နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 9, 2020 . 2 mins read
Share now

နှာရည်ယို၊ နှာပိတ်တဲ့ ရောဂါလက္ခဏာကို ဖျားနာနေတဲ့ အချိန်၊ ဓာတ်မတည့်ဖြစ်တဲ့ အချိန်မှာ အများဆုံး တွေ့ရပါတယ်။ နှာရည်က တောက်တောက်ကျလို့ ခဏခဏ တစ်သျှူးထယူပြီး နှပ်ညှစ်ရတာ၊ နှာခေါင်းက ပိတ်နေတော့ ပါးစပ်ကနေ အသက်ရှူရတာ၊ အသက်ရှူမဝတာ စတဲ့ ပြဿနာတွေဟာ ပြင်းထန်နေခြင်း မရှိတဲ့တိုင်အောင် ခံစားရတဲ့သူအတွက်တော့ မသက်သာလှပါဘူး။ ဒီဆောင်းပါးမှာတော့ နှာရည်ယို၊ နှာပိတ်တာအတွက် အိမ်မှာပဲ အလွယ်တကူ ပျောက်ကင်းအောင် ကုသလို့ ရမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

၁။ ရေများများ သောက်ပေးပါ။

နှာစေး နှာပိတ်နေတဲ့အချိန်ဆိုရင် လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ဖျားနာတဲ့ လက္ခဏာတွေပါ တွဲလျက် တွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေဓာတ်က ပုံမှန်ထက် ကုန်ဆုံးမှုနှုန်း မြန်နေမှာပါ။ ဒါကြောင့် ရေကို များများ သောက်ပေးဖို့ လိုပါတယ်။ ရေသောက်မှပဲ လည်ချောင်း၊ နှာခေါင်းနဲ့ ပါးစပ်က စိုစွတ်နေပြီး ရောဂါပိုးတွေ ကပ်ငြိခြင်းကနေ ကင်းဝေးမှာပါ။

၂။ ရေနွေးငွေ့ကို ရှူရှိုက်ပေးပါ။

တည်ပြီးကာစ ရေနွေးအိုးကို အဖုံးဖွင့်ပြီး ထွက်လာတဲ့ ရေနွေးငွေ့ကို အပေါ်က နှာခေါင်းတည့်တည့် ထားပြီး ရှူရှိုက်ပေးပါ။ ဒီနည်းလမ်းက နှာခေါင်းပိတ်နေတဲ့သူတွေအတွက် အရမ်း အဆင်ပြေပါတယ်။ ရေနွေးငွေ့ရဲ့ အပူချိန်ဟာ ပိတ်နေတဲ့ နှာခေါင်းပေါက်ကို ပိတ်သွားစေပြီး နှာရည်ပုံမှန် ပြန်ထွက်လာအောင် ကူညီပေးပါတယ်။ နှာစေးနေသူတွေဆိုရင်လည်း နှာရည်နဲ့အတူ အထဲမှာ ကျန်နေတဲ့ ဘက်တီးရီးယားပိုးတွေ အပြင်ကို မြန်မြန်ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။

၃။ ကြက်စွပ်ပြုတ် ပူပူလေး သောက်ပေးပါ။

နေမကောင်းတဲ့သူတွေအတွက်သာမက နှာစေး၊ နှာပိတ် ဖြစ်နေတဲ့သူတွေအတွက်လည်း အကျိုးကျေးဇူး များစွာရစေနိုင်ပါတယ်။ ကြက်စွပ်ပြုတ်မှာ ပါတဲ့ အာဟာရဓာတ်တွေကြောင့် ခန္ဓာကိုယ်က လန်းလန်းဆန်းဆန်း ဖြစ်လာပြီး မြန်မြန်နေကောင်း သက်သာအောင် ကူညီပေးတယ်။ စွပ်ပြုတ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲက ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ပူပူလေး သောက်ရတာ ဖြစ်တဲ့အတွက် အခိုးအငွေ့များကို ရှူရှိုက်ခြင်းဖြင့်လည်း နှာစေး နှာပိတ်တာကို သက်သာစေနိုင်ပါတယ်။ ကြက်စွပ်ပြုတ်အစား ချင်းပြုတ်ရည်၊ ရေနွေးကြမ်း ပူပူလေး သောက်တာမျိုးလည်း ရပါတယ်။

၄။ ရေနွေးအိတ်၊ ရေခဲအိတ် တစ်လှည့်စီ ကပ်ပေးပါ။

အရင်ဆုံး ပက်လက်လှန် အိပ်နေပါ။ ရေနွေးအိတ်ကို မျက်နှာသုတ်ပဝါနဲ့ ပတ်ပြီး နှာခေါင်း၊ ပါးပြင်၊ နှာဖူးပေါ် ၃ မိနစ်ဆီ အလှည့်ကျ ကပ်ပေးပါ။ ပြီးသွားရင် ရေခဲအိတ်နဲ့ စက္ကန့် ၃၀ လောက် ပြန်ကပ်ပါ။ တစ်နေ့ကို ၃ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။

၅။ လေထု အစိုဓာတ်ထိန်းစက် (Humidifier) တပ်ပေးပါ။

လေက ခြောက်ခြောက်သွေ့သွေ့ကြီး မဟုတ်ဘဲ ရေအမှုန်အမွှားများနဲ့ စိုစွတ်နေတဲ့အခါ နှာစေး နှာပိတ်တာ၊ လည်ချောင်းခြောက်တာတွေကို သက်သာစေပြီး နှာခေါင်းလမ်းကြောင်းကို ချောမွေ့သွားစေလို့ အသက်ရှူရတာလည်း အဆင်ပြေသွားမှာပါ။ ဒါ့အပြင် လေထုကို သန့်စင်ပေးတာဖြစ်တဲ့အတွက် အပြင်ကနေ ဖုန်နဲ့ ရောဂါပိုးမွှားတွေ ဝင်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ရိုးရိုး နှာစေး၊ နှာပိတ် လက္ခဏာတွေကို အမြန်ဆုံး သက်သာပျောက်ကင်းသွားစေဖို့ ခုပြောပြခဲ့တဲ့ နည်းလမ်း (၅) ချက်ကို အိမ်မှာပဲ အလွယ်တကူ လုပ်ကြည့်နိုင်ပါတယ်။ အကယ်လို့ ရောဂါလက္ခဏာက ၁၀ ရက်လောက်ထိမှ မသက်သာသေးတာ၊ အဖျားတက်တာ၊ အမြင်အာရုံမှာ ပြောင်းလဲမှုတွေ ဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်တာ အကောင်းဆုံး ဖြစ်မှာပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီ်မှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အော်ရင်းဟစ်ရင်း အသံဝင် သွားခဲ့သည်ရှိသော်

အော်ရင်းဟစ်ရင်း အသံဝင် သွားတယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ အသံပြာသွားတာ၊ အသံဝင် သွားတာကို Hoarseness လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သတိ ကိုဗစ်ရှိသေးသည်

လက်ရှိမှာ COVID-19 ရောဂါအပေါ် အာရုံစူးစိုက်မှုက အတန်ငယ်လျော့ကျလာသယောင် ရှိနေပါတယ်။ တကယ်တော့ ကပ်ဘေးဟာ မပြီးသေးသလို ‘ ကိုဗစ်ရှိသေးသည် ’ လို့ ဆိုရဦးမှာပါ။

ရေးသားသူ Ye Zon Aung

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား။ ဒါကဘာကြောင့်လဲဆိုတာကို သေသေချာချာ သိပြီးရဲ့လား မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုနေထိုင် စားသောက်ရမလဲ။ ဘာတွေကို ဂရုစိုက်ရမလဲ သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read