အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းများ
ဘဝမှာ တစ်ချို့သော အရာတွေက အရမ်းများနေရင်လည်း ကျွန်တော်တို့အတွက် မကောင်းသလို အရမ်းနည်းနေရင်လည်း ကျွန်တော်တို့အတွက် မကောင်းပါဘူး။ ဒီအရာထဲက တစ်ခုကတော့ အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်စွမ်းပါ။ မိမိရဲ့ အဖော်ဖြစ်သူနဲ့ ကလေးမလိုချင်တော့လို့ သန္ဓေတားနည်းတွေကို အမြဲတမ်း သုံးနေရတဲ့ အမျိုးသားတွေက ဒီဒုက္ခကိုသိမှာ ဖြစ်သလို မိမိရဲ့ အဖော်ဖြစ်သူနဲ့ ကလေးလိုချင်ပေမဲ့ သန္ဓေမအောင်လို့ လက်မှိုင်ချနေရတဲ့ သူတွေကလည်း ဒီအရာရဲ့ အရေးကြီးပုံကို ကောင်းကောင်းသိကြမှာပါ။ ဒါ့အပြင် ဒီနေ့ခေတ်ကြီးဟာ အရင်ခေတ်ကလို ကလေး ၇ ယောက် ၈ ယောက် ယူကြတော့တဲ့ ခေတ်မဟုတ်တာကြောင့် သန္ဓေအောင်နိုင်စွမ်း ကလည်းများလေ၊ ကောင်းလေ လို့ ယူဆလို့မရတော့ပါဘူး။ ကလေးလိုချင်ပေမဲ့ သန္ဓေမအောင်လို့ ကလေးမရနိုင်သူတွေအတွက်ကျတော့လည်း ဒီအရာကအရမ်းအရေးကြီးပါတယ်။ ဒါဖြင့်ရင် လူလောက မျိုးပွားဖို့အတွက် အရမ်း အဓိကကျတဲ့ အမျိုးသားတွေရဲ့ သန္ဓေအောင်ခြင်း အကြောင်းကို တစ်ချက်လောက် လေ့လာကြည့်ကြရအောင်။