HIV ဆေး၏ နောက်ဆက်တွဲ ဆိုးကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

မည်သည့်ဆေးမဆို ဘေးထွက်ဆိုးကျိုး ရှိသည်။ တချို့ဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဆိုးရွားသော်လည်း တချို့မှာ မသိသာပေ။ HIV လူနာများ သောက်ရသော ART ဆေးများသည်လည်း ရေတို ရေရှည် ဘေးထွက်ဆိုးကျိုးများ ခံစားရစေနိုင်ပါသည်။

ART ဆေးများသည် ခန္ဓါကိုယ်တွင် HIV ပိုးများကို နှိမ်နင်းနေချိန်တွင် အောက်ပါ လက္ခဏာများ ရတတ်သည်။

· သွေးအားနည်းခြင်း

· ဝမ်းလျှောခြင်း

· ခေါင်းမူး၊ ခေါင်းကိုက်ခြင်း

· နုံးချိခြင်း

· ပျို့အန်ခြင်း

· ကိုယ်လက်နာကျဉ်ခြင်း

· ထုံကျဉ်ခြင်း

· အနီကွက် အနီစက်များပေါ်ခြင်း

· အဆီထုထည် ဆုံးရှုံးမှုဖြစ်ခြင်း၊ အဆီစုလာခြင်း

· သွေးတွင်းအချိုဓါတ် များပြားလာခြင်း

· အရိုးပွခြင်း

· သွေးတွင်း lactic အက်စစ် များပြားလာခြင်း

· နှုတ်ခမ်းတဝိုက်နှင့် လျှာ ယောင်ယမ်းခြင်း

· အသည်းကို ထိခိုက်စေခြင်း

ART ဆေးများသည် ရေရှည်တွင် ဘေးထွက် ဆိုးကျိုးများ ရှိပါသည်။ တချို့မှာ ကုသနိုင်သော်လည်း တချို့မှာ နာတာရှည် ဖြစ်တတ်သည်။ ထိုသို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြီး သင့်လျော်သော ကုသမှုကို ခံယူရမည်။

ဖြစ်လေ့ရှိသော ဘေးထွက် ဆိုးကျိုးများမှာ အောက်ပါအတိုင်း ဖြစ်သည်။

· အဆီထုထည် မညီမျှခြင်း

သင့်မျက်နှာနှင့် ခြေလက်တို့တွင် အဆီထုထည် လျော့နည်းပြီး ဝမ်းဗိုက်နှင့် ဂုတ်ပိုးတို့တွင် အဆီစုခြင်းများ ဖြစ်နိုင်သည်။ TESAMORELIN ဟော်မုန်းဆေး သောက်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြင့် ထိုဘေးထွက် ဆိုးကျိုးကို လျှော့ချနိုင်သည်။

· အင်ဆူလင်ဟော်မုန်း အလုပ် မလုပ်တော့ခြင်း

အင်ဆူလင်ဟော်မုန်း အလုပ် မလုပ်တော့ခြင်းကြောင့် သွေးတွင်း သကြားဓါတ် မြင့်မားကာ ဆီးချို ဖြစ်စေနိုင်သည်။ ၎င်းကို လျှော့ချနိုင်ရန် စားသောက်နေထိုင်မှု မှန်ကန်ရမည်။ ဆီးချိုကျဆေး သောက်ရန်လည်း လိုအပ်သည်။

· သွေးတွင်း အဆီဓါတ် မမျှတခြင်း

သွေးထဲတွင် ကိုလက်စထရောနှင့် Triglycerides (မကောင်းသော အဆီဓါတ်) များ တက်လာနိင်သည်။ ဆရာဝန် ညွှန်ကြားသော အဆီကျဆေးနှင့် အဆီနည်းသော အစားအစာများကို မှီဝဲပါ။

· လက်တစ်အက်ဆစ်ဓါတ် များခြင်း

ဆဲလ်များ၏ စွန့်ပစ်ပစ္စည်းများ ဖြစ်သော Lactateinသည် လက်တစ်အက်ဆစ်ကို များစေသည်။

အစားအသောက် ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းနှင့် အသည်း အလုပ် မလုပ်တော့ခြင်းတို့ ခံစားရနိုင်သည်။

ထိုသို့ဖြစ်ပေါ်ပါက ဆရာဝန်ထံ ချက်ခြင်းသွားပြပါ။ ဆရာဝန်က လိုအပ်သော စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လိမ့်မည်။

အသည်းပျက်စီးခြင်း၏ လက္ခဏာများမှာ

အစာအိမ်အောင့်ခြင်း၊ ဆီးအရောင် မည်းမည်း သွားခြင်း၊ အသားဝါခြင်းနှင့် ဝမ်း အရောင် ဖျော့ဖျော့ သွားခြင်းတို့ ဖြစ်သည်။)

ART ဆေးများသည် HIV ရောဂါ ကူးစက်မှုကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ သို့သော် ဝေဒနာရှင်များ ပိုမို ကျန်းမာစွာ ရှင်သန်နေထိုင် သွားနိုင်ရန် အထောက်အကူ ပေးသကဲ့သို့ လိင်မှတဆင့် HIV ရောဂါ ကူးစက်မှုနှုန်းကိုလည်း လျော့ကျစေသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    Body piercing လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

    Body piercing နားဖောက် ပိုးသတ်သန့်စင် တစ်ခါသုံးပစ္စည်း အသည်းရောင် အသားဝါ Bပိုး အသည်းရောင်အသားဝါ C ပိုး HIV မေးခိုင်ပိုး ပြည်တည် အနာမကျက် အနာပိုးဝင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    အမျိုးသား တွေကို အသေအပျောက်များစေတဲ့ ရောဂါများ

    အမျိုးသား အမျိုးသားကျန်းမာရေး အဖြစ်များတဲ့ရောဂါ ဆေးလိပ်သောက် အရက်သောက် မူးယစ်ဆေးသုံး နှလုံးရောဂါ အဆုတ်ရောဂါ အဆုတ်ကင်ဆာ အသည်းခြောက် AIDS လိင်တူဆက်ဆံ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    လိင်ဆက်ဆံခြင်းမှ HIV ပိုး ကူးစက်မခံရစေဖို့

    လိင်ဆက်ဆံ HIV ကူးစက်ရောဂါ လိင်မှုကိစ္စ ကာမ သုက်လွှတ် ထောင်မတ်ခြင်း လိင်တံ ကွန်ဒုံး ကာကွယ်ဆေး သုက်ရည် ချောဆီ ထိုးသွင်းဆက်ဆံ ကိုယ်ဝန် မိန်းမကိုယ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

    Sex education လိင်ပညာပေး relationships မျိုးပွားခြင်း သန္ဓေတားနည်း ကွန်ဒုံး HIV ရာသီလာ ကိုယ်ဝန် အိမ်တွင်းအကြမ်းဖက်မှု လိင်မှတစ်ဆင့်ကူးစက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    သင့်အတွက် ရွေးချယ်ထားသည်

    ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

    ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
    ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

    ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2020 . 3 mins read
    HIV ဆိုတာ ကြောက်ဖို့ ကောင်းနေသေးတာလား

    HIV ဆိုတာ ကြောက်ဖို့ ကောင်းနေသေးတာလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2020 . 3 mins read
    ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

    ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 19, 2020 . 3 mins read