လိင်ဆက်ဆံခြင်းက ကိုယ်ဝန်ပျက်ကျစေပါသလား?
အများစုသော ကျန်းမာတဲ့ ပုံမှန်ကိုယ်ဝန်များမှာ လိင်ပိုင်းဆိုင်ရာကိစ္စတွေက အန္တရာယ် မရှိပါဘူး။ အော်ဂဇင်ခေါ် စိတ်ကျေနပ်မှု ရနေစဉ်အတွင်း, သင့်ရဲ့သားအိမ်က တစ်နာရီလောက်ထိ အားကောင်းစွာ ကျုံ့နေတယ်ဆိုတာ မှန်ပါတယ်။ အထွတ်အထိပ် ရောက်ချိန်ကလည်း သိသိသာသာပြင်းထန်နိုင်ပါတယ်။ ကံကောင်းတာက ဤကျုံ့ညှစ်ခြင်းက သင့်ရဲ့ကလေးကို မထိခိုက်နိုင် ပါဘူး။
သင့်ကိုယ်ဝန်ရဲ့ နောက်ဆုံးသုံးလပတ်မှာမဟုတ်လျှင် orgasm က လမစေ့ပဲ ကလေးမွေးစေတာမျိုး မဖြစ်ပေါ်ပါဘူး။ ထို့ပြင်များစွာသောသိပ္ပံပညာရှင်တွေကအမေတွေအတွက် လမစေ့ဘဲမွေးဖွားမှု အန္တရာယ်များကို ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု က လျှော့ချနိုင်ပေးတယ်ဆိုတာ သက်သေပြနိုင်ကြပါပြီ။ ဒါ့ကြောင့် သင်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရပ်တန့်ပြီး သင့်အိမ်ထောင်ဘက်နဲ့ ရင်ခုန်စရာညဉ့်အခါ စတင်နိုင်ပါပြီ။
ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု က ကလေးကို ထိခိုက်စေပါသလား ?
လုံးဝမထိခိုက်နိုင်ပါဘူး။ သင်နှင့်သင့်အိမ်ထောင်ဖက် လိင်ဆက်ဆံကြတဲ့အခါ, ကလေးက သင့်ရဲ့ ရေမွှာအိတ်ထဲမှာ လုံခြုံစိတ်ချစွာခွေနေဆဲဖြစ်ပါတယ် ။ သားအိမ်ခေါင်းအတွင်းချွဲတွေက သင့်အချင်းနှင့် နှင့်သားအိမ်ကို သင့်လက်တွဲဖော်ရဲ့လိင်တံအပါအဝင် ပြင်ပတွင်အရာများမှသီးခြားဖြစ်အောင် စောင့်ရှောက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဘယ်လိင်တံကမှ နီးနီးကပ်ကပ်ရောက်ပြီး သန္ဓေသားကို ထိခိုက်စေလောက်အောင် မကြီးမားနိုင်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။