို့ကဲ့သို့ စိတ်ဖိစီးမှုများသောအခြေအနေကို ပိုမိုပြီး ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်တာကို တွေ့ရသည်။ ဒီလိုဖြစ်ရခြင်းက စိတ်တည်ငြိမ်စေတာကြောင့် ဖြစ်ပါတယ်။

  • လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ အလားတူပုံ
  • လိင်ဆက်ဆံမှုပြုခြင်းက အားကစားခန်းမကို သွားတာနဲ့ တူပါတယ်။ သင်ရဲ့ ပေါင်နဲ့ တင်ပါးတို့ကို လေ့ကျင့်ပေးတဲ့အပြင် မိနစ် ၃၀ အတွင်း ကယ်လိုရီ ၂၀၀ ကျော် လောင်ကျွမ်းစေနိုင်ပါတယ်။ စိတ်ဝင်စားဖွယ်အချက်က အမျိုးသမီးက အပေါ်ကနေ ဆက်ဆံမယ်ဆိုရင် ကယ်လိုရီပိုမိုလောင်ကျွမ်းစေနိုင်ပြီး အမျိုးသားနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ မတ်တပ်ရပ်ပြီး ဆက်ဆံခြင်းက လဲလျောင်းပြီး ဆက်ဆံခြင်းထက် ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်သလိုပဲ အချိန်ကြာကြာပြုလုပ်လေ ကယ်လိုရီပိုမိုလောင်ကျွမ်းလေဖြစ်ပါတယ်။

    လိင်ဆက်ဆံမှုနဲ့ နှလုံးကျန်းမာရေး

    လိင်ဆက်ဆံမှု နည်းပါးရင် နှလုံးရောဂါဖြစ်နိုင်ခြေ ရှိကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားပါသည်။ အထူးသဖြင့် အမျိုးသားတွေမှာ ပုံမှန်လိင်ဆက်ဆံမှုပြုသူက နှလုံးရောဂါနဲ့ ဆီးကျိတ်ကင်ဆာ ကာကွယ်နိုင်ခြင်း အာနိသင်တို့ ရှိကြောင်း အမျိုးသားကင်ဆာဌာနမှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။၂၀၁၆ ခုနှစ်တွင် ထုတ်ဝေသော အမေရိကန်နှလုံးရောဂါဂျာနယ် တစ်ခုမှာ ၁ ပတ်တွင် အနည်းဆုံး ၂ ကြိမ် လိင်ဆက်ဆံတဲ့ အမျိုးသားတွေက တစ်လတွင် တစ်ကြိမ် လိင်ဆက်ဆံသော အမျိုးသားများထက် နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းကြောင်း ဖော်ပြထားပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 28/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement