backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သိထားသင့်သော သန္ဓေတားနည်း အသစ်၄မျိုး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သိထားသင့်သော သန္ဓေတားနည်း အသစ်၄မျိုး

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကလေးယူဖို့ အစီအစဉ် မရှိသေးတဲ့ မိန်းမတွေနဲ့၊ ယောက်ျားတွေအတွက် သန္ဓေတားနည်းတွေလည်း အများအပြား ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဓိကအားဖြင့် မိန်းမများသာ အသုံးပြုနေတဲ့ ယခင် သန္ဓေတားဆေးတွေနဲ့ မတူတာက ဒီလို သန္ဓေတားနည်း အသစ်တွေဟာ အမျိုးသားများ အတွက်ပါ ထုတ်လုပ်ထားခြင်း ဖြစ်လို့ပါ။

၁။ မိန်းမများ အသုံးပြုနိုင်သော ကွန်ဒုံး

မိန်းမသုံး ကွန်ဒုံး ဆိုတာ ပေါ်ပေါက်ခဲ့တာ အချိန်အနည်းငယ် ကြာခဲ့ပြီးဖြစ်ပေမယ့် ယောက်ျားသုံး ကွန်ဒုံးတွေထက်စာရင် အသုံးပြုမှု နည်းနေတာ တွေ့ရပါတယ်။

မိန်းမသုံး ကွန်ဒုံးတွေဟာ ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အလွန်ပါးလွှာပြီး ကျုံ့နိုင် ဆန့်နိုင်စွမ်းလည်း ရှိပါတယ်။ ယောက်ျား တစ်ယောက်နဲ့ လိင်မဆက်ဆံခင်မှာ ကွန်ဒုံးရဲ့ အစိတ်အပိုင်း တစ်ခုကို သုတ်ကောင်တွေ သားအိမ်ထဲ မဝင်အောင် အတားအဆီးဖြစ်ဖို့ မိန်းမကိုယ် လမ်းကြောင်းထဲ ထည့်ရပါတယ်။ ကလေး မရအောင်တားတဲ့ နည်းအနေနဲ့ အသုံးပြုနိုင်ခြင်း အပြင် ယောက်ျားသုံး ကွန်ဒုံးလိုပဲ မိန်းမသုံး ကွန်ဒုံးများဟာ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်တဲ့ ရောဂါများ နဲ့ HIV ကူးစက်နိုင်တာကို လျော့နည်းစေနိုင်ပါတယ်။

မိန်းမသုံး ကွန်ဒုံးဟာ အသုံးပြုပြီးရင် ဖယ်ရှားလို့ရပါတယ်။ တစ်ခါသုံးဖြစ်တဲ့အတွက် တစ်ကြိမ်အသုံးပြုပြီးပါက သေသေချာချာ စွန့်ပစ်ဖို့ လိုအပ်ပါတယ်။

၂။ Vasalgel

Vasalgel ဆိုတာ ဟော်မုန်းနဲ့ မဆိုင်တဲ့ Parsemus ဆိုတဲ့ ဖောင်ဒေးရှင်း အဖွဲ့တစ်ဖွဲ့က လတ်တလော ရှာဖွေတွေ့ရှိ တီထွင်ထားတဲ့ ယောက်ျားသုံး သန္ဓေတားနည်း တစ်ခု ဖြစ်ပါတယ်။ Parsemus ဖောင်ဒေးရှင်းဟာ ကွန်ဒုံးတီထွင် ပြီးကတည်းက ပထမဦးဆုံး အမျိုးသားတွေ အသုံးပြုနိုင်တဲ့ သန္ဓေတားနည်းကို လက်ခံ အတည်ပြုခဲ့တဲ့ FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး) ဖြစ်ပါတယ်။

