လူအတော်များများဟာ လိင်ဆက်ဆံမှု နဲ့ပတ်သက်ပြီး မသိစိတ်မှာ ကြိတ်စိုးရိမ်နေကြတာတွေရှိတတ်ပါ တယ်။ ဖြစ်သင့်တဲ့ ပုံမှန်ပမာဏအတွင်း ဆက်ဆံနေမိရဲ့လား၊ ကိုယ့်လိင်စိတ်ဟာ အရမ်းနည်းနေသလား၊ အရမ်းများနေသလား စသဖြင့် အစုံတွေးမိတတ်ကြပါတယ်။ ဒီတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်။
တကယ်တော့ ဒါတွေအားလုံးဟာ စိုးရိမ်စရာ အကြောင်းအချက်တွေမဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းဟာ မိမိနဲ့ မိမိ လက်တွဲဖော်ပေါ်မှာသာ လုံးလုံးလျားလျားမူတည်နေတာမို့ လို့ မိမိတို့နှစ်ဦးစလုံးအဆင်ပြေနေ သရွေ့ ဘယ်ရွေ့ဘယ်မျှပမာဏလိင်ဆက်ဆံတယ် ဆိုတာ ထည့်သွင်းစဉ်းစားနေစရာအကြောင်း တစ်ခုမဟုတ်ပါဘူး။
အသက်အရွယ်ဘယ်လောက်ပဲဖြစ်ဖြစ် လူတစ်ဦးနဲ့တစ်ဦးဟာ လိင်စိတ်လိုအင်၊လိုအပ်ချက်နဲ့ လိင်ပိုင်းဆိုင်ရာပျော်ရွှင်မှုတွေ ရယူတဲ့နေရာမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ ဒါကြောင့် မိမိနဲ့ မိမိ partner ပျော်ရွှင်ကျေနပ်နေသရွေ့ လိင်ကိစ္စကို တစ်ပတ်မှာအကြိမ်ပေါင်းများစွာ ဆောင်ရွက်သည်ဖြစ်စေ၊ လုံး၀မဆောင်ရွက်ဘူးဖြစ်စေ ပြဿနာမဟုတ်ပါဘူး။
ဒါပေမယ့် လူအတော်များများကတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်လောက် အခြားသူတွေရဲ့ လိင်ဆက်ဆံတဲ့နှုန်းကို သိချင်ကြပါတယ်။အသက်အရွယ်ဟာ လိင်ဆက်ဆံတဲ့အကြိမ်ရေကို ဘယ်လိုပြောင်းလဲစေသလဲလည်း သိချင်ကြပါတယ်။
အသက်အရွယ်ရလာတာနဲ့အမျှ လူအများစုဟာ လိင်ဆက်ဆံနှုန်း လျော့နည်းလာကြ တယ်
သုတေသနပြုချက်တွေအရ အသက်ဆယ့်ရှစ်နှစ်ကနေ နှစ်ဆယ့်ကိုးနှစ်ကြားလူငယ်တွေဟာ ပျမ်းမျှအနေနဲ့ တစ်နှစ်မှာ လိင်ဆက်ဆံမှုပေါင်း ၁၁၂ ကြိမ် ၊ တစ်ပတ်ကို နှစ်ကြိမ်လောက်လုပ်ကြတယ်ဆိုပါ တယ်။ အသက်သုံးဆယ်ကနေ သုံးဆယ့်ကိုးနှစ်လောက်အရွယ်တွေ ကျတော့ တစ်နှစ်လုံးကို ပျမ်းမျှ ရှစ်ဆယ့်ခြောက်ကြိမ်လောက်လိင် ဆက်ဆံလေ့ရှိပြီး တစ်ပတ်ကိုတော့ ၁.၆ ကြိမ်နဲ့ညီမျှပါတယ်။
လေးဆယ်ကနေ လေးဆယ့်ကိုးနှစ်အရွယ်တွေမှာတော့ ပိုနည်းသွားပြီး တစ်နှစ်လုံးမှာ ခြောက်ဆယ့်ကိုးကြိမ်လောက်၊ တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ ဆက်ဆံလေ့ရှိကြတာများတဲ့အတွက် အသက်ဆယ့်ရှစ်ကနေ နှစ်ဆယ့်ကိုးလူငယ်တွေရဲ့ တစ်ဝက်နှုန်းလောက်သာ ဆက်ဆံကြတယ်ဆိုပါတယ်။ဒါပေမယ့် ဒါဟာယေဘူယျဖော်ပြချက်သာဖြစ်ပြီး ရွယ်တူတန်းတူတွေထက် လိင်ဆက်ဆံမှုအကြိမ်ရေများနေတဲ့ သူတွေက မိမိကိုယ်ကို ပိုမိုနုပျိူတယ်လို့ ခံစားရလေ့ရှိတယ်ဆိုပါတယ်။
နိဂုံးချုပ်ဆိုရရင် အသက်အရွယ်ဟာ လိင်ဆက်ဆံမှုအကြိမ်အရေအတွက်ပေါ် သက်ရောက်မှုရှိတာ မှန်ပေမယ့် ကိုယ့်ကိုယ်ကို ငယ်ရွယ်နေသေးတယ်လို့ ခံယူတဲ့သူတွေကသာ ဘ၀ကိုရှင်သန်အသက်ဝင်တယ်လို့ ခံယူမှုများတဲ့အတွက် အသက်အရွယ်ဆိုတာ နံပါတ်တွေလို့သာ သတ်မှတ်ပြီး မိမိအပါအ၀င် မိမိရဲ့ ပါတနာကို ချစ်ခြင်းမေတ္တာတွေနဲ့ ထုံးလွှမ်းစေသင့်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။