ကြင်စဦးဇနီးမောင်နှံတွေအနေနဲ့ မကြာခဏ လိင်ဆက်ဆံမှုပြုတာ သဘာဝပဲဆိုပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိ ပေါင်းသင်းနေထိုင်ပြီးတဲ့ စုံတွဲတွေမှာတော့ ညားကာစလောက်တော့ လက်ပွန်းတသီးနေတာမျိုး သိပ်မရှိတော့ဘူးပေါ့။ ဒါပေမယ့်လည်း ဇနီးမောင်နှံရယ်လို့ ဖြစ်လာတဲ့အခါ လုံးဝလိင်မှုကိစ္စကို ရှောင်တာမျိုးထက် အကြိမ်ရေ သတ်မှတ်ထားတာတော့ ပိုကောင်းပါတယ်။