အသက် ၄၀အောက်မှာ ဖြစ်တတ်ပါတယ်။ နှစ်စဉ် လူ၂သန်းခန့် အနည်းဆုံး ဖြစ်ပွားတတ်ပါတယ်။
ကျောင်း၊ အကျဉ်းထောင်၊ စုဝေးနေထိုင်ကြတဲအိမ် စတဲ့လူထူတဲ့နေရာတွေမှာ နေသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူအများဟာ ဖြစ်နိုင်ခြေအချက်တွေ မတွေ့ရဘဲလည်း ရောဂါတွေ့ရတတ်ပါတယ်။
Legionella အဆုတ်ရောင်ခြင်း
လီဂျင်နဲရောဂါလို့လည်း ခေါ်ကြပါတယ်။ ရောဂါပိုးပါတဲ့ရေငွေ့ကို ရှူမိရင် ဖြစ်တတ်ပါတယ်။ ဒီရောဂါပိုးကို အဆောက်အဦတွေရဲ့ ရေပေးဝေရေးစနစ်တွေထဲမှာ တွေ့ရတတ်ပါတယ်။ တခြားအမျိုးအစားထက် ပိုဆိုးတတ်ပါတယ်။
တနေရာထဲက လူ၂ယောက် ပုံစံတူဖြစ်ရင် ဒီရောဂါပြန့်နှံ့မှုကြောင့် ဖြစ်တတ်ပါတယ်။ ဒေသန္တရ ကျန်းမာရေးဌာနတွေက ဖြစ်ပါားနိုင်ခြေရှိရင် စစ်ဆေးပါလိမ့်မယ်။
ဒီရောဂါပိုးကို ထိတွေ့သူမှန်သမျှ ဖြစ်ပွားတာတော့ မဟုတ်ပါဘူး။ Pontiac ဖျားခြင်းဟာ ဒီရောဂါပိုးကြောင့် ဖြစ်ပါားတတ်တဲ့ အဆုတ်ရောင်ခြင်းလောက် မပြင်းထန်တဲ့ အခြေအနေဖြစ်ပါတယ်။ Pontiac အဖျားရှိရင် အဆုတ်မရောင်ပါဘူး။ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲနေခြင်း ရှိတတ်ပါတယ်။ ဒီရောဂါပိုးကို ထိတွေ့မှုဖြစ်တယ်ထင်ရင် ဆရာဝန်ပြပါ။
Chlamydophila အဆုတ်ရောင်ခြင်း
ဒီရောဂါဟာ တနှစ်ပတ်လုံး ဘယ်အချိန်မှာမဆို ဖြစ်တတ်ပါတယ်။ ရောဂါအခြေအနေ သိပ်မပြင်းထန်ပါဘူး။
ကျောင်းနေအရွယ်ကလေးတွေမြှ ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ ၅၀%လောက်ဟာ အသက်၂၀မှာ ဒီရောဂါဖြစ်ဖူးခဲ့ကြပါတယ်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
- ဆေးလိပ်သောက်ခြင်း
- အသက်အရွယ်ကြီးခြင်း
- ကိုယ်ခံအားနည်းခြင်း
- အခြား နာတာရှည်ရောဂါများ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ ဓါတ်မှန်ရိုက်ပါလိမ့်မယ်။ ရင်ဘတ်ဓါတ်မှန်ဟာ အဆုတ်ရောင်ခြင်းနဲ့ တခြား အသက်ရှူလမ်းကြောင်း ပြသနာတွေကို ခွဲခြားနိုင်ပါတယ်။
လက္ခဏာတွေပေါ် မူတည်ပြီး တခြားစစ်ဆေးမှုတွေ လိုအပ်ပါတယ်။ အောက်ပါစစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။
- အဆုတ်မှထွက်သော အချွဲတွင် ပိုးမွေးကြည့်ခြင်း
- သလိပ်ကိုဆေးဆိုး၍ စစ်ဆေးခြင်း
- လည်ချောင်းသလိပ်ယူခြင်း
- သွေးစစ်ခြင်း
- ခုခံပစ္စည်းကို သွေးထဲမှ စစ်ဆေးခြင်း
သွေးမှပိုးမွေးစစ်ဆေးခြင်း
Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ရောဂါပိုးအပေါ် မူတည်ပြီး ကုသပါလိမ့်မယ်။ သိပ်မပြင်းထန်ရင် ပဋိဇီဝဆေးကို သောက်ဆေး ပေးပါလိမ့်မယ်။ ပိုဆိုးရင် ဆေးသွင်းပါလိမ့်မယ်။ ပဋိဇီဝဆေးတွေကို အနည်းဆုံး ၂ပတ် သောက်သုံးရနိုင်ပါတယ်။ နေကောင်းတယ်ထင်ရင်တောင် ဆေးအားလုံးကို ကုန်အောင်သောက်ပါ။ ဆေးကိုရပ်တာမြန်ရင် ပြန်ဖြစ်တဲ့အခါ ကုရပိုခက်သွားပါတယ်။
ပိုပြီးဆိုးရားတဲ့လူနာတချို့ဟာ အောက်ဆီဂျင်ရှူဖို့ လိုအပ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပုံစံကွဲအဆုတ်ရောင်ခြင်းအတွက် အထောက်အကူ ပြုသလဲ
အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။
- ဖျားနာတဲ့အခါ အဖျားကျဆေးတွေသောက်ပါ။ ကလေးတွေကို အက်စ်ပရင် မတိုက်ပါနဲ့။
- ဆရာဝန်မပြဘဲ ချောင်းဆိုးပျောက်ဆေးတွေ မသောက်ပါနဲ့။ သလိပ်ရယူဖို့ ခက်ခဲတတ်ပါတယ်။
- ချွဲပျော်ပြီး သလိပ်ခတ်နိုင်အောင် အရည်များများ သောက်ပါ။
- များများ အနားယူပါ။ ကူဖော်လောင်ဖက်ခေါ်ထားပါ။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။