Vasalgel ဆိုတာ polymer (ပေါ်လီမာ) တစ်ခုဖြစ်ပြီး vasalgel ဆေးကို ယောက်ျားလေးမှာ ရှိတဲ့ ကပ်ပယ်အိတ် မှတဆင့် သုတ်ကောင်သယ်တဲ့ ပြွန်ထဲကို ထိုးထည့်ရပါတယ်။ လူတွေ ပြောနေကြသလို လိင်တံ၊ ဝှေးစေ့တွေထဲကို ထိုးရတာ မဟုတ်ပါဘူး။ ထိုးပြီးတာနဲ့ vasalgel ဟာ သုတ်ကောင်တွေကို ပိတ်ဆို့စေခြင်းဖြင့် သုတ်ကောင်တွေ ထွက်မလာအောင် တားမြစ်ပေးပါတယ်။ ဒါပေမယ့် တခြား အရည်တွေကတော့ ဖြတ်လို့ရပါတယ်။

ခန္ဓါကိုယ်ထဲ ဝင်ပြီးချိန်မှာ vasalgel ဟာ သုတ်ကောင်တွေ ထွက်မလာအောင် စတင်တားပြီး vasalgel ထိုးပြီးမှ ကလေးလိုချင်ရင်တော့ နောက်တစ်ကြိမ် (ဒုတိယအကြိမ်) ဆေးထိုးနိုင်ပါတယ်။ ဒုတိယအကြိမ် ထိုးခြင်းက ပထမ ဆေးအာနိသင်ကို ပျက်ပြယ်စေနိုင်လို့ပါ။

၃။ Gendarussa

Gendarussa ဆိုတာကတော့ vassalgel မသုံးချင်ရင် သုံးနိုင်တဲ့ တခြားနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ gendarussa ဆိုတာ ဟော်မုန်းနဲ့ မဆိုင်တဲ့ သန္ဓေတားနည်း တစ်မျိုးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ လူသားများဖြင့် စမ်းသပ်ခြင်း အဆင့် ၂ ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။

Gendarussa ဟာ သီးသန့် သေသေချာချာ ဓါတုနည်းပညာတွေနဲ့ ဆေးတောင့်ပုံစံ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ gendarussa ဆေးဟာ သုတ်ကောင်ရဲ့ ခေါင်းပိုင်းမှာရှိတဲ့ enzyme (အင်ဇိုင်း) တွေကို ဖျက်ဆီးနိုင်ပါတယ်။ အဲဒီလို ဖျက်ဆီးလိုက်ခြင်းက သုတ်ကောင်တွေကို မိန်းမမျိုးဥထဲ မဖောက်နိုင်တော့အောင် လုပ်ပေးပါတယ်။ တခြားနည်းနဲ့ ပြောရမယ်ဆိုရင်တော့ သုတ်ကောင်နဲ့ မမျိုးဥလေးတွေပေါင်းပြီး သန္ဓေအောင်တာကို တားလိုက်တဲ့သဘော ဖြစ်ပါတယ်။

၄။ Clean Sheets Pill (သန္ဓေတားရန် အတွက် ယောက်ျားလေးများ အသုံးပြုနိုင်သော ဆေးလုံး)

အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ ဆေးပညာ ထောက်ခံချက် ရထားပြီးဖြစ်လို့ ပထမဆုံး ရွေးချယ်သင့်တာတွေ ဖြစ်ပေမယ့် တခြား clean sheets pill လိုမျိုး ရွေးချယ်စရာတွေလည်း ရှိပါတယ်။ clean Sheets pill ဟာ သုတ်ရည်ထွက်ခြင်းကို တားဆီးပေးပြီး လိင်ခံစားမှု အထွတ်အထိပ် ရောက်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Clean sheets pill ဟာ အခု လက်ရှိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာ ထုတ်လုပ် တီထွင်နေဆဲ ဖြစ်ပါတယ်။ ဇီဝ နည်းပညာတွေနဲ့ ပြုလုပ်တဲ့အတွက် သုတေသနပညာရှင်များ တီထွင်ဆဲဖြစ်ပါတယ်။

ဒီလို သန္ဓေတားနည်း အသစ်တွေသာ အပြီးသတ် လုပ်ဆောင်ပြီး လူတွေအတွက် ဆိုးကျိုးမရှိနိုင်ဘဲ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်တယ်ဆိုရင် မိန်းမတွေရော ယောက်ျားတွေ အတွက်ပါ မလိုချင်ဘဲ ကိုယ်ဝန်ရခြင်း၊ ကလေးရခြင်း ဆိုတဲ့ ကြောက်လန့်မှုတွေကနေ လွတ်မြောက်နိုင်စေမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement