ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
Share now

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ကျား၊ မ မရွေး ဖြစ်ပွားတတ်ပြီး အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေ စောစောသိပြီး ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းဖို့ လွယ်ကူတဲ့ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ များသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ လိင်ဆက်ဆံခြင်းကို ခေတ္တရပ်ထားဖို့ ဆရာဝန်တွေက ညွှန်ကြားတတ်ကြပေမယ့် လူတွေဆိုတာကလည်း ကာမဆန္ဒကို ထိန်းချုပ်ရခက်ခဲတတ်ကြတာမလား။ ဒီတော့ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန် လိင်ဆက်ဆံခြင်း ပြုသင့်၊ မပြုသင့်နဲ့ အကယ်လို့ ဆက်ဆံမယ်ဆိုရင်ရော ဘာတွေကို ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်နေချိန် လိင်ဆက်ဆံသင့်လား။

ဆက်ဆံသင့်၊ မဆက်ဆံသင့်ဆိုတာကို မပြောခင် ဘာတွေဖြစ်နိုင်လဲဆိုတာကို အရင်ရှင်းပြပေးချင်ပါတယ်။

၁။ ရောဂါဖြစ်နေချိန်မှာ ဆီးလမ်းကြောင်းအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေက အတွင်းနံရံတစ်ရှူးတွေကို ယားယံစေပြီး ထိခိုက်ပွန်းပဲ့မှုပိုဖြစ်စေနိုင်ပါတယ်။ ဒီအခါ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်လာဖို့ အခွင့်အလမ်း ပိုများသွားပါတယ်။

၂။ ရောဂါရှိနေသူက အမျိုးသမီးဆိုရင် မိန်းမကိုယ်အတွင်းသို့ မည်သည့်ပစ္စည်းမဆို (အမျိုးသားရဲ့လိင်တံ၊ အရုပ်၊ လက်ချောင်း) ထိုးသွင်းခြင်းက ဆီးလမ်းကြောင်းရောင်နေတဲ့အခြေအနေကို ပိုဆိုးသွားစေနိုင်ပြီး တခြားရောဂါပိုးတွေပါ ဝင်စေနိုင်ပါတယ်။

၃။ ဆီးသွားနေစဉ်မှာသာ နာကျင်ခြင်းမဟုတ်ဘဲ ထိုးသွင်းဆက်ဆံခံရတဲ့အခါ ပုံမှန်ထက်ပိုပြီး နာကျင်စေနိုင်ပြီး အတွင်းနံရံမှလည်း ယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။

၄။ ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့သူရဲ့ လိင်အင်္ဂါကို ပါးစပ်ဖြင့် စုပ်ယူခြင်း၊ လျှာဖြင့် လျက်ခြင်းဟာ ရောဂါပိုးတွေကို လည်ချောင်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ခြင်း ဖြစ်စေနိုင်ပြီး ရှိနေတဲ့ရောဂါက ပျောက်ကင်းသက်သာဖို့ အချိန်ပိုကြာသွားနိုင်တဲ့အပြင် တခြားဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေပါ ဝင်လာစေနိုင်ပါတယ်။

၅။ ထိုးသွင်းဆက်ဆံခြင်းကို ပြုတဲ့အခါ ဆီးလမ်းကြောင်းအတွင်းမှာ အောင်းနေတဲ့ ဘက်တီးရီးယားပိုးတွေကို အထဲသို့ တွန်းပို့သလို ဖြစ်စေတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေကို လျင်မြန်စွာ ပျံ့နှံ့သွားနိုင်ပါတယ်။

ဒါကြောင့် အကောင်းဆုံးကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဖြစ်နေတဲ့အချိန်မှာ ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန်သတ်မှတ်ထားတဲ့ ဆေးအညွှန်းအတိုင်း မပျက်မကွက်သောက်ပြီး လုံးဝပျောက်ကင်းသွားပြီဆိုမှ လိင်ဆက်ဆံတာ အကောင်းဆုံးပါပဲ။

လိင်ဆက်ဆံမိသွားခဲ့ရင် ဘာတွေလုပ်သင့်လဲ။

ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို သိထားတယ်ဆိုရင် ဘယ်လိုအချက်တွေက ရောဂါကို တခြားသူဆီ ကူးစက်စေနိုင်လဲ၊ ဘယ်လိုအပြုအမူက ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်လဲ စတာတွေကို ကြိုသိထားဖို့လိုတဲ့အပြင် ဆောင်ရန်၊ ရှောင်ရန်များကို တစ်ဆက်တည်း နားလည်ထားဖို့ လိုပါတယ်။ ဒါကြောင့် မဖြစ်မနေ လိင်ဆက်ဆံရမယ်ဆိုရင်လည်း ခုပြောပြမယ့် အချက်တွေကို သေချာလိုက်နာဖို့ အကြံပေးလိုက်ချင်ပါတယ်။

  • လိင်ဆက်ဆံခြင်း မပြုခင် ဆီးသွားပါ။
  • လိင်ဆက်ဆံပြီးသွားတဲ့အခါ ဆီးသွားပါ။
  • လိင်ဆက်ဆံနေစဉ် ဆီးသွားချင်တဲ့အခါ ခဏနားပြီး ဆီးသွားပါ။ လုံးဝဆီးမအောင့်ထားပါနဲ့။
  • လိင်ဆက်ဆံပြီးတဲ့အခါ ရေမချိုးဘူးဆိုရင်တောင် ကိုယ့်ရဲ့ လိင်အင်္ဂါကို သေချာဆေးကြောပါ။ အမျိုးသားတွေဆိုရင် လိင်တံထိပ်အရေပြားကို နောက်လှန်ဆွဲချပြီး ရေနဲ့ ဆပ်ပြာနဲ့ လောင်းဆေးပါ။ အမျိုးသမီးတွေဆိုရင် အရှေ့မှ အနောက်သို့ ဆပ်ပြာဖြင့် သေချာပွတ်ဆွဲပြီး ဆေးကြောပါ။ မိန်းမကိုယ်အတွင်း လက်နဲ့အတင်းကာရော နှိုက်ဆေးတာမျိုး မလုပ်ပါနဲ့။
  • ရေများများသောက်ပါ။
  • ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကိုရှောင်ပါ။
  • ထိုးသွင်းဆက်ဆံခြင်း (ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်း) ပြုတော့မယ်ဆိုရင် ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုပါ။

လိင်ဆက်ဆံပြီးနောက်ပိုင်း ဆီးထဲ သွေးပါလာခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ခါးကိုက်ခါးနာဖြစ်ခြင်း၊ လိင်တံကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာခြင်း တွေ့ရပါက ဆရာဝန်နဲ့ အမြန်ဆုံးပြပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ဓာတ်မတည့်ခြင်း ဆိုတာဘာလဲ။ အန္တရာယ်ရှိလား။ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင်ရော ဓာတ်မတည့်တာ ဖြစ်နိုင်သလား။ မဖြစ်အောင် ဘာတွေ ကြိုပြင်ဆင်ထားရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 2 mins read

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း က မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကာကွယ်နိုင်မယ့် နည်းးလမ်းတွေကို သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

တင်ပါးဆုံဆိုတာက  ဝမ်းဗိုက်အောက်ဘက်နားမှာရှိတဲ့ ဇလုံလို ခပ်ခွက်ခွက် အစိတ်အပိုင်းပါ။ ကျောရိုးကို ထောက်ကန်ပေးထားပြီး အတွင်းအင်္ဂါကို ကာကွယ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read