backup og meta

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ပြုသင့်မပြုသင့်နှင့်ပတ်သက်၍ သိကောင်းစရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 29/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ပြုသင့်မပြုသင့်နှင့်ပတ်သက်၍ သိကောင်းစရာများ

    ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတွေ တန်ဖိုးထားသင့်တဲ့ အံ့သြဖွယ် အတွေ့အကြုံ ဖြစ်ပါတယ်။ ဒါပေမယ့် စုံတွဲများ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ကို ရှောင်ရှားဖို့ အကြောင်းရင်း ဖြစ်လာသင့် ပါသလား? အချို့အချို့သော အခြေအနေများမှာ မိခင်နှင့် သူမ၏ ကလေး နှစ်ဦးစလုံး၏ လုံခြုံရေးအတွက် လိင်ဆက်ဆံမှု အကြိမ်ရေများနှင့်လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ကိုယ်ဟန်အနေအထားတွေကို ပြုပြင်ဖို့ လိုသော်လည်း ကိုယ်ဝန်ဆောင်စဉ်အတွင်း လိင်ကိစ္စကို လုံးဝ တားမြစ်ထားခြင်း မရှိပါဘူး

    လိင်ဆက်ဆံခြင်းက ကိုယ်ဝန်ပျက်ကျစေပါသလား?

    အများစုသော ကျန်းမာတဲ့ ပုံမှန်ကိုယ်ဝန်များမှာ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေက အန္တရာယ် မရှိပါဘူး။ အော်ဂဇင်ခေါ် စိတ်ကျေနပ်မှု ရနေစဉ်အတွင်း သင့်ရဲ့ သားအိမ်က တစ်နာရီလောက်ထိ အားကောင်းစွာ ကျုံ့နေတယ် ဆိုတာ မှန်ပါတယ်။ အထွတ်အထိပ် ရောက်ချိန်ကလည်း သိသိသာသာ ပြင်းထန်နိုင်ပါတယ်။ ကံကောင်းတာက ဤကျုံ့ညှစ်ခြင်းက သင့်ရဲ့ ကလေးကို မထိခိုက်နိုင် ပါဘူး။

    သင့်ကိုယ်ဝန်ရဲ့ နောက်ဆုံး သုံးလပတ်မှာ မဟုတ်လျှင် orgasm က လမစေ့ဘဲ ကလေး မွေးစေတာမျိုး မဖြစ်ပေါ်ပါဘူး။ ထို့ပြင်များစွာသောသိပ္ပံပညာရှင်တွေက အမေတွေ အတွက် လမစေ့ဘဲ မွေးဖွားမှု အန္တရာယ်များကို ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု က လျှော့ချနိုင်ပေးတယ်ဆိုတာ သက်သေပြနိုင်ကြပါပြီ။ ဒါ့ကြောင့် သင်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရပ်တန့်ပြီး သင့်အိမ်ထောင်ဘက်နဲ့ ရင်ခုန်စရာ ညဉ့်အခါ စတင်နိုင်ပါပြီ။

    ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု က ကလေးကို ထိခိုက်စေပါသလား ?

    လုံးဝ မထိခိုက်နိုင်ပါဘူး။ သင်နှင့် သင့်အိမ်ထောင်ဖက် လိင်ဆက်ဆံကြတဲ့အခါ ကလေးက သင့်ရဲ့ ရေမြွှာအိတ်ထဲမှာ လုံခြုံစိတ်ချစွာ ခွေနေဆဲဖြစ်ပါတယ် ။ သားအိမ်ခေါင်းအတွင်း ချွဲတွေက သင့်အချင်းနှင့် သားအိမ်ကို သင့်လက်တွဲဖော်ရဲ့လိင်တံ အပါအဝင် ပြင်ပတွင် အရာများမှသီးခြား ဖြစ်အောင် စောင့်ရှောက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဘယ်လိင်တံကမှ နီးနီးကပ်ကပ် ရောက်ပြီး သန္ဓေသားကို ထိခိုက်စေလောက်အောင် မကြီးမားနိုင်ပါဘူး။

    ကိုယ်ဝန်ဆောင်စဉ်အတွင်း အကောင်းဆုံးလိင်ပိုင်းဆိုင်ရာ ကိုယ်ဟန်အနေအထားတွေက ဘာတွေလဲ?

    မိခင်လောင်း အနေနဲ့ အဆင်ပြေ သက်တောင့်သက်သာ ခံစားရတဲ့ အများစုသော လိင်ပိုင်းဆိုင်ရာ ကိုယ်ဟန်တွေက လုံခြုံကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကြာလာတာနှင့်အမျှ ကိုယ်ဟန်အနေအထားတွေကတော့ ပြောင်းလဲပစ်ရန် လိုအပ်နိုင်ပါတယ်။ သင်နှင့်သင့်အိမ်ထောင်ဘက် အနေနဲ့ ၂ ယောက် အနေအထားချင်းလဲ ဆက်ဆံတာ သို့မဟုတ် ဘယ်အနေအထားမျိုးနဲ့ အကောင်းဆုံး ခံစားမှုပေးနိုင်တယ်ဆိုတာ သိနိုင်အောင် ရှာဖွေ ဖန်တီးနိုင်ပါတယ်။ သင်တို့ နှစ်ဦးစလုံး အဆင်ပြေနေသမျှ ကာလပတ်လုံး ဒီလိုမျိုး ဖန်တီးလုပ်ဆောင်သွားနိုင်ပါတယ်။

    ဘယ်ကိစ္စတွေမှာ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ကို ရပ်တန့်သင့်သလဲ?

    ကိုယ်ဝန်ဆောင်သော အမျိုးသမီးမှာ အောက်ပါ အခြေအနေတွေရှိရင် လိင်ဆက်ဆံမှု မလုပ်သင့်ပါဘူး :

    – သူမအနေနဲ့ လမစေ့ပဲမွေးမယ့် အရိပ်လက္ခဏာရှိရင် သို့မဟုတ် လမစေ့ပဲမွေးဖူးတဲ့ ရာဇဝင်ရှိဖူးရင်

    – သူမက အကယ်လို့ သားအိမ်ခေါင်းကျဉ်းတာ သို့မဟုတ်အချင်းရှေ့ရောက် ရောဂါရှိနေရင်

    – ပုံမှန်အသွေးအစက်အပြောက်ကျနေတာ သို့မဟုတ် အင်္ဂါဇာတ်သွေးထွက်တာမျိုး သတိပြုမိရင်

    ကိုယ်ဝန်ပျက်ကျဖူးတဲ့ ရာဇဝင် ရှိရင် လိင်ဆက်ဆံမှုမလုပ်သင့်ပါ

    ကိုယ်ဝန်ဆောင်စဉ် အတွင်းလိင်ဆက်ဆံရင် မိခင်နှင့် ကလေးနှစ်ဦးစလုံး ထိခိုက်မှု ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ပါ။ ဒါဟာ သင်နှင့်သင့်အဖော်အတွက် ရင်ခုန်စရာ အမှတ်ရစရာ အတွေ့အကြုံ ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ လက်ရှိဖြစ်နေတဲ့ ပြဿနာ သို့မဟုတ် အခြားစိုးရိမ်ပူပန်မှုများ ရှိပါက သင့် ဆရာဝန်ကို အကြောင်းကြားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 29/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement