HIV ရောဂါဖြစ်မှန်း သိပြီး၍ နေထိုင်မှုနှင့် အစားအသောက်ပုံစံ ပြောင်းလဲခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

HIV ဟု သိလိုက်ပြီး သကာလ မိမိ၏ဘဝသည်လည်း ပြောင်းလဲသွားပါသည်။ ပို၍ ခက်ခဲလာပါလိမ့်မည်။ သို့သော် ကောင်းသောဘက်ကို ပြောင်းလဲမည်ဆိုလျှင် ကျန်းမာရေးကို အထောက်အကူပြုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်နိုင်ပါသည်။

အောက်ဖော်ပြပါ အချက်များမှာ ကျန်းမာသော နေထိုင်မှုဘဝ ရရှိစေရန်အချက်များ ဖြစ်ပါသည်။

မှတ်တမ်းထားပါ

ယခင်က မှတ်တမ်း မထားဖူးပါက ယခုပြုလုပ်ကြည့်ပါ။ ဆရာဝန်များနှင့် တိုင်ပင်၍ ပြုလုပ်ကြည့်ပါ။ ဆရာဝန်ပြောသမျှ မိမိမေးချင်သော မေးခွန်းများကို ချရေးထားပါ။ ဆေး စသောက်လျှင်လည်း မှတ်တမ်းထားပါ။ ဘေးထွက်ဆိုးကျိုး လက္ခဏာများ ခံစားရလျှင်လည်း ချရေးထားပါ။ ဆရာဝန်က သွေးထဲတွင်ရှိသော CD4 ပမာဏနှင့် ရောဂါပိုးပမာဏကို စစ်ခိုင်းပါကလည်း အဖြေများကို မှတ်တမ်းထားပါ။ မှတ်ထားသည်မှာ များလေလေ ကျန်းမာရေးအတွက် ကောင်းလေလေ ဖြစ်ပါသည်။

မိမိ၏သူငယ်ချင်း၊ မိတ်ဆွေများနှင့် သူငယ်ချင်းများကို ရောဂါအကြောင်း ပြောပြထားပါ။ မိမိရောဂါ ဖြစ်ချိန် အခက်အခဲ ဖြစ်ချိန်များတွင် ကူညီကျော်ဖြတ်ပေးနိုင်ပါသည်။

တစ်ယောက်တည်း ကျိတ်မှိတ်ခံခြင်းသည် စိတ်ဓါတ်ကျရောဂါ ခံစားရနိုင်ပါသည်။ အသင်းအဖွဲ့တစ်ခုခုကို ပါဝင်ထားခြင်း ဖြင့်လည်း မိမိနှင့် ဘဝတူများကိုလည်း သိရှိရပြီး စိတ်သက်သာရာ ရစေပါသည်။

ကျန်းမာသော နေထိုင်မှုဘဝကို ရွေးခြယ်ပါ။

ဆေးသည် တစ်ခုတည်းသော ကုထုံးမဟုတ်ပါ။ မိမိခန္ဓါကိုယ်ကို သေချာစွာ ဂရုစိုက်လျှင်၊ ကျန်းမာရေး လိုက်စားလျှင် HIV ကြောင့် ဖြစ်သော တခြားသော နောက်ဆက်တွဲ ပြဿနာများ၊ ဥပမာ – အဝလွန်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းနှင့် ကင်ဆာရောဂါ ကိုပါ ကာကွယ်နိုင်မည် ဖြစ်ပါသည်

ကျန်းမာသော လူနေမှုဘဝရအောင် မည်သို့ လုပ်ဆောင်မည်နည်း

ညီညွတ်မျှတသော အစားအစာများ၊ အသီးအရွက်များ၊ အစေ့အဆံများ၊ ပရိုတင်းများသော အသားများကို စားသုံးရပါမည်။ အစားအသောက်ကောင်းသည် အကောင်းဆုံး ဆေးတစ်မျိုး ဖြစ်ပါသည်။ ခန္ဓါ၏ ခုခံအားစနစ်ကို တိုးမြင့်ပေးပြီး အားအင်များ ပြည့်ဝစေပါသည်။ တခြားသော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

အစားအစာနှင့်အတူ လေ့ကျင့်ခန်းလည်း ပြုလုပ်ရပါမည်။ ဆရာဝန်နှင့် တိုင်ပင်ပြီး အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ရပါမည်။ အစပိုင်းတွင် လေ့ကျင့်ခန်း အပျော့စားများ ပြုလုပ်၍ နောက်ပိုင်းတွင် တဖြည်းဖြည်း တိုးမြှင့်ရပါမည်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း၊ ယောဂပြုလုပ်ခြင်းတို့သည် အကောင်းဆုံးဖြစ်ပါသည်။ ထိုလေ့ကျင့်ခန်းများ ပြုလုပ်၍ ကိုယ်အလေးချိန် ထိန်းနိုင်ပါသည်။

ထို့အပြင် မိမိစိတ်ကို အမြဲ အကောင်းတွေးထားပါ။ မကောင်းဘက်ကို မတွေးပါနှင့်။ မကောင်းသော အတွေးသည် လေ့ကျင့်ခန်း လုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးခြင်း စသည့် ကောင်းသော အလေ့အကျင့်များကို ပျက်စီးစေပါသည်။

ကုသမှုကို ပြင်ဆင်ရန် မကြောက်ပါနှင့်။

တစ်သက်လုံး ကုသမှုတစ်မျိုးတည်း ဖြစ်သွားရမည် မဟုတ်ပါ။ ကုသနေစဉ် အချိန်အတွင်း ပြောင်းလဲမှုများ ပြုလုပ်ရနိုင်ပါသည်။

ဆေးပြောင်းလဲသင့်သည့် အချိန်များမှာ ဆေးယဉ်ပါးသွားခြင်း၊ ဆေးစုပ်အား လျော့နည်းခြင်း၊ ဆေးသောက်သုံးချိန် မမှန်ခြင်းနှင့် တခြားသော ဆေးများနှင့် ပူးပေါင်းရန် မသင့်ခြင်းတို့ ဖြစ်ပါသည်။

မိမိလက်ရှိ သောက်နေသော ဆေးသည် မတိုးတော့သည်ဟု ခံစားရလျှင်၊ ဘေးထွက်ဆိုးကျိုးများ ခံစားရလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆေးကုသမှု ခံယူနေစဉ်အတွင်း ဖြစ်နိုင်ခြေရှိသော ကုသမှုမျိုးစုံကို ကြိုးစားသင့်ပါသည်။

HIV ရောဂါဟု သိရသည့် တိုင်အောင် ပုံမှန်ဘဝကို လျှောက်လှမ်းနိုင်ပါသည်။ မိမိရောဂါအတွက် ကြောက်နေရန် မလိုပါ။ သတ္တိရှိပါ။ အကောင်းမြင်ပါ။ ထိုမှသာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်မည် ဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

    ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    HIV ဆိုတာ ကြောက်ဖို့ ကောင်းနေသေးတာလား

    ဆီးချိုလည်း သေချာမထိန်းရင် နောက်ဆက်တွဲ ဝင်တာပါပဲ။ HIV လည်း သေချာမကုဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ AIDS အဆင့်ထိရောက်နိုင်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

    ဒီရောဂါရှိမှန်း စသိရတုန်းကဆို ဘယ်သူမှနဲ့တောင် မတွေ့ချင်တော့ပါဘူး။ ပါးစပ်ကနေ ထုတ်ပြောဖို့တောင် မရဲခဲ့တဲ့ ရောဂါပေါ့။ ARTဆေးသောက်ပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    အသက်က ငယ်ငယ် ဆံပင်ဖြူ လေးနဲ့ရယ်

    ဆံပင်ဖြူ ဆံပင် အသက်အရွယ် လူငယ် အရွယ်မတိုင်မီ ဆံပင် ဆံသား အကြောင်းရင်း စားသောက်ပုံ အာဟာရ မျိုးဗီဇ ဆေးလိပ် သန့်ရှင်းမှု သွေးဆုံးချိန် သိုင်းရွိုက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သင့်အတွက် ရွေးချယ်ထားသည်

    သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ

    သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
    သွေးတိုးရောဂါ (Hypertension)

    သွေးတိုးရောဂါ (Hypertension)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 2 mins read
    ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

    ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
    ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ

    ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read