backup og meta

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အကောင်းအဆိုးများ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အကောင်းအဆိုးများ

    ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ဆိုတာကို အတော်များများ ကြားဖူးကြမှာပါ။

    ဒီဆောင်းပါးလေးမှာတော့ သူ့ရဲ့ အကျိုးအပြစ် .. အားသာချက်နဲ့ အားနည်းချက်လေးတွေကို ပြောပြချင်ပါတယ်။ ဘယ်အရာမဆို ကောင်းခြင်းဆိုးခြင်းဆိုတာ ဒွန်တွဲနေတတ်စမြဲမို့ မိမိနဲ့ မိမိချစ်သူကို အကျိုးများစေနိုင်လား ဘယ်လိုကျန်းမာရေးပြဿနာတွေ ပေးနိုင်မလဲဆိုတာ သေချာလေ့လာကြည့်ရအောင်နော်။

    ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ဆိုတာ ဘာလဲ

    လိင်တံ၊ ဒါမှမဟုတ် မိန်းမကိုယ်ကို ပါးစပ်အသုံးပြုပြီး လိင်စိတ်နှိုးဆွခြင်းကို ခေါ်တာပါ။

    လိင်တံကို ပါးစပ်နဲ့ ဆက်ဆံပေးခြင်းကို Fellatio လို့ခေါ်ပြီး မိန်းမကိုယ်ကို ဆက်ဆံပေးခြင်းကိုတော့ Cunnilingus လို့ခေါ်ပါတယ်။

    ပါးစပ်နဲ့ ဆက်ဆံခြင်းဟာ ကိုယ့်အဖော်နဲ့ ရင်းနှီးချစ်ခင်မှုကို ပိုစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာလည်း မကောင်းတဲ့အချက်များလည်း ရှိပါတယ်။

    ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အားသာချက်များ

    • ဆက်ဆံရေးနှင့် ရင်းနှီးမှုကို ပိုကောင်းစေခြင်း

    ပါးစပ်နဲ့ ဆက်ဆံတာကို စိတ်ကျေနပ်မှုရဖို့ဆိုရင် ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာ စစ်မှန်ပြီး ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးမျိုး လိုအပ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းက လိင်မှုဘဝနဲ့ ဆက်ဆံရေးကို တိုးတက်စေပါတယ်။

    • စိတ်ခံစားမှုနှင့် စိတ်ဖိစီးမှု ခံနိုင်ရည်ကို တိုးတက်စေခြင်း

    သုက်ရည်ထဲမှာ Cortisol လို့ခေါ်တဲ့ ဟော်မုန်းတွေ ပါဝင်ပြီး အဲဒီဟော်မုန်းက ဦးခေါင်းဆီ အောက်ဆီဂျင် ပိုရောက်အောင် လုပ်ပေးနိုင်တာမို့ စိတ်ခံစားမှုတွေ ပိုကောင်းစေတယ်၊ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။

    • နာကျင်မှုကို လျော့နည်းစေခြင်း

    ပါးစပ်နဲ့ ဆက်ဆံနေစဉ်နဲ့ ဆန္ဒပြီးမြောက်သွားတဲ့အချိန်တွေမှာ ခန္ဓာကိုယ်ထဲမှာ Oxytoin ၊ Endorphin စတဲ့ ဟော်မုန်းတွေ ထွက်ပါတယ်။ ဒါတွေက နာကျင်မှုတွေကို လျော့နည်းသက်သာစေပါတယ်။

    • စိတ်ကျရောဂါကို ကုသပေးနိုင်ခြင်း

    ခုပြောခဲ့တဲ့ အကျိုးကျေးဇူးများကြောင့် ကျန်းမာရေးကို အထောက်အကူပြုသလို၊ စိတ်ကျရောဂါရှိနေရင်လည်း သက်သာစေပါတယ်။

    ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းရဲ့ အားနည်းချက်များ

    ပါးစပ်နဲ့လိင်ဆက်ဆံခြင်းရဲ့ အဓိက အားနည်းချက်တွေကတော့ ရောဂါတွေ ဖြစ်ပွားနိုင်တာပဲဖြစ်ပါတယ်။ ကူးစက်ရောဂါတချို့ဖြစ်နိုင်သလို တချို့ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလည်း ပိုများစေတယ်လို့ သိရပါတယ်။ မိမိလက်တွဲဖော်အပေါ် သစ္စာရှိဖို့၊ ပြင်ပမှာ အပျော်အပါးမလိုက်စားမိစေဖို့တော့ သတိထားဖို့လိုပါလိမ့်မယ်။

    ကဲ ဘယ်လို အားနည်းချက်တွေလည်း သေချာကြည့်လိုက်ရအောင်။

    • လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေရှိခြင်း

    ပါးစပ်နဲ့ ပုံမှန်လိင်ဆက်ဆံမှုပြုမယ်ဆိုရင် HPV ပိုး ကူးစက်ခံရနိုင်ချေပိုများပြီး လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေ ပိုရှိပါတယ်။

    • လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ

    HIV ပိုး၊ ရေယုန်၊ ဆစ်ဖလစ်၊ ဆီးပူညောင်းကျ၊ အသည်းရောင်အသားဝါပိုး၊ HPV ပိုးများလည်း ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်ခံရနိုင်ပါတယ်။

    • ဆစ်ဖလစ် ရောဂါ

    ဆစ်ဖလစ်လက္ခဏာများဟာ လိင်အင်္ဂါနဲ့ စအိုတို့မှာ တွေ့ရလေ့ရှိပြီး ရှားရှားပါးပါးအနေနဲ့ နို့သီးမှာလည်း တွေ့ရတတ်ပါတယ်။ နောက်ပြီး လျှာနဲ့နှုတ်ခမ်းတို့မှလည်း တွေ့ရတတ်သလို၊ ရောဂါပိုးရှိသူရဲ့ ပါးစပ်က တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

    ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရှိနေချိန်လို တချို့သောအချိန်တွေမှာတော့ စုံတွဲတွေအတွက် အကျိုးရှိပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေလည်း ရှိနေဆဲပါ။

    သဘာဝမဟုတ်တဲ့ ဆက်ဆံနည်းထဲမှာ ပါဝင်တဲ့အတွက် သန့်ရှင်းမှုမရှိရင် ဒါမှမဟုတ် ကူးစက်ရောဂါတစ်ခုခုဖြစ်နိုင်ခြေရှိရင် ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့သလို ကူးစက်ရောဂါ တစ်ခုခု ရှိနေရင်တော့ မလုပ်တာ အကောင်းဆုံးပါပဲ။

    ဒါကြောင့် ပါးစပ်နဲ့ ဆက်ဆံခြင်း ကနေ ရောဂါပိုးတခုခု ကူးစက်ခံရတယ်ထင်ရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းပြပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး အကြံပြုချက်တွေရယူနိုင်ပါတယ်။

    # ပါးစပ်နဲ့ လိင်ဆက်ဆံပြီးရင် သွားတိုက်ဖို့ လို၊ မလို

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement