အထက်ပါ အုပ်ထိန်းမှုနှင့် လုံးဝပြောင်းပြန်ဖြစ်နေသော ထိန်းချုပ်မှုလွန်ကဲသော အုပ်ထိန်းနည်း သည်လည်း ကလေး၏ အပြုအမှုတွင် ဆိုးကျိုးသက်ရောက်များ ဖြစ်စေသည်။ သင့်ကလေး၏ ဘဝကို အလွန်အကဲ ထိန်းကွပ်ခြင်းသည် စိတ်မကျေနပ်မှုနှင့် ပုန်ကန်မှုများကို ပေါက်ဖွားစေသည်။ အထူးသဖြင့် သင့်ကလေးသည် ဆယ်ကျော်သက်အရွယ်ဖြစ်လျှင် ပိုဆိုးသည်။ ရေရှည် စိတ်မကျေနပ်မှုနှင့် စိတ်ဖိစီးမှုများသည် သူတို့၏ စိတ်ခံစားချက်ကို ပေါက်ကွဲစေပြီး ဒေါသထွက်နေချိန်တွင် သူတို့ကိုယ်တိုင်မှားနေမှန်းသိသော မကောင်းသောအရာများကို စတင်လုပ်ဆောင်လာနိုင်သည်။
ရွယ်တူ အပေါင်းအသင်းကြား ဖိအား
ယနေ့ခေတ်လူငယ်များကြား မှားယွင်းနေသော အယူအဆတစ်ရပ်မှာ လိင်ကိစ္စရပ်ကို တစ်ဦးတစ်ယောက်၏ ရင့်ကျက်မှုနှင့် စတိုင်ကျမှု အဆင့်ကို တိုင်းတာရာတွင် စံညွှန်းတစ်ခုအနေနှင့် အသုံးပြုနေခြင်းဖြစ်သည်။ ကိစ္စအများစုတွင် ဆယ်ကျော်သက်များသည် အုပ်စုထဲတွင် အနှိမ်ခံရမည်၊ အပယ်ခံရမည်ကို ကြောက်သောစိတ်၊ အုပ်စုထဲတွင် လူရာဝင်လိုသော စိတ်များသည် စောစီးစွာ လိင်မှုကိစ္စကို စမ်းသပ်ဖို့ စိတ်အားထက်သန်ခြင်း၏ တရားခံဖြစ်သည်။ အခြားအခြေအနေများတွင် သူတို့၏ အပေါင်းအသင်းများကို အဆုံးရှုံးမခံလိုသော ကြောက်စိတ်ကြောင့် ပြုလုပ်ကြရခြင်းဖြစ်သည်။
မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု
ဆယ်ကျော်သက် အမျိုးသမီးငယ်များသည် လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း ဖြစ်ပွားနိုင်ချေ အန္တရာယ်အများဆုံး အုပ်စုဖြစ်သည်။ အကယ်၍ အမျိုးသမီးတစ်ယောက်သည် ဆယ်ကျော်သက်အရွယ်တွင် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုကို ကြုံတွေ့ခဲ့ရလျှင် သူမသည် ကိုယ်ဝန်ရဖို့ အခွင့်အရေး မယုံနိုင်လောက်အောင် မြင့်မားလေသည်။
မိဘများသည် သူတို့၏ကလေးများကို ကိုယ်ခံပညာသင်တန်းကျောင်းများသို့ ပို့ပေးသင့်သည်။ သူတို့ကို မုဒိမ်းအန္တရာယ် ကာကွယ်တတ်အောင် သတိပေးရမည်။ ဥပမာ။ ။ မှောင်သော နေရာတွင် တစ်ယောက်ထဲ ဘယ်တော့မှ လမ်းမလျှောက်ရန် ၊ လူစိမ်း၏ ကား၊ ဆိုင်ကယ်ကို မစီးရန်၊ သူတို့၏ ပတ်ဝန်းကျင်ကို အမြဲသတိထားနေရန် စသည်တို့ဖြစ်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။