backup og meta

ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား

    ကြားဖူးနေကြ မေးခွန်းဟောင်းတစ်ခုကတော့ ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား ဆိုတာပါပဲ။ ဒါကတော့ အခြေအနေပေါ် မူတည်ပါတယ်။

    ကိုယ်ဝန်ရဖို့ဆိုရင် မျိုးဥဟာ သုက်ပိုးနဲ့တွေ့ပြီး သန္ဓေအောင်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် သုက်ရည်ဟာ မိန်းမကိုယ်ထဲကို ဝင်ရောက်သွားချိန်မှာ သန္ဓေအောင်နိုင်ပါတယ်။ အမျိုးသား သုက်ရည်မှာ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်ပြီး သန္ဓေအောင်ဖို့ အတွက်တော့ သုက်ပိုးတစ်ကောင်ပဲ လိုအပ်ပါတယ်။

    ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား

    ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းကနေ ကိုယ်ဝန်ရနိုင် မရနိုင်နဲ့ ပတ်သက်ပြီး ယုံတမ်းစကား အချို့ရှိပါတယ်။ တစ်ခုပြီးတစ်ခု လေ့လာကြည့်ရအောင်။

    ယုံတမ်းစကား ၁။ သုက်ရည်အပြီးမထွက်ခင် လာတဲ့ အရည်ကြည်များကနေ ကိုယ်ဝန်မရနိုင်ပါဘူး။

    သုက်ရည် ပန်းမထွက်ခင်မှာ ယောက်ျားတန်ဆာကနေ pre-cum လို့ခေါ်တဲ့ အရည်ကြည်လေးများ ထွက်လာပါတယ်။ အဲဒီအရည်ကြည်များကို ထိန်းချုပ်ထားဖို့ နည်းလမ်းမရှိပါဘူး။ Pre-cum အရည်မှာ များသောအားဖြင့် အသက်ရှင်ကျန်းမာတဲ့ သုက်ပိုးတွေ မပါဝင်ပါဘူး။ သေနေတဲ့ သုက်ပိုးတွေ ပါဝင်တာ ဒါမှမဟုတ် မပါဝင်တာဘဲ ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်မရနိုင်ပါဘူး။

    ဒါပေမယ့် ဒီယုံတမ်းစကားဟာ ဖြစ်နိုင်ခြေ အနည်းငယ်တော့ ရှိနေပါတယ်။ ယခင် သုက်ရည်ထွက်ချိန်က ဆီးပြွန်ထဲမှာ ကျန်ခဲ့တဲ့ အသက်ရှင်နေတဲ့ သုက်ပိုးတွေဟာ အဲဒီအရည်ကြည်နဲ့ ပါသွားရင် ဖြစ်နိုင်ပါတယ်။

    ယုံတမ်းစကား ၂။ အပြင်ပန်း ထိတွေ့ပွတ်သပ်ရုံကနေ ကိုယ်ဝန် ရနိုင်တယ်။

    အဖြေကတော့ ၉၉.၉% No ဖြစ်ပါတယ်။ စောစောက ပြောခဲ့သလိုပဲ ကိုယ်ဝန်ရဖို့ဆိုရင် သုက်ပိုးဟာ မျိုးဥနဲ့ ထိတွေ့ရပါတယ်။ အပြင်ပန်း ထိတွေ့ပွတ်သပ်ခြင်းဟာ အဝတ်အစားများ ဝတ်ထားမယ်ဆိုရင် မဖြစ်နိုင်ပါဘူး။

    သုက်ပိုးဟာ မျိုးဥဆီရောက်ဖို့ဆိုရင် မိန်းမကိုယ်၊ သားအိမ်ခေါင်း၊ သားအိမ်၊ မျိုးဥပြွန်၊ မျိုးဥအိမ် စသဖြင့် အဆင့်ဆင့် ဖြတ်သန်းရပါတယ်။ အမြန်ဆုံးသွားတဲ့ သုက်ပိုးတစ်ကောင်ဟာ ဒီခရီးဆုံးဖို့ ၄၅မိနစ် အချိန်ယူရပါတယ်။ မိန်းမကိုယ်အပြင် (သို့) အနီးမှာ သုက်ပိုးရောက်သွားရင် ဒီခရီးကိုဆက်ဖို့ မဖြစ်နိုင်ပါဘူး။ မိန်းမကိုယ်အဝလောက် ရောက်မယ်ဆိုရင်တော့ မိန်းမကိုယ်လမ်းကြောင်းထဲ ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေအရမ်းနည်းပေမယ့် ဖြစ်တော့ ဖြစ်နိုင်ပါသေးတယ်။

    ယုံတမ်းစကား ၃။ လက်နဲ့အာသာဖြေခြင်းကနေ ကိုယ်ဝန်ရနိုင်တယ်။

    မိမိဖာသာ အာသာဖြေရင်တော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မိမိအဖော်နဲ့ အပြန်အလှန် အာသာဖြေချိန်မှာ သုက်ပိုးဟာ တစ်ယောက်ယောက်ရဲ့ လက်ကိုပေရာကနေ မိန်းမကိုယ်လမ်းကြောင်းထဲပါ ရောက်နိုင်ပါတယ်။

    ယုံတမ်းစကား ၄။ ရေနွေးကန်၊ ရေကန်ကတဆင့် ကိုယ်ဝန်ရနိုင်တယ်။

    မဖြစ်နိုင်ပါဘူး။ သုက်ပိုးတွေ အသက်ရှင်နိုင်တဲ့ ပတ်ဝန်းကျင်ဟာ အယ်ကာလီများတဲ့ အချွဲထဲမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မိန်းမကိုယ်ဟာ အက်ဆစ်ဓာတ်ကဲတဲ့နေရာဖြစ်ပေမယ့် ရာသီစက်ဝန်းရဲ့ တစ်ချိန်မှာ သုက်ပိုးတွေ ရှင်သန်နိုင်အောင် သူ့ရဲ့ ဓာတ်သဘာဝကို ပြောင်းလဲပေးပါတယ်။

    အဲဒီအချွဲတွေမရှိရင် သုက်ပိုးဟာ နာရီပိုင်းအတွင်း သေနိုင်ပါတယ်။ ဒါကြောင့်မို့ ရေနွေးကန်၊ ရေကန်ထဲ သုတ်လွှတ်မိရင် မိန်းမကိုယ်ဆီ မရောက်ခင်မှာပဲ သုက်ပိုးများဟာ သေဆုံးသွားမှာ ဖြစ်ပါတယ်။

    ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းမှာ ကိုယ်ဝန်ရနိုင်ခြေဟာ ရှိပေမယ့် အင်မတန်နည်းပါတယ်။ ကိုယ်ဝန်မရချင်ရင် မိမိရော မိမိအဖော်ပါ အကာအကွယ်သုံးပြီး ဘေးကင်းစိတ်ချရတဲ့ နှီးနှောခြင်းမျိုးပဲ လေ့လာ လုပ်ဆောင်ဖို့ လိုပါတယ်။

    ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား ဆိုတာကို အဖြေထွက်လောက်ပြီ ထင်ပါတယ်။

    ရေးသားသူ− Ye Kyaw Hlaing

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement