အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းဟာ HIV ပိုးအပြင် တခြားလိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်ပွားဖို့ အခွင့်အလမ်းပိုများစေတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ အဓိကအားဖြင့် ရောဂါပိုးရှိသူရဲ့ သုက်ရည်၊ သွေး၊ မိန်းမကိုယ်မှ အရည်တွေဟာ သွေးကြောထဲသို့ တစ်နည်းနည်းနဲ့ ဝင်ရောက်သွားတဲ့အခါမှာ စတင်ကူးစက်သွားပါပြီ။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို မဖြစ်မနေ သုံးဖို့ အရေးကြီးပါတယ်။