backup og meta

အမျိုးသားများ နောက်တစ်ကြိမ် သုက်လွှတ်ဖို့ ဘယ်လောက်ကြာတတ်လဲ


Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ နောက်တစ်ကြိမ် သုက်လွှတ်ဖို့ ဘယ်လောက်ကြာတတ်လဲ

    ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် ယောက်ျားတွေ တစ်ယောက်နဲ့တစ်ယောက် လိင်အင်္ဂါ အရွယ်အစား၊ လုံးပတ်ချင်း မတူကြသလိုပါပဲ၊ သုက်လွှတ်ပြီး နောက်ထပ်တစ်ကြိမ် ဆန္ဒပြီးမြောက်နိုင်ဖို့အတွက် ကြာချိန်ဟာလည်း တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာ မဟုတ်ပါဘူး။ တစ်ကြိမ်သုက်လွှတ်ပြီးနောက် မိနစ်အနည်းငယ်အတွင်း လိင်တံထောင်မတ်လာပြီး နောက်တစ်ကြိမ်ဆက်ဆံကာ သုက်လွှတ်နိုင်တာလည်း ရှိသလို တစ်နေ့ကို တစ်ကြိမ်လောက်ပဲ သုက်လွှတ်နိုင်တဲ့သူတွေလည်း ရှိပါတယ်။ လိင်စိတ်ဆန္ဒ အရမ်းပြင်းလွန်းပြီး စိတ်သွားတဲ့နောက် လိုက်နိုင်တဲ့ အမျိုးသားတွေမှာ တစ်ခါတည်းနဲ့ ၅ကြိမ်ထက်မနည်း ဆက်တိုက်သုက်လွှတ်နိုင်တာမျိုးလည်း တွေ့ရပါတယ်။

    ဆက်တိုက်သုက်လွှတ်ခြင်းဟာ ကျန်းမာရေးအတွက် ရေရှည်ကောင်းနိုင်ရဲ့လား။

    တော်တော်များများ ထင်တတ်ကြတာက တစ်နေ့ကို တစ်ကြိမ်ပဲ သုက်လွှတ်ရမယ်၊ အကြိမ်ရေ အရမ်းများသွားရင် မျိုးမအောင်နိုင်တော့ဘူး၊ သုက်ရည်တွေကုန်ခမ်းသွားမယ်၊ ပန်းသေသွားမယ်၊ ဝက်ခြံတွေ အများကြီးပေါက်လာမယ် အစရှိသဖြင့်ပေါ့။ တကယ်တော့ ယောက်ျားတွေမှာလည်း ကိုယ်တတ်စွမ်းနိုင်တဲ့ အတိုင်းအတာ (Limit) ဆိုတာ ရှိပါတယ်။ ဥပမာ – တစ်နေ့ကို တစ်ကြိမ်ပဲ သုက်လွှတ်နိုင်တဲ့အမျိုးသားတစ်ယောက်က ၃ကြိမ်၊ ၄ကြိမ်သုက်လွှတ်မိရင်တော့ တော်တော်လေးကို ပင်ပန်းပြီး လဲသွားမှာပါ။

    နောက်တစ်ချက်ကတော့ သုက်ရည်ခမ်း မခမ်းဆိုတဲ့ ပြဿနာပါ။ အမျိုးသားတွေရဲ့ လိင်အင်္ဂါသည် သုက်ရည်နဲ့ သုက်ပိုးကောင်တွေကို စက္ကန့်နဲ့အမျှ ထုတ်လွှတ်ပေးပါတယ်။ ပျမ်းမျှအားဖြင့် တစ်စက္ကန့်အတွင်း သုက်ကောင်ရေ ၁၅၀၀ ထုတ်လွှတ်ပေးပြီး တစ်ရက်အတွင်းမှာ သုက်ကောင်ရေ ၇သန်းအထိ ထုတ်လုပ်ပေးကာ ဝှေးစေ့ ၂လုံးအတွင်းမှာ သိမ်းဆည်းပေးထားပါတယ်။ သုက်ရည်သည်လည်း အတူတူပါပဲ။ ဆက်တိုက် သုက်လွှတ်တဲ့အခါမှာတော့ သုက်ရည်က နည်းသွားနိုင်တာမျိုး ရှိပေမယ့် လုံးဝခမ်းသွားတာမျိုးတော့ မဖြစ်စေနိုင်ပါဘူး။

    သုက်လွှတ်ခြင်း ဖြစ်စဉ်

    ကိုယ့်လက်နဲ့ အာသာဖြေတာဖြစ်စေ၊ ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူနဲ့ ထိုးသွင်းဆက်ဆံနေတာဖြစ်စေ သုက်လွှတ်ခြင်းဖြစ်စဉ်က အတူတူပါပဲ။

    ၁။ လက် သို့မဟုတ် အထိအတွေ့တစ်မျိုးမျိုးဟာ လိင်စိတ်ကို ထကြွစေပြီး ဦးနှောက်နဲ့ ကျောရိုးမှာရှိတဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။

