ချောင်းစိုဆိုးခြင်း
ဘယ်ရောဂါတွေမှာ တွေ့ရမလဲ။
- လေပြွန်ရောင်ရမ်းတာ
- အဆုတ်ရောင်တာ
- တီဘီရောဂါ
- အဆုတ်ကင်ဆာ
- ဆေးလိပ်သောက်တာ
- နာတာရှည် လေပြွန်ကျဉ်းရောဂါ
- လေပြွန်မှာ ပြည်တည်တာ
- Cystic fibrosis
- ရှားရှားပါးပါး အအေးမိ၊ တုပ်ကွေးမှာ နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်လာခဲ့ရင်လည်း သလိပ်ထွက်နိုင်ပါတယ်။
သလိပ်ထွက်တယ်ဆိုတဲ့နေရာမှာလည်း ရောဂါပေါ်မူတည်ပြီး သလိပ်အရောင်တွေ မတူတာကို တွေ့ရပါတယ်။
အိမ်မှာ ဘာတွေ လုပ်နိုင်လဲ။
- ရေများများသောက်ပါ။
- ရေနွေးငွေ့ရှူပါ။
- ချွဲပျော်ဆေးသောက်ပါ။ ( ချောင်းဆိုးပျောက်ဆေး မသောက်ပါနဲ့။ ချောင်းဆိုးပျောက်ဆေးရဲ့ သဘောတရားက ဦးနှောက်ကနေ ချောင်းဆိုးခိုင်းတဲ့ လမ်းကြောင်းကို ပိတ်လိုက်တာပါ။ သလိပ်တွေ အဆုတ်ထဲမှာ ရှိနေတဲ့ အခြေအနေမှာ ချောင်းမဆိုးနိုင်ရင် သလိပ်တွေ အောင်းပြီး ပိုဆိုးလာပါလိမ့်မယ်။)
- ဆေးလိပ်ဖြတ်ပါ။
- ဆရာဝန်နဲ့ ပြဖြစ်အောင်ပြပါ။ ဖြစ်စေတဲ့ ရောဂါတွေကို ကြည့်မယ်ဆိုရင် ရောဂါအကြီးတွေ များတဲ့အတွက် သေချာကုသမှု ခံယူသင့်ပါတယ်။ ချောင်းဆိုးပျောက်ရုံနဲ့ မရပါဘူး။
တကယ်တော့ ချောင်းဆိုးတယ်ဆိုတာ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ သာမန်လည်း ဖြစ်နိုင်သလို သူ့နောက်မှာ ရောဂါတစ်ခုခု ရှိနေနိုင်ပါတယ်။ ဒါကို ကုရမှာပါ။ ချောင်းဆိုးတာကို ကုရုံနဲ့ ရောဂါမပျောက်ဘူးဆိုတာ သိထားရပါမယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။