လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေသော အကြောင်းရင်း များစွာရှိပါ သည်။ ဥပမာအားဖြင့်
- တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း
- မှို ကူးစက်ခြင်း
- တုံ့ပြန်နေသောအဆစ်အမြစ်ရောင်ရောဂါရှိသူများ
- မကုသထားသောဆီးချိုသွေးချိုရောဂါရှင်များ၊ ဆီးချိုရှိချိန်တွင် သွေးထဲဂလူးကို့ ပမာဏ အရမ်းများသူများ
ရေယုန် သို့မဟုတ် ကာလသားရောဂါ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်တော်သော ရောဂါအဖြေရှာခြင်းအတွက် သင်၏ဆရာဝန်သည် အောက်ပါစစ်ဆေး စမ်းသပ်မှု များကို လုပ်ဆောင်နိုင်သည်။
- ဆေးကုသမှုဆိုင်ရာ မှတ်တမ်းယူခြင်း နှင့် ကိုယ်ခန္ဓါအား စမ်းသပ်ခြင်း
- ကူးစက်မှုသည် ဘတ်တီးရီးယား သို့မဟုတ် မှို ဟုခွဲခြားသိရှိရန် လိင်အင်္ဂါမှထွက်သော အရည်နမူနာများ၏ ဓါတ်ခွဲခန်းအဖြေ ရယူခြင်း
- လိင်ပိုင်းဆိုင်ရာ ကူးစက်သော ရောဂါများရှိမရှိဆုံးဖြတ်ရန် သွေးစစ်ချက်များရယူခြင်း
Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ
ကုသမှုသည်အသက်အရွယ်၊ ဖြစ်ပွားစေသောအကြောင်းရင်း၊ လိင်ပိုင်းဆိုင်ရာ နိုးကြား ထကြွ ခြင်း လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းရှိမရှိ များအပေါ် မှုတည်ပါသည်။ ကုသမှုတွင် လိင်အင်္ဂါထိပ်ပိုင်း အုပ် အရေပြားအား ဆွဲကာ နွေးရုံမျှဖြစ်သော ရေထဲတွင် စိမ်ခြင်းတို့ ပါဝင်ပါသည်။ အနည်းငယ်ပြင်းထန်သော အခြေအနေများတွင် နေရာသို့ ပဋိဇီဝ လိမ်းဆေး လိမ်းပေးနိုင်ပါသည်။ ပြင်းထန်သောအခြေအနေရှိသူများ နှင့် ဆီးချိုသွေးချို ရှိသူများ သည် ပဋိဇီဝ ဆေးများကို သောက်သုံးနိုင်ပါသည်။ တစ်ခါတစ်ရံတွင် Corticosteroid လိမ်းဆေး များကို ရောင်ရမ်းမှု သက်သာရန်အတွက် အသုံးပြု နိုင်ပါသည်။ ခွဲစိတ်ကုသမှု လိုအပ်သည်မှာ ရှားပါးလှပါသည်။
ပြန်လည်ကောင်းမွန်ရန်အချိန်မှာ ဖြစ်စေသောအကြောင်းရင်းနှင့် ရောဂါလက္ခဏာ များအပေါ်မူ တည်ပါသည်။ ရိုးရိုးဖြစ်သောကိစ္စများတွင် ရောဂါလက္ခဏာများသည် ငါးရက်မှ ဆယ်ရက်အတွင်း ပျောက်ကွယ် သို့မဟုတ် သက်သာလာနိုင်ပါသည်။ ရှုပ်ထွေးသော ကိစ္စများတွင် ပြီးပြည့်စုံစွာ သက်သာ ပျောက် ကင်းမှုသည် ပို၍ကြာနိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လိင်အင်္ဂါထိပ်ပိုင်းရောင်ရမ်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများသည် လိင်အင်္ဂါထိပ်ပိုင်းရောင်ရမ်းခြင်း ကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။
- တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေ့အကျင့်လုပ်၍ရယူုခြင်း (ထိပ်ဖုံးအရည်ပြားကို ဆွဲတင်၍ လိင်တံ၏ ထိပ်ကို ပုံမှန် ဆေးကြောခြင်း)
- ကြမ်းသောဆပ်ပြာများ၊ စိုထိုင်းသော ခရင်မ်များ နှင့် ချောဆီများ ကဲ့သို့ နာကျင်ယားယံမှုဖြစ်စေ သော ပစ္စည်းများကို ရှောင်ကြဉ်ခြင်း
- လိင်ဆက်ဆံသောအခါ ကွန်ဒုံး အသုံးပြုခြင်း
- ဆရာဝန်ပေးသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း
- ရောဂါလက္ခဏာများကို ကူညီ သက်သာစေသော နူးညံ့သော ဆပ်ပြာကို စမ်းသုံးကြည့်ခြင်း
အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။