တစ်ခါတစ်လေ ရက်ရှည်ကြာအောင် အပြင်းဖျားပြီး ပြန်နလန်ထူတဲ့ အချိန်မှာ ချောင်းနည်းနည်းဆိုးနေသေးတာ သတိထားမိမှာပါ။ အအေးမိတုပ်ကွေးဖျားနာဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးက ကိုယ်ခန္ဓာထဲကို ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်ကို ဒီဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ဖို့ အပြင်းအထန်အလုပ်လုပ်ရပါတယ်။ ဒါကို အချက်ပြဖို့အတွက် ချောင်းဆိုးချင်လာအောင် ကိုယ်ခံအားစနစ်က လှုံ့ဆော်ပေးရပါတယ်။ အဲ့တော့ အဖျားပျောက်သွားတဲ့တိုင်အောင် ခန္ဓာကိုယ်က လက်ကျန် ရောဂါပိုးတွေကို ရှင်းထုတ်နေရတဲ့အတွက် ချောင်းဆိုးတာ၊ နှာရည်ယို၊ နှာပိတ်တာ အစရှိတဲ့ လက္ခဏာတွေကို ရက်သတ္တပတ် အနည်းငယ်ထိ ပြနေနိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ ချွဲသလိပ်မပါတဲ့ ချောင်းအခြောက်ဆိုးတာ ပိုအဖြစ်များပါတယ်။