အမှန်အတိုင်း ပြောရရင် မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးကို စစ်ဆေးရတာဟာ ဓါးဒါဏ်ရာ/တုတ်ဒါဏ်ရာ/သေနတ်ဒါဏ်ရာတွေကို စစ်ဆေးပေးရတာထက်တောင် ပိုသိမ်မွေ့ပါသေးတယ်။ ရာဇသတ်ကြီး ပုဒ်မ ၃၇၅ ရဲ့ ရှင်းလင်းချက်မှာ ‘ယောက်ျား၏ အင်္ဂါဇာတ်သည် မိန်းမ၏ အင်္ဂါဇာတ်တွင် သွင်းဝင်မိလျှင် မုဒိမ်းမှုကျူးလွန်ခြင်းအတွက် လိုအပ်သော ကာမစပ်ယှက်မှုမြောက်ရန် လုံလောက်သည်’လို့ ရေးသားဖော်ပြထားပါတယ်။ ဆိုလိုတာကတော့ အများသူငှာ ထင်နေကြသလို မိန်းမကိုယ်ထဲမှာ သုတ်ရည်တွေ့မှ မုဒိမ်းမှုမြောက်တာ မဟုတ်ပါဘူး။ ဒါကြောင့် ဆရာဝန်အနေနဲ့ မုဒိမ်းမှုကျူးလွန်ခံရတယ်လို့ ယူဆရသူကို စစ်ဆေးတဲ့အခါ ‘လတ်တလော ထိုးသွင်းထားသော လက္ခဏာ ရှိသည်/မရှိပါ’ ဆိုတဲ့ အချက်ကို အဓိက တင်ပြရပါတယ်။ မုဒိမ်းမှုမြောက်မမြောက်ကိုတော့ တရားသူကြီးက ဆုံးဖြတ်မှာပါ။ အလားတူပါပဲ၊ထိုးသွင်းထားတဲ့ လက္ခဏာရှိမရှိအပြင် ရုန့်ရင်းဆန်ခတ်ဖြစ်ထားတဲ့ ဒါဏ်ရာတွေ၊ကုတ်ရာခြစ်ရာတွေ၊သုတ်ရည်ပေကျံမှုရှိမရှိ စတဲ့ တွေ့ရှိချက်တွေကိုလည်း မြင်တဲ့အတိုင်း မှတ်တမ်းတင် ရပါတယ်။
ဘယ်လိုအခြေအနေတွေမှာ သုတ်ရည်မတွေ့နိုင်ဘူးလဲ
လတ်တလော ထိုးသွင်းထားတဲ့ လက္ခဏာရှိလျက်နဲ့ သုတ်ရည်မတွေ့ဘူးဆိုတာ ဖြစ်နိုင်သလားလို့ မေးရင် ဖြစ်နိုင်ပါတယ်လို့ ဖြေရပါမယ်။
- မုဒိမ်းမှုကျူးလွန်သူဟာ အကာအကွယ်ပစ္စည်း (ကွန်ဒုံး) အသုံးပြုခြင်း။
- ကာမအထွတ်အထိပ်ရောက်သည်အထိ (သုတ်ရည်ထွက်သည်အထိ) လိင်ဆက်ဆံမှု မပြုခြင်း။
- သုတ်ရည်ကို အပြင်ထုတ်ခြင်း။
- ကာမအထွတ်အထိပ်ရောက်သော်လည်း သုတ်ရည်မထွက်တဲ့ ရောဂါရှိခြင်း စတဲ့ အခြေအနေတွေမှာ သုတ်ရည်မတွေ့ရှိနိုင်ပါဘူး။
ဒါပေမယ့် လတ်တလော ထိုးသွင်းထားတဲ့ လက္ခဏာရှိပြီဆိုရင်ကို မုဒိမ်းမှုမြောက်နေပြီဆိုတာ သဘောပေါက်ရပါမယ်။ အခင်းဖြစ်ပွားပြီး ရက်အတန်ကြာမှ လာရောက်တိုင်ကြားလို့ စစ်ဆေးရမယ်ဆိုရင်လည်း သုတ်ကောင်တွေရဲ့ သက်တမ်းကို ကျော်လွန်သွားခဲ့ရင် မိန်းမကိုယ်ထဲမှာ သုတ်ပိုးတွေ့ရှိမှာ မဟုတ်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။