    ၂။ သုက်မလွှတ်ခင်အချိန်ထိကို ဒီလှုံ့ဆော်မှုတွေဟာ ဆက်တိုက်လည်ပတ်ဖြစ်တည်နေပါတယ်။

    ၃။ လိင်ဆက်ဆံနေစဉ်မှာ ဝှေးစေ့ထဲမှ ပြွန်တွေဟာ သိမ်းဆည်းထားတဲ့ သုက်ပိုးကောင်တွေကို လိင်တံရဲ့ အောက်ခြေအရင်းနားထိ ရောက်သွားအောင် ပို့ဆောင်ပေးပါတယ်။

    ၄။ ဆီးကျိတ်ဂလန်းနဲ့ Seminal Vesicle ကနေ သုက်ရည်တွေကို ထုတ်လွှတ်ပေးပြီးနောက်မှာ သုက်ပိုးကောင်နဲ့ သုက်ရည်အတူရောပြီး လိင်တံထိပ်အပေါက်ဝကနေ လျင်မြန်စွာ သုက်လွှတ်လိုက်ပါတယ်။

    ၅။ လိင်တံအရင်းမှာ ရှိတဲ့ ကြွက်သားတွေဟာ လိင်တံတစ်ရှူးတွေကို ညှစ်ထားပြီး အနည်းဆုံး ၅ကြိမ်ခန့် ဆက်တိုက်သုက်ရည်တွေ ထွက်လာအောင် ဆောင်ရွက်ပေးပါတယ်။ သုက်ရည်လုံးဝကုန်သွားမှသာ သုက်လွှတ်ခြင်းဖြစ်စဉ် ပြီးမြောက်ပါတယ်။

    နောက်တစ်ကြိမ် သုက်လွှတ်ရန်ကြာချိန်

    များသောအားဖြင့် အမျိုးသားများ တစ်ကြိမ် သုက်လွှတ်ပြီးနောက်မှာ လိင်တံသွေးကြောထဲမှာ ရှိတဲ့ သွေးတွေဟာ တခြားကိုယ်တွင်းအစိတ်အပိုင်းဆီကို ပြန်ရွေ့လျားသွားတာကြောင့် လိင်တံတင်းမာမှုမရှိဘဲ ပျော့ခွေသွားပါတယ်။ ဒီအချိန်မှာ လိင်စိတ်ဆန္ဒ နောက်တစ်ကြိမ်ပြန်ဖြစ်လာဖို့၊ လိင်တံထောင်မတ်နိုင်ဖို့အတွက် မိနစ်အနည်းငယ်၊ နာရီပိုင်း၊ ရက်ပိုင်းလောက်ထိ ကြာတတ်ပါတယ်။ ယောက်ျားတစ်ယောက်နဲ့ တစ်ယောက်တော့ ပြန်ထလာနိုင်တဲ့အချိန် တူညီမှာ မဟုတ်ပါဘူး။

    • အသက်ကြီးလာတဲ့အခါ (အထူးသဖြင့် အသက် ၄၀ နောက်ပိုင်းမှာ)

    • အစာအာဟာရ ပြည့်ဝအောင် မစားသုံးတဲ့သူတွေ

    သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါရှင်တွေ

    • သွေးတွင်း ကိုလက်စထရောဓာတ် များတဲ့သူတွေ

    • အာရုံကြောအားနည်းသူတွေ

    • စိတ်ကျန်းမာရေး ပြဿနာများနဲ့ ရင်ဆိုင်နေရချိန်

    ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ တစ်ကြိမ် သုက်လွှတ်ပြီး နောက်တစ်ကြိမ်လိင်စိတ်ပြန်ထလာဖို့အတွက် အချိန်ပိုကြာနိုင်ပါတယ်။

    နောက်တစ်ကြိမ် သုက်လွှတ်ရန်အတွက် ကြာခြင်း၊ မြန်ခြင်းသည် အမျိုးသားတစ်ယောက်ရဲ့ လိင်စွမ်းဆောင်ရည်အပေါ် သိပ်ပြီး သက်ရောက်မှုမရှိပါဘူး။ အဓိက သုက်ထိန်းနိုင်ဖို့၊ ခင်ပွန်းနဲ့ ဇနီး ကာမဆက်ယှက်ရာမှာ အပေးအယူမျှတနေဖို့၊ တစ်ယောက်ရဲ့ လိုအပ်ဆန္ဒကို တစ်ယောက်က ဖြည့်ဆည်းပေးနိုင်ဖို့သာ အဓိကလိုအပ်တာပါ။ ဘယ်လိုပဲဖြစ်နေပါစေ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ စွမ်းဆောင်နိုင်ရည်အတိုင်းအတာသည် မတူညီတဲ့အတွက် ကိုယ့်ဘော်ဒါတွေက ဒီလိုဆိုတိုင်း ကိုယ်ကလိုက်ပြီး အတင်းလုပ်ယူနေစရာမလိုဘူးဆိုတာကို ထပ်ပြီးပြောပြပေးချင်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement